KNG News, 24September 2013 —- ကချင်ပြည်နယ်
တရုတ်နယ်စပ်လိုင်ဇာမြို့ပတ်ဝန်းကျင်အနီးရှိ ဒုက္ခသည်စခန်းများကို စက်တင်ဘာလ
အတွင်း တတိယကြိမ် မြောက်အကူညီပေးရန် မြစ်ကြီးနားမှ ပစ္စည်းများတင်ဆောင်
လာသောသော ကုလအကူညီပေးအဖွဲ့၏ ကားတန်းသည် ဂန်ဒေါင်ယန် (Gangdau Yang)နှင့်
အင်ပေါန် (N’Pawn) ကြား မြေပြိုမှုကြောင့် ခရီးစဉ်ကို လမ်းတွင်
ခတ္တရပ်ထားရကြောင်း သိရသည်။
ကုလသမဂ္ဂအကူညီပေးအဖွဲ့များသည်
မြစ်ကြီးနားမြို့မှ စက်တင်ဘာလ (၂၃) ရက်တွင် အဖွဲ့ဝင်များ
စီးနှင်းလိုက်ပါလာသောကား (၆) စီးနှင့် အကူညီပေးသော ပစ္စည်း ၁၂ စီး
စုစုပေါင်း ကား (၁၈) စီးဖြင့် ထွက်လာခဲ့ခြင်းဖြစ်ရာ အစိုးရနယ်မြေ
ဂန်ဒေါင်ယန် (Gangdau Yang) နှင့်အင်ပေါန် (N’Pawn) ကြားတွင် မြေပြိုမှုဖြစ်
နေသောကြောင့် ထိုသို့ မြေပြိုနေသောကြောင့် ခရီးစဉ်ကို
လမ်းတွင်ရပ်နားလိုက်ရခြင်းဖြစ်ကြောင်း UN-OCHA
ကွင်းဆင်းညှိနှိုင်းရေးအရာရှိ နော်သန္တာဝင်း ပြောသည်။
“ရေတိုက်စားသွားပြီး လမ်းကကျဉ်း
ဟိုဘက်ဒီဘက်ကမ်းပါးဖြစ်နေတယ်။ လူစီးလာတဲ့ကားက အားလုံးက
မနေ့ကလိုင်ဇာရောက်ပြီ၊ ပစ္စည်းတွေပါလာတဲ့ကား (၁၂) စီးက၊ နမ်ဆန်ယန် (Nam San
Yang) ဟိုဘက် KIO ပိုင်နက်ထဲ မရောက်မီ၊ ဂန်ဒေါင်နဲ့
အင်ပေါန်ကြားမှာဖြတ်လို့မရဖြစ်နေတယ်။ လမ်းကိုမြေတစ်ဝက်ပြိုထားတော့
ဝိတ်နဲ့ကုန်တင်ကားမနိုင်ဘူး။ အဲဒီမှာ ကျန်ထားလိုက်တယ်။ လမ်းမြေ ဖို့
ပြီးတာနဲ့ တခါတည်းပြန်ခရီး ဆက်မှာဖြစ်တယ်”
ကုလအကူအညီပေးအဖွဲ့များသည်
ယခုတစ်ကြိမ်တွင် ဒုက္ခသည်များ၏ ကျန်းမားရေး၊ ပညာရေး၊ အခြေခံအစားအသောက်များ
ပံ့ပိုးနိုင်ရန် အစီအစဉ်ရေးဆွဲမည့် လုပ်ငန်းများကို အဓိကထား
ဆောင်ရွက်သွားရန်နှင့် ကုလအကူအညီပေးအဖွဲ့အစည်းအလိုက် မိမိတို့လုပ်ငန်းများ
နှင့်တွေ့ဆုံရန် လိုအပ်သူများကို တွေ့ဆုံသွားရန်ဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင်
အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်လည်းတွေ့ဆုံကာ ဒုက္ခသည်များ၏
လိုအပ်ချက်များ၊ နောက်ထပ်ဆောက်လုပ်ပေးရန်လိုအပ်သည့် barrack တဲအိမ်
များကိစ္စကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ဆက်လက်
အကူအညီပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ အကူညီများလိုအပ်နေသည့်
နယ်စပ်ဒုက္ခသည်စခန်းများသို့ စက်တင်ဘာလအတွင်း အကူအညီများကို ဆက်တိုက်
လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ
ကပြောသည်။
“ဒီလအတွင်းမှာ ၃
ကြိမ်လာမယ်လို့ပြောတဲ့အတိုင်း ဒီတကြိမ်နဲ့ဆိုရင်တော့ ပြည့်ပြီပေါ့။
အစားအသောက်တွေကတော့ ၁ လအတွက်ပေးမယ်ပေါ့။ ပြည့်ပြည့်စုံစုံဆိုတာကတော့
မီးဖိုချောင်သုံးပစ္စည်းနဲ့ စောင်တွေပေါ့”
စက်တင်ဘာလအတွင်း
တတိယအကြိမ်မြောက်အကူညီပေးရန်ရောက်လာသော ကုလအကူအညီပေး အဖွဲ့များသည်
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှုရုံး
(UN-OCHA)၊ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ဒုက္ခသည်များ
ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂလက်အောက် မြန်မာပြည်ရုံးခွဲ
ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) နှင့် အသစ်တိုးလာသော Solidarities
International (SI) အဖွဲ့တို့ဖြစ်ပြီး၊ ၄င်းအဖွဲ့အား UN-OCHA ဦးဆောင်
ခြင်းဖြစ်ကြောင်းသိရသည်။
လိုင်ဇာမြို့တွင်
ယခုအကြိမ်လာရောက်သောခရီးစဉ်တွင် အရင် ၂ ခေါက်ထက် တစ်ရက်ပိုကြာ
ဒုက္ခသည်များကို ကူညီပေးရေးဆိုင်ရာကိစ္စရပ်များအတွက်
လေ့လာအချိန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
By KNG
