Saturday, September 7, 2013

ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို ဆိုင်ကယ်ဖြင့် ၀င်ရောက်တိုက်သူအား အရေးယူ

,


နေပြည်တော်၊ စက်တင်ဘာ ၆

၅-၉-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကမ်းနားလမ်းနှင့်(၉)လမ်းထိပ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊မအူပင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊မအူပင်မြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီမှဝန်ထမ်းများနှင့် မြို့နယ်စည်ပင် သာယာရေးအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေစဉ် ဗောဓိဘုရားမှကမ်းနားလမ်းအတိုင်း မအူပင်မြို့၊ အလန်းကျေးရွာနေ အေးထွန်း (၃၄)နှစ်သည် ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲမောင်းနှင်ပြီး ဦးကြည်ဝင်း(၄၃)နှစ် နောက်ထိုင်စီးနင်း လာသည့် လော့ဂျား ၁၁၀ အနက်ရောင်ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့်စေခဲ့သည်။ ထိုသို့ရပ်ခိုင်းရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးစဉ် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၀င်ရောက်တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ခဲ့သဖြင့် ရဲတပ်ကြပ် ဟန်မြင့်မောင်တွင် ယာဒူးခေါင်း၊ ၀ဲတံတောင်နာကျင်ဒဏ်ရာ၊ အေးထွန်းတွင် ယာလက်ခုံ၊ မေးစေ့ပေါက်ပြဲ၊ ဦးကြည်ဝင်းတွင် ယာလက်ဖျံပွန်းပဲ့ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် အေးထွန်းအား မအူပင်မြို့မရဲစခန်း(ပ)၂၀၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments to “ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို ဆိုင်ကယ်ဖြင့် ၀င်ရောက်တိုက်သူအား အရေးယူ”

Post a Comment