~~~~~~~~~~~~~~~~~~~~~
* "မြန်မာ့အမျိုးသားရေးဝါဒ" ကို အစွန်းရောက်တယ်လို့
မြန်မာလူမျိုးစစ်စစ်(အချို့)က သုံးသပ်ထားကြတာ ရှိပါတယ်...။
နေရာတော်တော်များများမှာ ပြောဆိုဝေဖန်နေကြတာတွေ တွေ့နေရပါတယ်...။
* "အမျိုးသားရေးဝါဒ"ရဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရကို တကယ်မသိကြလို့ အဲဒီလို သုံးသပ်ထားကြတာပါ...။
* "အမျိုးသားရေးဝါဒ" ပြန်လည်ခေါင်းထောင်လာတာကို ကြောက်လန့်နေသူတစ်ချို့လည်း ရှိပါတယ်...။
မလိုလားသူများလည် ရှိနေပါတယ်..။
ဘယ်လိုလူတွေက ဘာကို စိုးရိမ်ပြီး ကြောက်နေကြတာလဲ ဆိုတာ ကျွန်တော်သိထားပါတယ်...။
* တကယ်တော့ "အမျိုးသားရေးဝါဒ"ဆိုတာ "အိမ်တစ်အိမ်ရဲ့အုတ်မြစ်"ကဲ့သို့ အလားသဏ္ဍာန်တူပါတယ်...။
* အုတ်မြစ်မချပဲ တိုင် ၄ လုံးနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ဟာ မခိုင်မာနိုင်ပါဘူး...။
“စစ်မှန်တဲ့အမျိုးသားရေး"မရှိပဲ တည်ဆောက်ထားတဲ့ နိုင်ငံဟာလည်း မခိုင်မာနိုင်ပါဘူး...။
* ဥပမာ.. ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခဲ့ပုံကို လေ့လာကြည့်ပါ..။
* ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲရခြင်းအကြောင်းတွေထဲမှာ အဓိကအချက်တစ်ချက်အဖြစ် ပါဝင်နေတာကတော့ “အမျိုးသားရေး”ကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ခြင်း ပါပဲ...။
* ဆိုဗီယက်ပြည်ထောင်စုကြီး မပြိုကွဲခင်(၇)နှစ်အလို ကာလမှ ပြိုကွဲသည့်အချိန်ကာလအထိ ဖြစ်ပေါ်နေတဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ နိုင်ငံရေးအခြေအနေဟာ......
ဒီကနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ (တစ်ချို့နေရာတွေမှာ) ဆင်တူနေပါတယ်...။
* နူးကလီးယားဒဏ်ကြောင့် ပြာပုံဖြစ်ခဲ့ရတဲ့ ဂျပန်နိုင်ငံဟာ အလျင်အမြန် တိုးတက်ပြောင်းလဲလာခဲ့ရတာကလဲ “စစ်မှန်တဲ့ အမျိုးသားရေး”ကို ရှေ့တန်းတင်ခဲ့လို့ပဲဆိုတာ အများအသိပါပဲ...။
* "ကမ္ဘာ့သမိုင်း"ကပေးတဲ့ သင်ခန်းစာတွေအပြင်
"မြန်မာ့သမိုင်း"ကပေးတဲ့ သင်ခန်းစာတွေကိုလည်း
ယူတတ်ဖို့ လိုပါတယ်...။
* "ပြိုကွဲခဲ့တဲ့ မြန်မာနိုင်ငံ"ကို (ပထမမြန်မာနိုင်ငံတော်/ ဒုတိယမြန်မာနိုင်ငံတော်/ တတိယမြန်မာနိုင်ငံတော်) အဖြစ် ၃ ကြိမ်တိုင်တိုင် ပြန်လည်စုစည်း အောင်မြင်နိုင်ခဲ့တာဟာ ....
* “စစ်မှန်သော မြန်မာ့အမျိုးသားရေးစိတ်ဓာတ်" ကြောင့်သာ ဖြစ်ပါကြောင်း....။ ။
မြန်မာ့အမျိုးသားရေးသမိုင်းကို အစဉ်ဦးထိပ်ပန်လျှက်
( ဘက်မလိုက်သော အမျိုးသားရေးဝါဒီတစ်ဦး )