Friday, September 6, 2013

လွယ်သလား ခက်သလား ရာမ

,

လူတိုင်းမေးချင်သိချင်ကြတဲ့ မေးခွန်းလေးပါလွယ်သလားခက်သလားရာမတဲ့ရန်ကုန်လို မြို့ကြီးတွေမှာတောင် တစ်ပြားကို ငါးထောင်ကနေ တစ်သောင်းထိပေးနိုင်ရင်အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ ရာမ ကိုလွယ်သလား ခက်သလားဆိုပြီး စမ်းသပ်ချင်တဲ့ သူတွေက တပုံကြီးပေါ့တချို့တွေက သုံးဖူးတာကို ဂုဏ်ယူပြီးပြောပြတတ်သလိုတချို့တွေကသုံးဖို့ဆွဲဆောင်ကြတယ်ဘိန်းမဟုတ်ပါဘူးဘာညာပေါ့ကဲဒါဆို
 လေ့လာကြည့်ရအောင်လွယ်သလား ခက်သလား ဆိုတာကို......

.....

သမိုင်းကြောင်းနဲ့ ပြန်ပြောရရင်၁၈၈ရ ခုနှစ်မှာ ဂျပန်သိပ္ပံပညာရှင် Nagai Nagayoshi ကmethyl alpha-methyl phenyl ethyl amine အစရှိတဲ့ သိပ္ပံနာမည်နဲ့amphetamine ကိုစတင်တွေ့ရှိခဲ့ပါတယ်နောက်ထပ် ၃၃ နှစ်ကြာပြီး
၁၉၁၉ ခုနှစ်မှာနောက်ထပ် ဂျပန်ပညာရှင် Akira Ogata ကယင်းကို အခဲအနေနဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်

ထို ဆေးခဲကစိတ်ဓါတ်အလွန်အမင်းတက်ကြွစေခြင်းအလုပ်များစွာလုပ်နိုင်ခြင်းအမောခံနိုင်ခြင်းအဆာလောင်
ခံနိုင်ခြင်း တို့ကြောင့် နတ်ဆေးတစ်ပါးလို ကျော်ကြားပါတယ်စက်မှုလုပ်ငန်း စက်ရုံအလုပ်ရုံတွေမှာ အသုံးများခဲ့ပါတယ်

ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ဖြစ်တာနဲ့ တပြိုင်နက် အဆိုပါ နတ်ဆေးကိုဂျပန်တပ်မတော်သာမက မဟာမိတ်တပ်တွေရော နာဇီဂျာမနီတပ်များပါတရားဝင်ထုတ်လုပ်သုံးစွဲပါတယ်

ဂျပန်တပ်မတော် မှာတော့ Philopon ဆိုတဲ့ နာမည်နဲ့ ဂျပန်တပ်သားတွေ တော်တော်များများ တရားဝင် အသုံးပြုကြသလိုဟစ်တလာရဲ့ ဂျာမန်တပ်မတော်မှာလည်း အဲ့ဒီဆေးဟာPanzerschokolade ခေါ် ပန်ဇာချောကလက် ဆိုပြီး နာမည်ကြီးပါတယ်Nazi speed တင်ကာချောကလက် လို့လည်း ခေါ်ပါတယ်
ပူလောင်လှတဲ့ တင့်ကားထဲက ပန်ဇာတပ်သားတွေတောင် စိတ်တက်ကြွတဲ့ဆေးပေါ့ဂျာမန်ဆေးတပ်ကဆို စစ်အတွင်းမှာ ဆေးပြားသုံးဆယ့်ငါးသန်းကျော် တရားဝင်ထုတ်လုပ်ပေးခဲ့ပါသတဲ့ဟစ်တလာ ကိုယ်တိုင်တောင် သူ့ဆရာဝန် Theodor Morell ကိုနေ့စဉ် အားဆေးအနေနဲ့သူ့သွေးကြောထဲထိုးစေခဲ့ပါတယ်မဟာမိတ်စစ်တပ်ဖက်ကလည်း အားကျမခံပေါ့လေ
သူတို့ဘက်မှာလည်းPervitin ဆိုတဲ့ ဆေးဟာပိုင်းလော့ခ်ချောကလက် Pilot's chocolate or Pilot's salt
ဆိုတဲ့ နာမည်ပြောင်နဲ့ရဲဘော်ကစလို့ ပညာသည်စစ်သည်တွေ ဗိုလ်ချုပ်တွေက တရားဝင်သုံးပါတယ်
သူတို့ရဲ့ ဆေးကုမ္ပဏီ Temmler က ဆေးပြား သန်းပေါင်းများစွာစစ်တပ်အတွက်ထုတ်လုပ်ပေးခဲ့ပါတယ်
အမေရိကန်တပ်မတော် ဆိုရင် ပင်လယ်ကွေ့စစ်ပွဲကာလ အထိDexedrine ဆိုတဲ့ နာမည်နဲ့ ဆက်လက်သုံးစွဲခဲ့ကြပါသေးတယ်

ဒီလိုနဲ့ စစ်ဘီလူးတွေကို နှစ်ဖက်လုံးက မွေးထုတ်ပေးနေရင်းတဖြည်းဖြည်းနဲ့ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကိုသိရှိလာရပါတော့တယ်တိုက်ပွဲဝင်စိတ်ဓါတ် သိပ်ကိုမြင့်နေတဲ့ စစ်သည်တွေဟာ
ဒေါသတွေကြီးလာတယ်စဉ်းစားညဏ်မရှိတော့ယုံမကအချင်းချင်း မယုံမကြည်တွေဖြစ်လာပါတယ်
တစ်ခါလောက် ရန်ဖြစ်တာနဲ့ညဘက်တွေမှာ အချင်းချင်း လည်ပင်းလှီးမယ်လို့ ယူဆလာကြတာကြောင့်
မအိပ်ပဲကြောက်နေသူတွေအချင်းချင်း ပစ်ခတ်မှု ဖြစ်စဉ်တွေ တရစပ်ဖြစ်ပွားလာပါတယ်
နောက်ဆုံးတပ်ချင်းမှား ဗုံးကြဲတာအထက်အောက် သတ်ဖြတ်မှုတွေ ထိန်းမနိုင်အောင် ဖြစ်လာတဲ့အခါ
တပ်မတော် အသီးသီးမှာ ဒီဆေးကို တားမြစ်လာပါတော့တယ်စစ်တုန်းက ဂျပန်တွေ ဒေါသကြီးတာ ပါးရိုက်တတ်တာ ဒါတွေကြောင့်ထင်တယ်နော်


ဒီလိုနဲ့ စစ်ကြီးပြီးလာတော့စစ်အတွင်းက ဗုံးဘောလအော ထုတ်လုပ်ထားတဲ့ဆေးတွေဟာအရပ်ဘက်ကို ပျံ့နှံ့လာပါတော့တယ်ဂျပန်မှာဆို Philopon ကို ယာကူဇာဂိုဏ်းတွေက S, Shabu, Speed စတဲ့နာမည်တွေနဲ့
Kamikaze ဆေးဆိုပြီးသုံးစွဲရောင်းချလာပါတယ်မဟာမိတ်တို့ရဲ့ ဆေးတွေကတော့အမေရိကန် မော်တော်
ဆိုင်ကယ်ဂိုဏ်းတွေဆီပျံ့နှံ့လာပါပြီးအဲ့ဒီကတဆင့် မက္ကဆီကို မှာ စက်ရုံတွေထောင်တဲ့ အထိဖြစ်လာပါတယ်
အရှေ့တောင်အာရှ မှာတော့ဂျပန်စစ်တပ်ရဲ့ Philipon ဆေးဝါးတွေဟာတားမနိုင်ဆီးမရ ပျံ့နှံ့လာပြီးကိုယ်ပိုင်ထုတ်လုပ်မှုတွေ အထိဖြစ်လာခဲ့ပါတယ်ပထမတော့ ထုတ်လုပ်မှုဗဟိုချက်က ဖိလစ်ပိုင်မှာပါနောက်တော့မှ လွတ်လပ်သောဒုစရိုက်နယ်မြေရွှေတြိဂံကို ပြောင်းရွှေ့လာပါတော့တယ်

.....

ရာမ ဆိုတာက အရင် အခေါ်ပါအခု နောက်ပိုင်းတော့ ရာဘ လို့ ခေါ်ကြပါတယ်မြန်မာပြည်မှာ မြင်းဆေး
စိတ်ကြွရူးသွပ်ဆေးထိုင်းမှာတော့ Chocalee (ချောကလက်)အိန္နိယမှာ bhul bhuliyaအင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တွေမှာ shabúဘင်္ဂလားဒေ့ရှ်မှာ Pill, BABA, Gari, Guti, Boriစသဖြင့် အခေါ်အဝေါ်များစွာရှိပါသေးတယ်

ရာမ မှာပါတာကတော့ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒုတိယကမ္ဘာစစ်သုံး
Philopon
Panzerschokolade
Methamphetamine
Pervitin
Dexedrine
ဆိုတဲ့ ဆေးတွေတဖြစ်လဲ Methamphetamine ကို high dose သုံးပြီးအခြား ဆေးဝါးများနဲ့ ရောစပ်ထုတ်လုပ်ထားတာဖြစ်ပါတယအစပိုင်းမှာMethamphetamine သီးသန့် ပါတဲ့R သို့မဟုတ် WY စာတမ်းပါအနီ အ၀ါ အစိမ်းစတဲ့ ဆေးလုံးလေးတွေ ထုတ်ပါတယ်နောက်ပိုင်းမှာတော့
ဆေးယဉ်ပါးလာသလို လူတွေမှာ မတိုးတော့တဲ့အခါကျတော့တခြား စိတ်ရောဂါပညာရှင်တွေသုံးတဲ့ စိတ်ကြွဆေးဝါးတွေကိုအတိုင်းအဆမရှိ ရောနှောပေါင်းစပ်လာပါတော့တယ်နောက်ပိုင်းပေါ်လာတဲ့
WY စာတမ်းပါ ၆မီလီမီတာ အချင်းသာရှိတဲ့ လိမ္မော်ရောင်ဆေးပြားလေးတွေဟာMethamphetamine သာမကကာဖင်းဓါတ် အလွန်အကျွံထည့်ထားပါသတဲ့အလွန်အမင်း သန့်စင်ထားတဲ့ ICE ဆိုတာကတော့ထိုးဆေးအနေနဲ့ပါသုံးကြပါတယ်အခုနောက်ဆုံးရှမ်းအရှေ့မှာကျွန်တော်ကြားဖူးခဲ့တဲ့ နောက်
ဆုံးပေါ်ဆေးကတော့ ရာအပ် လို့ခေါ်ပါတယ်ဘိန်းဖြူ ၆ ရာခိုင်နှုန်းပါဝင်ပါတယ်

.....

ဘယ်လိုတွေသုံးစွဲကြသလဲဆိုတော့

အကြောထဲထိုးတယ်ဆေးပြားလေးတွေကို မိုးရေနဲ့ဖျော် အပ်အသေးဆုံးနဲ့ အကြောထဲထည့်တာပါ အရှိန်တက်တာအရမ်းမြန်သလို(စက္ကန့်ပိုင်းအတွင်းမှာဖြစ်ပေါ်လာတာပါ)သိပ်လည်းကြောက်ဖို့ကောင်းပါတယ်
၁၀၀ မီလီဂရမ်ကနေ ၁၀၀၀ မီလီဂရမ် အထိ ဖျော်ထိုးကြပါတယ်ဆေးက အဓိကသွေးကြောမကြီးတွေထဲမှာ ခဲတတ်လွန်းလို့ သေကြတဲ့သူတွေလည်း မနည်းပါဘူး

ဆေးပြားဝါးစားတယ်ဆေးအာနိသင် ၈ နာရီကနေ ၁၆ နာရီအထိ ကြာအောင် ခံစားရပါတယ်
ရှူတာကမှ သုံးနာရီကနေ ခြောက်နာရီ အထိပဲ ကြာတတ်တာကိုးတချို့က Acid ပါလို့ စားလို့မရဘူးလို့ အထင်မှားတတ်ပါတယ်တကယ်က Methamphetamine သီးသန့်ဆေးတွေက ၀ါးစားလို့ရပါတယ်

ဆေးပြားအငွေ့ကိုရှူတယ်ဒါကတော့ သုံးသူတွေအလုပ်အများဆုံးပါဆေးပြားကို တိုက်ရိုက်မီးရှို့လို့ မကောင်းတော့ (ညှော်လို့)အပူပေးထားတဲ့ အရာတစ်ခုခုပေါ်တင်လိုက်တာပါအဲ့သည်မှာ ထွက်လာတဲ့ အငွေ့ကိုရှုတာပေါ့Safe အဖြစ်ဆုံးနည်းလမ်းပါအချို့တွေက ပိုပြီး safe ဖြစ်ချင်တော့ရေဗူးထဲကရေထဲမှာ အငွေ့ကို ဖြတ်သန်းစေပြီးမှ ရှူပါတယ်

နောက် ဆေးကို အမှုန့်ချေပြီး နှာဝမှာရှူတယ်အောက်ကတဆင့်ထည့်တယ်ပေါ့လေ အမျိုးမျိုးပေါ့
လုပ်ဖြစ်အောင်ပြောပြနေတာ မဟုတ်ဘူးနော်ဗဟုသုတ အဖြစ်ပြောပြတာပါ


.....

ကောင်းကျိုးအနေနဲ့ကတော့ သိပ်များများစားစားမရှိပါဘူးစိတ်တက်ကြွမယ်အမောခံနိုင်မယ်
ဗိုက်မဆာ ၊ အစာမစားတဲ့ အတွက် ပိန်ဆေးတဖြစ်လဲ သုံးကြတယ်ရေတို အကျိုးလေးတွေပေါ့
ဒါလောက်ပါပဲ

ဆိုးကျိုးကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါစိတ်ကြွရူးသွပ်ဆေး ဆိုတဲ့အတိုင်း အရူးဆေးပေါ့

ပထမ တစ်ချက်အနေနဲ့ သူက စွဲပါတယ်ဖြတ်ရလည်း အရမ်းခက်ပါတယ်ကိုကင်း ဟီရိုအင်းတွေထက် ဖြတ်ဖို့ ခက်ပါသတဲ့ဖြတ်ရင်လည်း ယင်း ထ တဲ့ ကာလက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပါတယ်
လူသတ်ချင်စိတ်ပေါက်နေတာဒေါသထွက်နေတာလူရင်းတွေကို မယုံတာမိမိကိုယ်ကို သတ်သေချင်တာ စသဖြင့် ကြောက်မက်ဖွယ်ကောင်းလှပါတယ်

နောက်တစ်ချက်က ဒီဆေးက ဦးနှောက်ကို အဆိပ်သင့်စေတာဖြစ်ပါတယ်မှတ်ညဏ်တွေဖျက်စီးပါတယ်
အာရုံခံအဂါ င်္တွေအားနည်းစေပါတယ် (မျက်စိဝါး နားလေး ဖြစ်လာတာပေါ့)တကိုယ်လုံးကြွက်သားတွေကို ထောက်ပံ့ပေးမှု ပျက်စီးစေတတ်လို့အောက်ပိုင်းသေတဲ့အထိ ဖြစ်တတ်ပါတယ်ဒါကြောင့် သုံးစွဲသူတွေ အနေနဲ့
သုံးပြီးသွားရင် အဆိပ်သင့်မှုကို လျှော့ချဖို့တတ်နိုင်သမျှ အချဉ်များများ စားသင့်ကြောင်း သိရှိရပါတယ်
(အသေးစိတ်ကတော့ မရှင်းတော့ပါဘူး)

နောက်တစ်ချက်က ဘာမှန်းမသိပဲ သွားတွေကျွတ်တာပါMeth Mouth လို့ သွားဆရာဝန်တွေ ခေါ်ပါတယ်
အလကားနေရင်း သွားကျိုးသွားကျွတ် ဖြစ်ပြီးနောက်ဆုံးသွားမကျန်ပဲ ဖြစ်တတ်ပါတယ်
သွားတင်လားဆိုတော့ မဟုတ်ပါဘူးဆံပင်တွေလည်း ကျွတ်ပါတယ်
ဆေးစွဲသူတော်တော်များများကို ကြည့်လိုက်ရင် ဆံပင်ကျဲတာ ပါးတာ တွေ့ရမှာပါ

နောက်တစ်ချက်က ဆေးသုံးထားတဲ့သူတွေဟာလိင်ပိုင်းဆိုင်ရာ စိတ်ပြင်းထန်ပါတယ်
ခေတ်စကားနဲ့ ပြောရင် ထန် တာပေါ့နော့Abnormal sexual manner တွေလဲ ပြပါတယ်
ကြိုးတုပ်ပြီးရိုက်တာတို့ ဘာတို့ပေါ့အဲ့ဒါကြောင့် သာမန် လူတစ်ယောက်က ဆေးသုံးထားတဲ့လူနဲ့ အတူနေလို့မရပါဘူးလုံးဝ မလိုက်နိုင်တဲ့ အတွက် သူ့အဖေါ်နဲ့ အဆင်ပြေအောင် သူပါလိုက်သုံးရပါတယ်
ဒါမှ အဆင်ပြေပါသတဲ့

ကိုယ်ဝန်ဆောင်တွေ သုံးရင် ကလေးပျက်ကျတာ လမစေ့ပဲမွေးတာတွေ ရှိပြီးအမေ့ဝမ်းထဲမှာတင် ကလေးက ဆေးစွဲနေပါတော့တယ်မွေးလာလို့ အပြင်ရောက်တော့ ဆေးမရတော့တဲ့အတွက်
အဲ့သည့်ကလေးပေါက်စနလေးဟာ ယင်းထတဲ့ ဝေဒနာခံရပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်

နောက်တစ်ချက်က အခုအသုံးများတဲ့ WY ဆေးတွေဟာ နယ်စပ်က ဆယ်ပေပတ်လည်လောက် ညစ်ပါတ်စုတ်ပြတ်နေတဲ့ ဓါတ်ခွဲခန်းများက ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်
ဘာ စံချိန်စံနှုန်းဘာ ကွာလတီ စစ်ဆေးချက်မှ မရှိပါဘူးအစောပိုင်းကပြောသလို ပိုပြင်းအောင် ဟိုဟာနဲ့စပ် ဒီဟာနဲ့စပ်လုပ်ရာကနေမသန့်ရှင်းတဲ့ ဓာတုပစ္စည်းတွေပါဝင်လာပါတယ်
ဒါတွေက သောက်မိရှူမိတာနဲ့ ကိစ္စတုံးပါတော့တယ်

.....

မြန်မာနိုင်ငံမှာတော့ ၁၉၉၅ လောက်မှာ ကရင်ပြည်နယ်က ပြောင်းရွှေ့လုပ်သားတွေ စတင်သုံးစွဲလာရာကနေ ပြည်တွင်းကို ပျံ့နှံ့လာပါတယ်ငယ်ငယ်တုန်းက အစိုးရရဲ့ မူဝါဒနဲ့ ကျွဲရိုင်းတွေ လစ်ပိုတွေပိတ်တုန်းကဆိုက်ဝါးအနေနဲ့အဲ့သည်လူနာတွေကို မြန်မာ့ရုပ်သံမှာ မေးမြန်းခန်းလုပ်တာအား
လုံးကြည့်ဖူးခဲ့ကြမှာပါဘရာဇီးရှုံးလို့ ကျွန်တော် ကတုံးတုံးလိုက်တယ်ဆိုတဲ့ စကားတောင် တော်တော်ပေါ်ပြူလာဖြစ်ခဲ့သေးတာပါပဲ

WY ဆိုတာက ၀မ်ရယ်လို့ အဓိပ္ပါယ်ရပြီး မိုင်းရယ် ကထုတ်တာလို့လည်းကောလဟာလ ထွက်ပါတယ်
ဟုတ်မဟုတ်တော့ မသိဘူးပေါ့

အစကတော့ မြင်းဆေး လို့ ခေါ်လာရာကနေနောက်ပိုင်းမှာ လူတွေသောက်လာတော့ ရာမဆိုပြီး အမည်တွင်လာပါတော့တယ်နယ်စပ်မြို့များကတဆင့် ပြည်နယ်မြို့ကြီးတွေ အဲ့သည်ကမှ တဆင့်
ရန်ကုန် မန္တလေးမြို့ကြီးတွေ အထိ ရောက်လာပါတော့တယ်အားလုံးက တားဆီးနေကြပေမယ့်
နယ်စပ်မြို့များမှာ အချိတ်အဆက်တွေနဲ့ ၀ယ်ယူလို့ရနေဆဲပါအဲ့သည့်မှာ တစ်ပြားတစ်ထောင် ထောင့်ငါးရာရှိတဲ့WY ဟာရန်ကုန်ကိုရောက်လာရင် ငါးထောင်ကနေ တစ်သောင်းအထိ ဈေးပေါက်ပါတယ်ငွေ အတွက် သယ်ယူပေးနေတဲ့သူတွေ အကြိုက်ပေါ့

.....

ဒါကတော့ ကျွန်တော်သိသမျှ ရာမ အကြောင်းပါဥပဒေအကြောင်းအရာတွေတော့ မသိလို့ မရေးတော့ပါဘူး
သေချာတာက သုံးရင် သယ်ရင် ထုတ်ရင် ထောင်ကျမှာပါပဲအဲ့ဒီအထဲကမှ သယ်သူက ပြစ်ဒဏ်အမြင့်ဆုံးပါ

ဒါ့ကြောင့်လွယ်သလား ခက်သလား ရာမ ဆိုရင်တော့ပြန်ဖြေလိုက်ပါမလွယ်ပါဘူး သိပ်ခက်ပါတယ် လို့
ကိုဆေး

2 comments:

  1. လူငယ်​​တွေသိ သင့်​တယ်

    ReplyDelete
  2. လွယ်သလား ခက်သလား ရာမ >>>>> Download Now

    >>>>> Download Full

    လွယ်သလား ခက်သလား ရာမ >>>>> Download LINK

    >>>>> Download Now

    လွယ်သလား ခက်သလား ရာမ >>>>> Download Full

    >>>>> Download LINK xZ

    ReplyDelete