Tuesday, October 1, 2013

မြန်မာ့ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ဒေါ်လာ ၃ သန်းကျော် GE အသုံးပြုမည်

,


ရန်ကုန်၊ စက်တင်ဘာ ၂၉

အမေရိကန် General Electric (GE) ကုမ္ပဏီက မြန်မာနိုင်ငံ၏ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကဏ္ဍတွင် အသုံးပြုမည့် အမေရိကန်ဒေါ်လာ ၇ သန်းအနက် ၃ သန်း ခွဲကို ကျန်းမာရေးကဏ္ဍတွင် အသုံးပြုမည် ဖြစ်ကြောင်း GE မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Andrew Lee က The Voice သို့ ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်များ၊ စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု စသည်တို့ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ထောက်ပံ့မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာများအဖြစ် ကျေးလက် ဆေးသေတ္တာ များ၊ မွေးကင်းစ ကလေးငယ်များ အအေးမမိစေရန် ကာကွယ်ပေးသည့် ပစ္စည်းများ၊ Portable Ultrasound Units Vscan စက်များ၊ LED Phototherapy များ စသည်တို့ ပါဝင်ကြောင်း GE ထံမှ သိရသည်။

(ဆွတ်ရိန်)

0 comments to “မြန်မာ့ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ဒေါ်လာ ၃ သန်းကျော် GE အသုံးပြုမည်”

Post a Comment