Friday, October 4, 2013

လစ်ဗျားနိုင်ငံရှိ ရုရှားသံရုံး အတိုက်ခိုက်ခံရ

,

russia 
ပြီးခဲတဲ့ အောက်တိုဘာလ ၂ ရက်နေ့က ဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့  မြို့  တော် ထရီပိုလီမှာ ရုရှား သံရုံး တည်ရှိပြီး ယင်းသံရုံးကို လက်နက်ကိုင် အုပ်စု တစ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ခံစစ်တုန့်ပြန်မှုလည်း ရှိသလို၊ လုံခြုံရေး ကောင်းမွန်မှုကြောင့် သံရုံးတွင်းက ဘယ်သူ့ကိုမှ ထိခိုက်သွားစေမှု မရှိပါဘူး။ သို့ပေမယ့် သံရုံးခြံဝိုင်း တွင်းကတော့ အတော်ကို ပျက်ဆီးသွားပါတယ်။ ရုရှား အလှံကိုပါ ဖျက်စီးခဲ့ပြီး နာရီပိုင်းအတော်ကြာ နေ့ခင်းကြောင်တောင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် ရုရှား အစိုးရလည်း အင်မတန်စိုးရိမ်နေပါပြီ။ လုံခြုံရေးအထပ်ထပ် ပြန်လည်ချထားဖို့ အမိန့်ပေးခဲ့ပြီး သံရုံး လုံခြုံရေးကို အတင်းကြပ်ဆုံးအခြေအနေနဲ့ ချပေးထား ပါတယ်။
ပြီးခဲ့တဲ့အပတ်က လစ်ဗျား စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးကို ရုရှားအမျိုးသမီး တစ်ဦးက သတ်ဖြတ်ခဲ့ပြီး အရာရှိရှိရဲ့  သမီးကိုပါ ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။ ယင်းလုပ်ရပ် အတွက် လစ်ဗျား ပြည်သူများ ရုရှား အပေါ် မကေမနပ်ဖြစ်ပေါ်ပြီး ဆန္ဒပြမှုတွေတောင် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ယခု တိုက်ခိုက်မှုက ယင်း လုပ်ကြံမှုရဲ့  အကျိုးဆက် ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Xinhua
Aung Kham (ရိုးရာလေး)
.
ရိုးရာလေး

0 comments to “လစ်ဗျားနိုင်ငံရှိ ရုရှားသံရုံး အတိုက်ခိုက်ခံရ ”

Post a Comment