Tuesday, October 8, 2013

ကျွန်မ လေယာဉ် စီး ခရီးသည်

,


ထိုင်ခုံတွေကိုတည့်မတ်စွာထားပေးဖို့ ပြောတဲ့ စကားသံတွေကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ် ..
တရုတ်လိုပဲပြောပြော ..
လေယာဉ်ပြူတင်းပေါက်မှန်ကာတွေကို အပေါ်ထိတင်ထားပေးဖို့ ..ခါးပတ်ပတ်ထားဖို့ ..လေယာဉ်ပျံစီးတိုင်း ကျမ အသည်းတယားယားနဲ့ ကြုံရတဲ့ ကိစ္စလေးတွေပါ ..လေယာဉ်ပေါ်တက်ပြီဆိုတာနဲ့ .. လေယာဉ်ထွက်ခါနီးပြီဆိုရင် ..ဒါမှမဟုတ်လဲ လေယာဉ်ဆင်းခါနီးပြီဆိုရင် ..လေယာဉ်အမှုထမ်းလေးတွေ က .. electronic ပစ္စည်းတွေကိုပိတ်ထားလိုက်ဖို့ ..ကိုယ်ရှေ့ က စားပွဲငယ်လေးတွေကို တည့်မတ်စွာထားပေးဖို့ .. သူတို့ဘာသာသူတို့ ဘိုလိုပဲ ပြောပြော .. ကုလားလိုပဲပြောပြော ..

လူတိုင်းကိုယ်စီ ကိုယ့်အသိစိတ်ဓါတ်လေးနဲ့ ကိုယ်ပြင်သစ်လိုပဲ ပြောပြောဒါလေးတွေဟာ မပြောရင်တောင်


လိုက်နာသင့်တဲ့ အချက်လေးတွေ မဟုတ်ဘူးလား ..




စီးရလွန်းလို့ရိုးနေပါပြီဆိုတဲ့အိုက်တင်ကိုပဲ ပြချင်တာလား..တခါတလေကျမကြုံတွေ့နေရတဲ့ လေယာဉ်စီး
ခရီးသွားတချို့ ဟာလေယာဉ်ပျံကို ပဲ မစီးဖူးတာလား ..


အင်း .. ဒါလေးများ ဘာဖြစ်မှာမို့ လို့ လဲ ဆိုတဲ့အရွဲ့တိုက် ကတ်သတ်ချင်တာမျိုးလားတော့ မသိပါဘူး ..
ခရီးတလျှောက်သက်တောင့်သက်တာ ဖြစ်အောင်နောက်ကို မှီ ပြီး လှန်ချပြီး ထိုင်ထားတဲ့ ထိုင်ခုံ ကို ပြန်မတည့်မတ်တာတွေယူမလား ..ခါးပတ်ကို လျော့တိလျော့ရဲ ပတ်ထားတာမျိုး ယူမလား .PH ကို power off မလုပ်လိုက်ဘဲ .. အာပတ်လွတ် .. Airplane mood လေးပဲ ပြောင်းထားလိုက်တာမျိုး ယူမလား ..


လေယာဉ်ဝန်ထမ်းလေးတွေ က အနားကိုလာပြီးတကူးတကမပြောမချင်းကို ခေါင်းမာ နေတတ်တဲ့သူမျိုးတွေ ကို ကျမ ခဏခဏ ကြုံဖူးပါတယ် ..




တကယ်တော့ လေယာဉ်မောင် လေယာဉ်မယ်လေးတွေဆိုတာလဲ ..


သူတို့လဲ အသက်နဲ့ပါပဲလေ ..လေယာဉ်က တက်တော့မယ် ပြေးလမ်းကြောင်းမှာ အရှိန်ရနေပြီ ..
ဒါမှ မဟုတ်လဲ ဆင်းတော့မယ် .. ပေါ့


လေယာဉ်မှုး က " Cabin crews ready to landed .. " တို့


" Cabin Crews ready to take off" တို့ ပြောနေပြီ ..


အလိုက်မသိတဲ့ အဲလို ခရီးသွားတွေ ပါလာပြီဆိုရင် .. သူတို့ ခမျာ သူတို့ထိုင်ရမဲ့ နေရာမှာ မထိုင်နိုင်ရှာပါဘူး ..


ဒယီးဒယိုင် နဲ့ .. အဲလို လူတွေဆီရောက်အောင်သွားပြီးလိုအပ်တာ လုပ်ပေးဖို့ တောင်းဆိုနေရတာမြင်ရင် ..
" ကျွတ် .. ငါသာဆို ခေါင်းကို ၂ ချက်လောက် ပိတ်ခေါက်လိုက်တယ်ကွာ" လို့ ကျမကတော့ အားမလိုအားမရ အမြဲတမ်းတွေးမိပါတယ် ..




ကျမ စဉ်းစားမိပါတယ် ..


ကိုယ့် တိုင်းပြည် က ကိုယ်လူမျိုးတွေ ဝန်ဆောင်မှုပေးတဲ့အဲလိုတွေ ကို လုပ်နေရတာသူတို့ အတွက် ဘာများ အကျိုးရှိသွားသလဲ လို့လေ ..


ကိုယ် နိုင်ငံပိုင် လေကြောင်းလိုင်းဆို ဘာအရေးလဲ ..


နိုင်ငံခြားတိုင်းပြည် က နိုင်ငံခြားသား လေယာဉ်အမှုထမ်းတွေ နဲ့ ကြုံတွေ့ရတဲ့ အချိန်မှာ ..
သတိပေးခံရသူဟာ ကိုယ်ဖြစ်လို့နေရင် ..

" ဟင် ဒီ မြန်မာလူမျိုး .. က လဲ .. ဒါလေးတောင် နားမလည်ဘူးလား" ဆိုတဲ့ အတွေး သူတို့ နိုင်ငံခြားသားတွေ မတွေးဘူးလို့ ..


ဘယ်သူ အာမခံနိုင်မတဲ့လဲ ..




မဖြစ်မနေ Jet star line နဲ့ ပြန်လာရတဲ့အခေါက်မှာပေါ့လေ ..ကျမ ကိုယ်တိုင် .. ကြုံခဲ့ဖူးလို့ပါ ..singapore ကနေ ရန်ကုန် ကို .Jet Star က MAI နဲ့ share code လုပ်ထားတဲ့ Flight ပေါ်မှာပေါ့ ..
ပါလာတဲ့ ခရီးသည် အများစု က မြန်မာတွေပါ .. လေ အမှုထမ်းတွေ ထဲ မှာ .. လေယာဉ်မောင်လေး တယောက် ပဲ မြန်မာလူမျိုးပါ ..ကျန်တဲ့ လေယာဉ်အမှုထမ်းလေးတွေ က နိုင်ငံခြားသားတွေပါ ..



Changi လေဆိပ်က စထွက်တည်း က ပြောလိုက်ရတာဆိုတာ ..


ခေါင်းပေါ် အကန့်ထဲ က ပစ္စည်းတွေယူပါလို့
မင်္ဂလာဒုံလေဆိပ်ကို လေယာဉ်လဲဆင်းရော ..လေယာဉ်သေချာရပ်မှ ခါးပတ်ဖြုတ်ပါ ..


သေသေချာချာ ပြောထားပါလျက်နဲ့ ..


တချို့ သော မြန်မာများဟာ ..


မန္တလေး ရန်ကုန် အဝေးပြေးကားများ .. ဂိတ်ဆုံး ကားဝင်းထဲ ဝင်စပြုတာနဲ့


လှုပ် လှုပ် လှုပ် လှုပ် ဖြစ်ပြီး ခေါင်းပေါ်က အကန့်ထဲမှာ ထည့်ထားတဲ့ ပစ္စည်းတွေကြိုတင်ဆွဲချသလို ..


လေယာဉ်ဘီးက မြေပြင် ကို ထိပြီ ဆိုတာနဲ့ ..


ပြေးလမ်းမှာ အရှိန်မသတ်နိုင်သေးခင် ..


ခါးပတ်တွေဖြုတ် .. ပစ္စည်းတွေ ဖွင့်ယူလိုက်ကြတာ ..


ထိပ်က ခရီးသည်တွေကို မျက်နှာပြုပြီး သူ့ ထိုင်ခုံမှာ ခါးပါတ်ပတ်ပြီး ထိုင်နေတဲ့ လေယာဉ်မယ် က ..


သူ့ဘေးနားက မိုက်ကရိုဖုန်း ကို ထိုင်နေရာကနေ လှမ်းယူပြီး .. အော်ဟစ်တားမြစ် .. ရတဲ့ အထိ ဖြစ်သွားပါတယ် ..


လေယာဉ်ကြီးကလဲ ပြေးလမ်းပေါ်မှာ အရှိန်မသတ်နိုင်သေးဘူး ..


ဒါလဲ လေယာဉ်စီးခရီးသည်များ က ဘယ်အသံကိုမှ ဂရုမစိုက်ပါဘူး ..


ဒီတော့ လေယာဉ်မယ်လေး က ဘာလုပ်သလဲ ဆိုရင် ..


လက်ထဲမှာ အဆင်သင့်လိပ်ကိုင်ထားတဲ့ သတင်းစာတစောင် ကို ..


သူ့ဘေးမှာ ရှိတဲ့ နံရံကို တဖျန်းဖျန်းရိုက်ပြီး " Sit Down " ဆိုပြီး အသံနက်ကြီးနဲ့ အော်လိုက်ပါတယ် .. ( ကြည့်ရတာ သူ အကြိမ်ကြိမ် ကြုံထားဖူးပြီထင်ပါတယ် )


ပြီးတော့ မြန်မာလေယာဉ်မောင်လေး ကို ..


" Pls tell your people on your own" လို့ ပြောပြီး Mic ကို ထိုးပေးလိုက်ပါတယ် ..


လေယာဉ်မောင်လေး ခမျာ မျက်စိပျက် မျက်နှာပျက် နဲ့ ..


မြန်မာလို သတိပေးရပါတယ် ..


အဲဒီအချိန်မှာ ကျမရဲ့ ခံစားချက် က .. .. စိတ်ပျက်လက်ပျက် ဖြစ်နေရာကနေ ..


"အော် .. ငါတို့ လူမျိုးတွေရယ်" ဆိုပြီး ဝမ်းနည်းပက်လက် ကို ဖြစ်လို့ သွားပါတယ် ..




ကျမ ခရီးပေါင်းများစွာ ကို လေယာဉ်နဲ့သွားဖူးပါတယ်


ကျမ ကို တခါမှ လေယာဉ်အမှုထမ်းတွေက


"အမ ဒီလိုလေး လုပ်ပေးပါနော်" လို့ လာပြောတာမခံရဖူးပါဘူး ..


လိုအပ်တာမို့ လိုက်နာသင့်လို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို ကျမ တသွေမတိမ်းလိုက်နာပါတယ် ..


လေယာဉ်တက်ပြီး စိတ်ချရတဲ့ အခြေအနေရောက်လို့


ခါးပတ်ကို ဖြုတ်ထားချင်ရင် ဖြုတ်ထားလို့ ရပါပြီဆိုတဲ့ sign လေး


တင်ကနဲ အချက်ပေးသံနဲ့ပေါ်လာတာတောင် ..


တခါမှ ခါးပတ်ဖြုတ်ပြီး မနေရဲခဲ့ပါဘူး ..




ခရီးဘယ်လောက်ဝေးဝေး ( ၁၅ နရီကြာတဲ့ ခရီးစဉ်မှာတောင် )


တခါဖူးမှ .. နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဖူးပါဘူး ..


သမီးတို့ ပါလာရင် ပိုဆိုးပါတယ် ..


ကလေးတွေပါလာရင် ..


ကျမ မျက်လုံး .. ကျမ နား .. ကျမ အသိစိတ်တွေအကုန်လုံး ကို


ကျမ standby အနေအထားမှာ အမြဲရှိနေစေပါတယ် ..


အပျော်ခရီးပဲဖြစ်ဖြစ် .. အပန်းဖြေခရီးပဲဖြစ်ဖြစ် ..


အဲဒီလို standby စိတ်မျိုးဟာ ..


ကျမ ကို အတော်အတန်စိတ်ပင်ပန်းစေတာအမှန်ပါ ..




လေယာဉ်ပျံစီးပြီး ခရီးသွားတဲ့ လုပ်သားပြည်သူများရှင် ..


ကျမ တခုလောက် မေတ္တာရပ်ခံပါရစေ ..




လေယာဉ်ပျံစီးတဲ့အခါမှာ ..


လေယာဉ်တက်ခါနီး ဆင်းခါနီးတိုင်း လေယာဉ်စည်းကမ်းစည်းမျဉ်းအရ ..


လိုက်နာပါလို့ ပြောထားတဲ့ ကန့်သတ်ချက်လေးတွေကို လိုက်နာပေးကြည့်ကြပါလားရှင် ..


ဒါဆို .. လေယာဉ်အမှုထမ်းလေးတွေလဲ ..


အလုပ်ရှုပ် သက်သာသလို ..


ကျမ နဲ့ တခရီးတည်းသွားဖြစ်ခဲ့ရင်လဲ ..


" ကတောက် .. ဒင်း ကို ငါခေါင်းခေါက်ချင်လိုက်တာ" ဆိုပြီး ..


ကျမ အသည်းတယားယား မဖြစ်ရတော့ဘူးပေါ့ ..




တပိုင်တနိုင်လေးတွေ နဲ့ စမ်းသပ်ကြည့်ရအောင်လားရှင် ..


ဒါဆို တော်ရုံတန်ရုံ ..


" ဟင် ဒီလိုဖြစ်နေမှာပေါ့ .. သူတို့ က မြန်မာတွေကိုး" ဆိုတဲ့ ..


နှိမ့်ချတဲ့ အကြည့်တွေနဲ့လဲ အကြည့်မခံရတော့ဘူးပေါ့ ..




တကယ်တော့ မြန်မာ ဆိုတာ ..


နှိမ်ချခံ လူတန်းစား ဖြစ်ရလောက်တဲ့အထိ .. အတွေးအမြင် အသိတွေ အောက်ကျ နောက်ကျသေးတာမှ မဟုတ်တာ ..




သေးသေးဖွဲဖွဲလေးပါပဲ ..


ဒါပေမဲ့ ဒီလို သေးသေးလေးတွေကနေ ..


ဟိုး ကြီးကြီးမြတ်မြတ်တွေအထိ ..


ကျမ တို့ မြန်မာတွေ တနေ့ တက်လှမ်းနိုင်ကြမှာပါ ..




ပန်းတိုင်ဆိုတာ ရောက်ဖို့ ..


ခြေလှမ်းတလှမ်းကနေပဲ အစပြုကြရတာမဟုတ်လား ..




တနေ့နေ့ တော့ .. ကျမတို့ လဲ ပန်းတိုင် ကို ရောက်ကြရမှာပေါ့ ..




ဟုတ်ကဲ့ ..


ကျမ ကဉ္ဇနာ ပါ ရှင်





0 comments to “ကျွန်မ လေယာဉ် စီး ခရီးသည်”

Post a Comment