Thursday, October 10, 2013

ဆီးဂိမ်းပါဝင်မည့် ကျောင်းသား၊ ကျောင်းသူများကိုအချိန်ပိုသင်ကြားပေးမည်

,


ဆီးဂိမ်းတွင်ပါဝင်တင်ဆက်မည့် ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင် ခန်းစာများ နောက်မကျစေရန် ကျောင်းချိန်ပြင်ပတွင် အချိန်ပိုသင်ကြားပေးသွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
(၂၇) ကြိမ်းမြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်သရုပ်ဖော်တင်ဆက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပထမနှစ်ဝင်စာမေးပွဲများကို ယခင်ပုံမှန်အတိုင်း ဖြေဆိုရမည် ဖြစ်ပြီး ကျောင်းသင်ခန်းစာများအနေဖြင့်လည်း နောက်ကျမှုမရှိစေရန် ကျောင်းချိန်ပြင်ပ အချိန်ပိုသင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ အဆိုပါဌာနမှတာဝန်ရှိသူတစ်ဦးက "ဆီးဂိမ်းပြီးသွားရင် ကျောင်းသားတွေ သင်ခန်းစာတွေနောက်မကျအောင် ကျောင်းအုပ်တွေနဲ့ တိုင်ပင်ပြီး စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် တွေနဲ့ ညနေကျောင်းဆင်းချိန်တွေမှာ အချိန်ပိုသင်ပေးမယ်။ တစ်ကျောင်းကို ကျောင်းသားအရေအ တွက် အချိန်ပိုဆယ်ကြိမ်လောက်ခေါ်ပြီး သင်လိုက်ရင် သင်ခန်းစာတွေမီမှာပါ" ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းသားများအနေဖြင့် 'မျိုးဆက်သစ်တို့အားမာန်' အကဖြင့် ကျောင်း သား ၄၅၀ တင်ဆက်မည်ဖြစ်ပြီး 'ရွှေနိုင်ငံကကြိုနေမယ်' အကဖြင့်ကျောင်းသား ၁၀၀၊ Cheers Girls ဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ရာ စက်တင်ဘာ ၃၀ ရက်က ကျောင်းသား ၁၂၀ သည် နေပြည်တော် သို့သွားရောက်လေ့ကျင့်နေပြီဖြစ်ကြောင်း၊ ကျန်ကျောင်းသား ၄၅၀ သည် ယခုလ ဒုတိယပတ်ခန့်တွင် သွားရောက်လေ့ကျင့်မည်ဖြစ်သည်။
အဆိုပါ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစာပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်း ပေါင်း ၃၀ ကျော်မှ ကျောင်းသားပေါင်း ၃၀၀၀ ဝန်းကျင်ပါဝင်တင်ဆက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီးရှိ ကျောင်းပေါင်း ၂၂ ကျောင်းခန့်မှ ကျောင်းသားပေါင်း ၆၀၀ နီးပါးခန့် ပါဝင်တင်ဆက်မည်ဖြစ် ကြောင်းသိရသည်။
The Flower News Journal
Vol.9, No.39, October 8-14, 2013

0 comments to “ဆီးဂိမ်းပါဝင်မည့် ကျောင်းသား၊ ကျောင်းသူများကိုအချိန်ပိုသင်ကြားပေးမည်”

Post a Comment