Wednesday, October 9, 2013

ဆရာ၊ ဆရာမများ၏ လူနေမှုဘဝတိုးတက်မှု နောက်ကျကျန်မည်ကို စိုးရိမ်ကြောင်းသဝဏ်လွှာပို့

,


မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများတိုးတက်လာနေသော်လည်း ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမများ၏ လူနေမှုဘဝတိုးတက်မှုများနောက်ကျကျန်နေမည်ကို စိုးရိမ်မိကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းတို့၏ ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်စုပေါင်းသဝဏ်လွှာတွင် ရေးသားထားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီနိုင်ငံအသွင်သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲ နေ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်မှ တိုးတက်လာနေသော်လည်း တိုင်းပြည်၏အဓိက ရေသောက်မြစ်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးသည့် ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမများ၏ လူမှုဘဝတိုးတက်မှုများနောက်ကျကျန်နေမည်ကို စိုးရိမ်မိကြောင်း ဖော်ပြထားခြင်းဖြစ် သည်။
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းတို့အနေဖြင့် အရေးကြုံလာပါက ဆရာ၊ ဆရာမများဘက်မှ အမြဲရပ်တည်ဆောင်ရွက်မည်ကို အလေးအနက်ပြောကြားလိုကြောင်းနှင့် မိဘပြည်သူများအနေဖြင့် လည်း ဆရာ၊ ဆရာမများ၏ လူမှုဘဝမြင့်မားရေးကိစ္စတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဟု ယုံကြည်မျှော်လင့်ကြောင့် အောက်တိုဘာ ၅ ရက်၌ ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ပေးပို့မည့် သဝဏ်လွှာတွင်ရေးသားထားသည်။
လက်ရှိအချိန်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းသည် မတရားအပြစ်ပေးအမိန့်ချ၍ အရေးယူ ခံထားရသော အခြေခံပညာကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦးဘက်မှ ရပ်တည်ပေးလျက်ရှိနေ သကဲ့သို့ နိုင်ငံတော်၏ ပညာရေးမူဝါဒအတွက် အထောက်အကူဖြစ်စေရန် အဆင့်မြင့်ပညာရေးဆိုင်ရာ မူဝါဒသဘောထား စစ်တမ်းတစ်စောင်ကောက်ယူနေကြောင်း သိရသည်။
ယခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ "ဆရာ၊ ဆရာမအရေးကိစ္စတို့အတူတကွ တောင်းဆိုကြ" ဖြစ်ပြီးမြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများ၏ လူမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင် စုအဆင့်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအားလုံး ဝိုင်းဝန်းအဖြေရှာရမည်ဟု ထင်မြင်မိကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းတို့က ကမ္ဘာ့ဆရာ များနေ့သဝဏ်လွှာတွင် သုံးသပ်ထားသည်။

7Day Daily

0 comments to “ဆရာ၊ ဆရာမများ၏ လူနေမှုဘဝတိုးတက်မှု နောက်ကျကျန်မည်ကို စိုးရိမ်ကြောင်းသဝဏ်လွှာပို့”

Post a Comment