Thursday, October 3, 2013

တာလီဘန်တို့၏ တိုက်ခိုက်မှုကို ကာကွယ်ရန်ပျက်ကွက်သည့် အမေရိကန်ဗိုလ်ချုပ်နှစ်ဦး တာဝန်မှ ရပ်ဆိုင်းခံရ

,
 (၀ါရှင်တန်- အောက်တိုဘာ ၁) တာလီဘန် စစ်သွေးကြွများ ၀င်ရောက် တိုက်ခိုက် ခဲ့သည့် အာဖဂန်နစ်္စ တန်ရှိ ခံတပ်စခန်း တစ်ခုကို ခုခံကာကွယ်ရန် တာဝန် ပျက်ကွက်ခဲ့သော ဗိုလ်ချုပ်နှစ်ဦးကို တာဝန်မှ အနားယူရန် အမေရိကန် မရိန်း တပ်ဖွဲ့မှ အကြီးအကဲက အမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ် ချားလ်စ်ဂါးဂနော့စ်နှင့် ဗိုလ်ချုပ် ဂရပ်ခ်ျအေစတာ့ဒ်အီးဗန့်တို့ နှစ်ဦးသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ကာကွယ် နိုင်ရန်အတွက် ပြည့်စုံ လုံလောက်သော ခုခံ ကာကွယ်ရေး အစီအစဉ်များ လုပ်ဆောင်ခဲ့ခြင်း မရှိခြင်းကြောင့် ရာထူးမှ ရပ်စဲခံ ခဲ့ရခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဂျိမ်းစ် အာမော့စ်က ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် မရိန်းတပ် သားနှစ်ဦး သေဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ ၀င်ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းပြင် မရိန်းတပ်ဖွဲ့မှ Harrier အမျိုးအစား တိုက်လေယာဉ် ခြောက်စင်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုတွင် တာလီဘန် စစ်သွေးကြွ ၁၅ ဦးအနက် ၁၄ ဦးသေ ဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းဆီး ရမိခဲ့သည်။ စစ်သွေးကြွများအား တန်ပြန် တိုက်ခိုက်မှုတွင် အမေရိကန် မရိန်းတပ်ဖွဲ့ နှင့် ဗြိတိန်တော်ဝင် လေတပ်မှ အမြောက် တပ်ဖွဲ့များ ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဗိုလ်ချုပ်နှစ်ဦးအား အမေရိကန် ဗဟိုစစ်ဌာနချုပ်၌ စုံစမ်းစစ်ဆေး မှုများ လုပ်ဆောင်ရန် ဗိုလ်ချုပ်ကြီးအာမော့စ်က အမိန့်ထုတ်ပြန်ခဲ့ပြီး စစ်ဆေး တွေ့ရှိချက်များ အရ ၎င်းတို့ နှစ်ဦးအား တာဝန်မှ ရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 From: မြဝတီ

0 comments to “တာလီဘန်တို့၏ တိုက်ခိုက်မှုကို ကာကွယ်ရန်ပျက်ကွက်သည့် အမေရိကန်ဗိုလ်ချုပ်နှစ်ဦး တာဝန်မှ ရပ်ဆိုင်းခံရ ”

Post a Comment