Wednesday, October 2, 2013

ယာဉ်ရှေ့အောက်တန်းကျိုးပြီး လမ်းဘေးရှိဆိုင်းဘုတ်အားဝင်တိုက်

,

၂၆-၉-၂၀၁၃ ရက်နေ့ ၁၆၁၅ အချိန် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၊(၆၉/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ရန်ကုန်မှ နေပြည်တော်သို့ ပေါင်းတည်မြို့၊ မှတ်တိုင်လမ်း၊ ဘွဲ့ပင်ကန်ရပ်ကွက်နေ အေးကို(၅၂)နှစ် မောင်းနှင်လာသော၈ဈ/xxxx““မန္တလာမင်း””ခရီးသည်တင်ယာဉ်သည်
 ရှေ့အောက်တန်းကျိုး၍လမ်းယာဘက်မြေသားလမ်းပေါ်သို့ထိုးကျပြီး““ယာဘက်ကြောမှကပ်မောင်းပါ””ဆိုင်း
ဘုတ်အားဝင်ရောက်တိုက်မိရာယာဉ်၏ရှေ့လေကာမှန်ကွဲ၊၀ဲဘက်ရှေ့မီးလုံးကွဲ၊ ရှေ့ဘန်ဘာပြုတ်ထွက်၊
 ရှေ့ဝဲဘက်အဆင်း/ အတက်တံခါးကျိုးပဲ့၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၇)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အေးကို(၅၂)နှစ်အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments to “ယာဉ်ရှေ့အောက်တန်းကျိုးပြီး လမ်းဘေးရှိဆိုင်းဘုတ်အားဝင်တိုက် ”

Post a Comment