Monday, August 19, 2013

တာလီဘန်တို့က မြန်မာနိုင်ငံတွင် စစ်သင်တန်းတစ်ခု ဖွင့်လှစ်ထားကြောင်း အိန္ဒိယ သတင်းဌာန တစ်ခုက ဖော်ပြ

,
Jcorrection-19-8
မြန်မာနိုင်ငံအတွင်း တာလီဘန်တို့က စစ်သင်တန်းပေးနေသည့် သတင်းအား ဘင်္ဂလားဒေ့ရှ် ၀က်ဘ်ဆိုက်တစ်ခု၌ သြဂုတ် ၁၆ ရက်က ဖော်ပြထားစဉ်
အူရဒူဘာသာဖြင့် ရေးသားထားသော အင်တာနက် ဖိုရမ်တစ်ခုတွင် ပါရှိသည့် ကြည်လင်ပြတ်သားမှုရှိသော ဓာတ်ပုံ ၂၀ ကျော်အရ တာလီဘန်များသည် ရိုဟင်ဂျာများဟုခေါ်သည့် မွတ်စလင်များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် အင်ဒိုနီးရှား နိုင်ငံသားများကို စုစည်းကာ မြန်မာနိုင်ငံအတွင်းရှိ လျှို့ဝှက်နေရာ တစ်ခုတွင် စစ်သင်တန်းများ ပေးနေကြောင်း အိန္ဒိယအခြေစိုက် Asian News International (ANI) သတင်းဌာန၏ ရေးသားမှုကို ဘင်္ဂလားဒေ့ရှ် အင်တာနက် သတင်းစာတစ်စောင်တွင် သြဂုတ် ၁၇ ရက်က ဖော်ပြခဲ့သည်။
ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုတွင် ဇူလိုင် ၁၂ ရက်က အူရဒူဘာသာဖြင့် ပုံစာရေးထိုးထား ပါရှိခဲ့သည့် အဆိုပါ ဓာတ်ပုံများကို ‘Bab-e-Islam Jihadi Internet Forum’ တွင် ဖော်ပြခဲ့ကြောင်း အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းဆိုင်ရာ မီဒီယာသုတေသနသိပ္ပံ (MEMRI) ၏ ဂျီဟက်နှင့် အကြမ်းဖက် ခြိမ်းခြောက်မှု စောင့်ကြည့်ရေးအဖွဲ့ (JTTM) သုတေသနအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
ယခု ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများတွင် လူတစ်စုသည် မြန်မာနိုင်ငံအတွင်း တစ်နေရာ၏ စစ်သင်တန်းတစ်ခုတွင် လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို တွေ့မြင်ရသော်လည်း အဆိုပါ လေ့ကျင့်ရေးစခန်း၏ နေရာကို အတိအကျ ဖော်ပြထားခြင်း မရှိပေ . . . . .
MEMRI သည် အစ္စလာမ္မစ် အစွန်းရောက် မီဒီယာများတွင် ရေးသားထားသည့် အကြောင်းအရာများ၊ လူမှုမီဒီယာများတွင် ဒေသသုံး ဘာသာဖြင့် ချိတ်ဆက်လှုပ်ရှားမှုများကို ဘာသာပြန်ခြင်း၊ စောင့်ကြည့်ခြင်းများကို အထူးပြု လုပ်ဆောင်နေသည့် သုတေသနအဖွဲ့ ဖြစ်သည်။
ယခု ထွက်ပေါ်လာခဲ့သည့် ဓာတ်ပုံများတွင် လူတစ်စုသည် မြန်မာနိုင်ငံအတွင်း တစ်နေရာ၏ စစ်သင်တန်းတစ်ခုတွင် လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို တွေ့မြင်ရသော်လည်း အဆိုပါ လေ့ကျင့်ရေးစခန်း၏ နေရာကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။
သင်တန်းသားများက ၀တ်ပြုဆုတောင်းနေသည့် ပုံတစ်ပုံကိုလည်း ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မျက်နှာများကို ၀ါးထားသည့် ဓာတ်ပုံများတွင်လည်း တာလီဘန် အဆင့်မြင့် အရာရှိများက သင်တန်းပေးသည့်ပုံများ ပါရှိခဲ့သည်။
အူရဒူဘာသာဖြင့် ရေးသားထားသည့် ပုံစာကို JTTM အဖွဲ့က ဘာသာပြန်ဆို ဖော်ပြခဲ့ရာတွင် "ဤဂျီဟတ်တပ်ဖွဲ့သစ်သည် တပ်မှူးဆူဖီယာနှင့် အဘူအာရစ်တို့၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခဲ့သည်" ဟု ရေးသားထားသည်။
ထို့ပြင် တပ်သားသစ်များ၏ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်မှ တိုက်ခိုက်ရေးယာဉ် နှစ်စီးနှင့် စစ်သား ၁၇ ဦး သေဆုံးခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ စစ်သင်တန်းပေးမှုတွင် သင်တန်းသားဦးရေ ၁၀၀ မှ ၂၀၀ အကြား ပါဝင်ခဲ့ကြောင်း ဓာတ်ပုံများတွင် ပါရှိသည်။

မူရင်း - EMG

0 comments to “တာလီဘန်တို့က မြန်မာနိုင်ငံတွင် စစ်သင်တန်းတစ်ခု ဖွင့်လှစ်ထားကြောင်း အိန္ဒိယ သတင်းဌာန တစ်ခုက ဖော်ပြ”

Post a Comment