Friday, August 9, 2013

ဂျာနယ်တွေထဲ မပါ နာခဲ့ရတဲ့ဇာတ်တွေ

,


တပ်မတော်ထဲက လူတစ်ချို့ရဲ့ လွဲမှားမှုကို အခွင့်ကောင်းယူပြီး တပ်ကို ပေါက်ကရပြောသူ ဟိုလိုလို ဒီလိုလို ဒီမိုတွေရယ်၊ တပ်နဲ့ အပြိုင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေဟာ နောက်ဆုံးတော့ သူတို့ အပြစ်ဆိုသူ ခေါင်းဆောင်တွေကိုပဲ လက်ဆွဲနှုတ်ဆက် ဆီဦးထောပတ်တွေစား၊ ကိုယ့်ဇာတ်ကို နာအောင်ပြောပြီး ပြည်သူလက်ခုပ်သံကြားထဲမှာ ပျော်မွေနေတယ်။ ငြိမ်းချမ်းရေးအဖွဲ့ဆိုသူတွေလဲ ကိုယ်ပိုင်စီးပွားရေးနဲ့ ဖြစ်ချင်တိုင်းကို ဖြစ်လို့...


လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်ခဲ့ တဲ့ စစ်သည်/အရာရှိ တွေ ဘယ်နှယောက်များ သူကောင်း ပြုခံရဘူးလဲ။ ရှိတော့ရှိတယ် နည်းတယ်။ စစ်သားတွေမှာတော့ တပ်ချုပ်ကြီးနဲ့ သမ္မတကို လက်ဆွဲနှုတ်ဆက်ဖို့ နေနေသာသာ အပြင်မှာ မြင်တောင်မမြင်ဖူးပဲ။ သေသူ၊ ဒုက္ခိတဖြစ်သူတွေများ ထောင်သောင်းမက။ အလောင်းမပါပဲ ကျင်းပခဲ့တဲ့ ရက်လည်တွေဆိုတာ ဒုနဲ့ဒေး။ မိသားစုပျက်၊ လစာလေးနဲ့ မလောက်လို့ ကလေးတွေကျောင်း ထုတ်ထားသူ၊ ထမင်း ၂နပ်ကို ၁နပ်ထဲ ပေါင်းစားနေရသူတွေကို စစ်ခွေးလို့ သမုတ်သေးတယ်။

အခု ဥပမာ လက်ရှိမှာ စစ်သည်ကိုထားလိုက် စစ်ဗိုလ်တစ်ဦး မြစ်ကြီးနားကနေ ရန်ကုန်ကအမေ့အိမ် ပြန်ချင်ရင် ခွင့် ရ ပြန်ဖို့စရိတ် အခက်ခဲ အဆင့်ဆင့်ကို ကြံဆ ပြင်ဆင်ရတယ်။ ၈၈မျိုးဆက်ဆိုသူ တွေက ဒီနေ့ စင်္ကာပူသွားချင်တယ်ဆို နေ့ချင်းသော်လည်းကောင်း နောက်နေ့ ချက်ချင်းသွားလို့ရတယ်။ ဘယ်က ပိုက်ဆံမှန်းမသိ၊ စပွန်ဆာပေးချင်သူတွေက ထုနဲ့ဒေး။

ထောင်ထဲမှာ ပါးရိုက်ခံရတာ ဇာတ်နာအောင် မပြောပါနဲ့ စစ်သားလဲ တပ်ထဲမှာ အမှားကျူးလွန်ရင် ပါးရိုက်ခံ ဒဏ်ပေးခံရတာပဲ။ ဒါပေမယ့် ထောင်ထဲမှာ ကျဉ်ဆံမှန်လို့ငှက်ဖျားမိလို့မသေနိုင်ဘူး။ စစ်သားက အဲဒါတွေ အကုန်ဖြစ်နိုင်တယ်။

စစ်တပ်ကလူတွေ မိသားစုဝင်တွေကို Brain Wash လုပ်ခံထားရတာတဲ့။ သူတို့အချင်းချင်း သိပ်စောင့်ရှောက်ကျတာပဲတဲ့။ အသက်တွေ ဘ၀တွေပေးစတေးပြီး အပယ်ခံထားရသူတွေက ဘ၀တူ မိသားစုဝင်တွေအချင်းချင်း စောင့်ရှောက်တာ ဖေးမတာ အပြစ်လား။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် လုပ်မှာပဲ။ ကိုယ့်အချင်းချင်းမကြည့်ရင် ဘယ်သူ ကများ လာကြည့်မှာလဲ။

0 comments to “ဂျာနယ်တွေထဲ မပါ နာခဲ့ရတဲ့ဇာတ်တွေ”

Post a Comment