Tuesday, August 13, 2013

ဘူးသီးတောင်ထောင်အနီးတွင် ကန်တားနား ဂတ်တောက် ဟု သံပြိုင်ဟစ်ကြွေးကန့်ကွက်ခဲ့ကြ

,
စစ်တွေ ၊ ၁၃ သြဂုတ် ၂၀၁၃ ၊ Coral Arakan News ၊ [ ဓါတ်ပုံသတင်း ]

ယမန်နေ့ ၂၀၁၃-ခုနှစ် သြဂုတ် (၁၂) ရက်နေ့ မွန်းလွဲ တစ်နာရီ မိနစ်နှစ်ဆယ်ခန့်တွင် ဘူးသီးတောင် ဒေသခံ တိုင်းရင်းသား အယောက်နှစ်ရာကျော်ခန့်က ဘူးသီးတောင်ထောင်ရှိ မောင်တော ဇွန် ရှစ်ရက် အကြမ်းဖက် ဘင်္ဂါလီများအား လာရောက်တွေ့ဆုံသော ယူအန် ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကန်တားနား (Thomas Ojae Quintana) စီးနင်းလာသော ကားဖြတ်သန်းသွားစဉ် “Quintana ! Get out !” (ကန်တားနား ထွက်သွား) ဟု ထပ်ကာတလဲလဲ သံပြိုင် အော်ဟစ်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကန်တားနားသည် ဘူးသီးတောင်သို့ ရောက်သည်နှင့် မည်သည့်နေရာတွင်မှ မနားဘဲ ဘူးသီးတောင် ထောင်သို့ တစ်ခါတည်း တန်းသွားပြီး ၂၀၁၂-ခုနှစ် ဇွန်လ ရှစ်ရက်နေ့က မြို့လုံးကျွတ် ကုလားဦးရေအင်အားဖြင့် တိုင်းရင်းသားများအား အပြတ်ရှင်းပစ်ရန် အချိန်ကိုက် ကြံစည် ဆောင်ရွက်မှုကြောင့် အကျဉ်းကျနေကြသည့် ကုလားများအား တွေ့ဆုံမေးမြန်းပြီး၊ ပြီးစီးသည် နှင့်ချက်ချင်း စစ်တွေမြို့သို့ Speed Boat စီးကာ ပြန်သွားခဲ့သည်။

( Coral Arakan News )

0 comments to “ဘူးသီးတောင်ထောင်အနီးတွင် ကန်တားနား ဂတ်တောက် ဟု သံပြိုင်ဟစ်ကြွေးကန့်ကွက်ခဲ့ကြ”

Post a Comment