Monday, August 12, 2013

ကျိုင်းတုံ၊ မိုင်းဖြတ် မြို့နယ် များတွင် မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ပြုပြင် ဆောင်ရွက်ပေး

,
 နေပြည်တော် သြဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ် တို့တွင် သြဂုတ် ၁ဝရက်က မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မိုင်းဖြတ်- ဘူရှီးကားလမ်းပေါ်ရှိ ဝမ်ပုံတံတား ချဉ်းကပ်လမ်း အောက်ပိုင်း ရေတိုက်စားပျက်စီးခြင်း၊ နမ်းခမ်း ကျေးရွာနှင့် တာလေကျေးရွာ အနီး မိုင်းဖြတ်- တာချီလိတ် ကားလမ်းပေါ်သို့ အမြင့် ၄ ပေခန့် ရေတက်လာ၍ ယာဉ်များ ဖြတ်သန်းသွားနိုင်ခြင်းမရှိ တော့သဖြင့် လမ်းပိတ်နေခြင်း၊ ကျိုင်းတုံ- ဝမ်ပုံ သွားကားလမ်း မိုင် ၂ဝ/၄ နှင့် ၂ဝ/၆ ကြားတွင် လမ်းအောက်ခြေ ကမ်းပါး ပြိုကျ၍ လမ်းအကျယ် ၁ဝ ပေခန့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ ဆောက်လုပ်ရေး ဝန်ထမ်းများ ပူးပေါင်း၍ ပျက်စီးသွားသော တံတားများနှင့် လမ်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ကူညီဆောင်ရွက် ပေးခြင်းများ ပြုလုပ်ပေးသည်။
အလားတူ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက် ကျေးရွာအုပ်စု၊ ကတ်ဝုန်းကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နမ့်ပူးချောင်း ရေလျှံတက်ကာ အိမ်ခြေ ၂၇လုံး ရေနစ်မြုပ် ဝင်ရောက်ကာ မြေစိုက်အိမ် ၂လုံး ယိုင်လဲခဲ့သဖြင့် ကျေးရွာနေ ပြည်သူ များအား တပ်မတော်သားများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရေဘေး လွတ်ကင်းရာ ကတ်ထိုက် ကျေးရွာ ဘုန်းကြီးကျောင်းသို့ ကူညီရွှေ့ပြောင်း ပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments to “ကျိုင်းတုံ၊ မိုင်းဖြတ် မြို့နယ် များတွင် မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ပြုပြင် ဆောင်ရွက်ပေး”

Post a Comment