ဘုန်းဘုန်းရေ
တပည့်တော်
နဲနဲ ထပ်ဆွေးနွေးချင်သေးတယ်။
မေးခွန်း
နံပါတ် (၂)ကို တချို့ ကိုမေးကြည့်တော့ သူတို့က အစီးခံရတဲ့သူက
ဘ၀င်စိတ်ကျသွားတယ်လို့ပြော တယ်။ နောက် အိပ်ငွေ့ချခံရတဲ့သူနှင့်လည်း
တူတယ်လို့ပြောတယ်။ အဲဒါ ဘုန်းဘုန်း ဖြေပေးထားတဲ့ အဖြေ နှင့် သဘောတရားချင်းတူတယ် လို့
ပြောလို့ရလားဘုရား။
ဘုန်းဘုန်း
ရှင်းထားတာ ဖတ်ရင်းက တပည့်တော် မြေဇင်းနည်းနှင့် တရားအားထုတ်တဲ့ကိစ္စ ခေါင်းထဲဝင်လာ
တယ်။ သူတို့နည်း မှာ ယောဂီတွေကို နတ်ပြည်၊ ငရဲပြည် သွားကြည့်ခိုင်းတယ်ဆိုတာမှာ
ဘယ်လိုပုံစံမျိုး အဲဒီ ယောဂီက သွားတာလဲဆိုတာ နောက်မှ တပည့်တော်ကို စာပေနှင့်
ကိုက်ပြပေးပါအုံးဘုရား။
(၂)
အဖြေ။ ။ ဘ၀င်စိတ်ကျတယ်
ဆိုတာတော့စဉ်းစားရအုံးမယ်ကိုဝိ၊ ဘ၀င်စိတ်ကျနေ ချိန်မှာ လူတစ် ယောက်ရဲ့စိတ်ဟာ လုံးဝမသိနိုင်တော့ဘူးလို့
သတ်မှတ်ကြတယ်၊ ပုံမှန်လန်း ဆန်းနေချိန်နဲ့ ဘ၀င်ဇောစိတ်
လုံးဝမကျသေးချိန်စပ်ကြား အခြေအနေ မှာ ဖြစ်နိုင်မယ် လို့ ခန့်မှန်းမိတယ်၊
စာစကားနဲ့ဆို ဟဒယ၀တ္ထုရုပ်အား နည်းနေချိန်လို့ ဆိုရမလားပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဘ၀င်စိတ်ကျသွားတယ်
ဆိုရင် ဘာဆိုဘာမှ မသိနိုင် တော့ဘူး၊ အဲဒီဘ၀င်စိတ်မကျခင်လေးရှေ့ နား
ဇောစိတ်လေးတွေ မှာ ဖြစ်နိုင်တယ် လို့ သုံးသပ်မိတယ်၊ အိပ်ငွေ့ချခံရသူ အခြေအနေကိုတော့
နားမလည်လို့ မဆွေးနွေးတော့ပါဘူး၊
မြေဇင်းနည်းနဲ့
တရားအားထုတ်ပြီး နတ်ပြည် ဗြဟ္မာ့ပြည်ကိုသွားကြတယ် ဆိုတဲ့ကိစ္စမှာ စာပေနဲ့ ကိုက်ညီ နိုင်ပါတယ်၊
သူတို့က ခန္ဓာကိုယ်ကြီးကိုထားခဲ့ပြီး စိတ်နဲ့လှည့်လည်နေတာ လို့ လူတွေက ထင်နေကြတာ၊
တကယ်ဆို စိတ်က အာရုံတစ်ခု( အထူးသဖြင့် ရူပါရုံတစ်မျိုးမျိုး)ကို လှမ်းညွတ်လိုက်တာလို့
ဆိုနိုင်တယ်၊ စိတ်ကရူပါရုံဆီကို သွားတာမဟုတ်ဘူး၊ လှမ်းပြီး
အာရုံပြုလိုက် တာသက်သက်ပဲ၊ ဘုရားရဟန္တာများရဲ့ အဘိဥာဉ်တန်ခိုးနဲ့
လှမ်းကြည့်တဲ့ပုံစံမျိုးပဲ၊ ဒါပေမယ့် အာရုံမရှိပဲ စိတ်က ညွတ်ကိုင်းလို့ မရနိုင်ဘူး၊
တရား အားထုတ်နေချိန်မှာ စိတ်ကလဲသန့်ရှင်းစင်ကြယ်နေ၊ သမာဓိကလဲ
အားကောင်းနေလေတော့ မြင်ချင်တယ် လို့ စိတ်က
ညွတ်ကိုင်းလိုက်တာနဲ့ ပုံဖော်ပြီးမြင်ကြရတယ် ပေါ့။
ဒီနေရာမှာ
ပုံဖော် ဆိုတဲ့ စကားလုံးကို သတိထားစေချင်တယ်၊ တစ်ချို့ယောဂီတွေ တာဝတိံသာက စူဠာမဏိ
စေတီတော်ကို ဖူးရတယ် တဲ့၊ မြင်ဖူးတယ် ဆိုတဲ့ ယောဂီနှစ်ယောက်ကို တချိန်စီ
မေးကြည့်တော့ မြင်ရတဲ့ အနေအထားချင်း မတူညီကြပြန်ဘူး၊ ဒါဟာ ရှေးက
မမြင်ဖူးသေးတဲ့အရာတခုကို ပုံဖော်ကြည့်တယ်၊ စိတ်နဲ့ အာရုံပြုကြည့်တယ် လို့
ပြောရမယ်၊ ဦးနှောက်ထဲမှာ ရှေးက မှတ်သားထားတဲ့သညာသိ ဆိုတာ မရှိသေးလို့ပါ၊ ယခုခေတ်အခြေအနေနဲ့ဆိုရင် ကွန်ပြူတာတခုမှာ
ဆော့ဝဲလ်အသစ်တခု install မမောင်းရသေးဘူး ဆိုရင် အစိမ်းသက်သက် မမှတ်မိသေးသလိုပေါ့၊ အဲ.
မှတ်သားထားဖူးရင်တော့ တခုခုအလုပ်လုပ်တော့မယ် ဆိုတာ နဲ့ ကွန်ပြူတာက သတိပေးတော့တာပဲ။
သူမှတ်မိနေတယ် ဆိုတဲ့သဘောပဲ၊
သညာသိ
ဆိုတာလဲအတူတူပဲ၊ ဥပမာအနေနဲ့.. မွေးရာပါ မျက်စိကန်းနေသူတစ်ယောက်ဟာ ဆင်သတ္တ၀ါ ဆိုတာ
မမြင်ဖူးသေးတော့ သူများပြောစကားနဲ့ ပုံဖော်ပြီးသာ သိနိုင်တယ်၊
ဆင်ကိုမြင်ဖူးသူကတော့ ဆင် ဆိုတဲ့စကား ကြားလိုက်တာနဲ့ မျက်လုံးထဲမှာ
ဆင်ပုံစံကြီးပေါ်နေပြီ။ ဒါဟာ ဦးနှောက်နဲ့ ရှေးယခင်က သညာ သိအနေနဲ့ memorized လုပ်ထားခဲ့ဖူး လို့ ပေါ်နေ နိုင်တာ ဖြစ်ပါတယ်။
နံပါတ်
(၃) မေးခွန်းနှင့်ပတ်သက်ပြီး တပည့်တော် အခုကြုံရတဲ့ တစ်ယောက်ကို မေးကြည့်တာမှာတော့
သူက လုံးဝ Unconscious ဖြစ်သွားတာမျိုး မဟုတ်ပဲ sub conscious
ပုံစံဖြစ်နေတာတွေ့ရတယ်။ သူ့ကိုဝင်ပူးပြီး ပြောနေတာတွေကို အချို့ ကို သူသိနေတယ်။
နောက် သူ့ကို ၀င်စီးတဲ့သူနှင့်ပါလာတဲ့ တခြားသူတွေကိုပါ သူက မြင်နေရတယ်လို့
ပြောတယ်။ (အဲဒီအပေါ်မှာ တပည့်တော်က သံသယဖြစ်နေတယ်။)
(၃)အဖြေ။
။ ဒါကလဲ ၀င်စီးမယ့်တစ္ဆေသူရဲ ရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနဲ့
ဝင်ပူးခံရမယ့်သူရဲ့ စိတ်ခံစားချက် အခြေအနေပေါ်မှာ မူတည်လိမ့်မယ်၊ ဥပမာအနေနဲ့.
ကြောက်စရာကောင်းတဲ့ movie တခုကိုကြည့်နေတာ ချင်းအတူတူ တချို့က တကယ်ပဲ
mood၀င်ပြီးခံစားနေလေတော့တကယ်ထိတ်လန့်ကြောက်ရွံ့နေကြတယ်၊ တစ်ချို့ကတော့
ပေါ့ပေါ့ပါးပါ့း စားရင်းသောက်ရင်း ရယ်လိုက်မောလိုက်ကြည့်နေနိုင်ကြတယ်၊ အဲဒီသဘော အတိုင်း
ဝင်စီးခံရမယ့်သူရဲ့ လက်ခံခြင်းစိတ်အခြေအနေပေါ်မူတည်ပြီး Unconscious/ Subconscious
နှစ်မျိုးလုံး ဖြစ်နိုင်မယ် လို့ ထင်မိတယ်။
နောက်တချက်
သူ့ကိုဝင်စီးတဲ့သူနဲ့ပါလာတဲ့တခြားသူတွေကိုပါ သူကမြင်နေရတယ် ဆိုတာလဲ မိမိမေးဖူး သလောက်
သူတို့လဲ မြင်ရပါတယ် တဲ့။ စိတ်ချင်းဆက်သွယ်နေခြင်း၊ စကားအပြန်အလှန်ပြောခြင်း၊
ရုပ်ရည် ချောမောတာ၊ လှပတာ၊ ရုပ်ဆိုးတာ စတာတွေလဲ မြင်ရပါသတဲ့။
နံပါတ်
(၄) မေးခွန်းမှာ body temperature က တပည့်တော် သူ့ကို ၀င်ပူးနေတဲ့အချိန်မှာ
လက်ဖ၀ါးတွေကို ကိုင်ကြည့်တော့ ပုံမှန်အတိုင်း နွေးနေတယ်ဘုရား။ မျက်လုံးတွေကိုတော့ ပူးနေစဉ်တစ်လျှောက်လုံးမှာ
မှိတ်ထားတယ်။ (လက်တွေပုံမှန် အတိုင်းနွေးနေတာအပေါ်မှာ တပည့်တော်
သံသယဖြစ်မိလို့ဘုရား)
(၄)အဖြေ။
။ လူတစ်ယောက်သေဆုံးသွားပြီဆိုရင် ဆေးပညာအရ အနည်းဆုံး(၂)နာရီ လောက်ကြာမှ
ခန္ဓာကိုယ်ကြီးတောင့် တင်းအေးစက်သွားတယ် လို့ သိရတယ်၊ ၂ နာရီအတွင်းပျော့ပျောင်းနေဆဲ၊
နွေးနေဆဲမို့၊ ရေချိုးပေးတာ၊ အ၀တ်အစား လဲလှယ်ပေးတာ လုပ်နိုင်ကြသေးတယ်၊
အချိန်ကြာသွားတော့မှ တောင့်တင်း အေးစက်သွားတာ ထုံးစံပါ၊
ဗုဒ္ဓစာပေသဘော တရားအရ
စုတိစိတ်ချုပ်တာနဲ့ကမ္မဇရုပ် လဲ ချုပ်သွားပြီ၊ သို့သော် အချိန်အတိုင်းအတာတခုအထိ
အာဟာရဇရုပ်ေ တွ၊ ဥတုဇရုပ်တွေ မချုပ်သေးဘူး၊ အလုပ်လုပ်နေ သေးတယ်၊ ဒါကြောင့်
ခန္ဓာကိုယ်မှာ အနွေးဓာတ်ရှိနေသေးတယ်၊ အဲ စောစောကလို ၂နာရီနောက်ပိုင်း ဆိုရင်တော့
ရုပ်အားလုံး သေဆုံးသွားတယ်၊ အေးစက်တောင့်တင်းသွားတယ်ပေါ့၊
အဲဒီတော့.. အခုသူရဲဝင်စီးခံရသူမှာ လက်ကအနွေးဓာတ်ရှိနေသေးတာ မထူးဆန်းပါဘူး၊ သူ့မှာ အသက်လဲ မသေသေး ဘူး၊ စောစောက ရုပ်တွေအားလုံး ပုံမှန်အလုပ်လုပ်နေ သေးတယ်၊ စက္ကန့်ပိုင်းလေးအတွင်းနဲ့ အေးစက်နေရမယ်ဆိုတာ လုံးဝမဖြစ် နိုင်သေးဘူး လို့ ဆိုရပါမယ်၊ အဲဒီအတွက် သံသယဖြစ်စရာမလိုပါဘူး။
နံပါတ်
(၅) မေးခွန်းက တပည့်တော်ကြုံလိုက်ရတဲ့ တစ်ယောက်ကတော့ ရေတောင်းသောက်သွားလို့ဘုရား။
အဲဒါ မေးကြည့်တာ။
(၅)
အဖြေ။ အင်း .. ဒါလဲ ဖြစ်နိုင်ပါတယ်၊ တကယ်ဝဋ်ကြွေးပါလာတဲ့သူတွေက ပါးစပ်ထဲ
ရေတွေလောင်း ထည့်ပေးတာတောင် လုံးဝရေတွေမ၀င်ပဲ ရေငတ်တဲ့ဒဏ်ကို
ခံကြရတဲ့နာနာဘာဝတွေရှိခဲ့ကြတာပဲ၊ ယခုလဲရှိ ဆဲ၊ နောင်လဲ ရှိနေကြအုံးမှာ၊ “ဘယ်သူမပြု
မိမိမှု” ပဲပေါ့။
နံပါတ်
(၈) မေးခွန်းက တပည့်တော် အခုကြုံခဲ့တဲ့တစ်ယောက်က မ၀င်ခင်မှာ ထိုင်ရ့က်နေ အရှေ့ ကို
မှောက် ချသွားပြီး ပြန်မတ်လာတဲ့အချိန်မှာ ၀င်သွားပြီ။ နောက်ပြန်ထွက်တော့ကျတော့
တစ်လျှောက်လုံး မျက်လုံး တွေမှိတ်ပြီး ငိုနေရာကနေ မျက်လုံးတွေကို ပွတ်လိုက်ပြီး
ဖွင့်လိုက်တော့ မူလလူဖြစ်သွားတယ်။ အဲဒါကို လည်း သံသယ၀င်မိတယ်။
(၈)
အဖြေ။ ။ မိမိကြုံခဲ့ဖူးတဲ့ လူလဲအတူတူပဲမို့ ဖြစ်နိုင်မှာပါ၊ အဲ.. တကယ်ဝင်ပူးတာလား
မပူးဝင်ပါဘဲ ဟန်ဆောင်လုပ်နေတာလား ဆိုတဲ့သံသယကိုတော့ ကိုယ့်ဘာသာ
ဆုံးဖြတ်ကြည့်ပေတော့..
နံပါတ်
(၉) မေးခွန်းမှာ တပည့်တော်နှင့် တခြားလူတွေ ဖြစ်စဉ်တလျှောက်လုံးမှာ
ကြက်သီးတောက်လျှောက် ထနေတယ်ဘုရား။ အဲ တစ်ယောက်ကတော့ သူဘာမှ မဖြစ်ဘူးလို့ပြောတယ်။
နောက် သူက အခုဝင်ပူး တဲ့ကိစ္စကိုလည်း ၁၀၀ ရာခိုင်နှုန်း မယုံကြည် ဘူးလို့ပြောတယ်။
အဲဒီမှာ ဘာသတိထားမိလဲဆိုတော့ ယုံတဲ့သူ တွေအကုန်လုံးက ကြက်သီးထပြီး မယုံတဲ့သူက
ဘာမှမဖြစ် ဘူးဆိုတာ ထူးခြားနေတယ်။
(၉)
အဖြေ။ ။ ကြက်သီးမွေးညှင်းထခြင်း၊ မထခြင်းကတော့ လူတိုင်းဖြစ်ရမယ်လို့
သတ်မှတ်ချက်မရှိဘူး၊ အရင်အဖြေမှာလဲ ပါပြီးသားပါ၊ မိမိလဲ အရင်ကသိပ်အယုံအကြည်မရှိခဲ့ဘူး၊ကိုယ်တိုင်မကြုံတွေ့ခင်ကပေါ့၊
အဲ တကယ်ကြုံပြန်တော့လည်း မယုံသေး လို့လား၊(ဒါမှမဟုတ်)ကြောက်ရကောင်းမှန်းမသိလို့လား
မပြောတတ်၊ ကြက်သီးမွေးညှင်း လုံးဝမထခဲ့ဘူး၊ အဲဒါက စိတ်ဓာတ် ခံနိုင်ရည်ရှိမှုနဲ့
သက်ဆိုင်လိမ့်မယ်၊
သာဓကအနေနဲ့
ကြည့်လေ. ငါးရာ့ငါးဆယ် ဇာတ်တော်တွေထဲမှာ ကြောက်စရာကောင်းတဲ့ အရုပ်ဆိုးဆိုး ကြမ်းကြမ်းတမ်းတမ်း
ဘီလူသူရဲကြီးတွေကို မြင်ရတော့ သာမာန်လူတွေက ကြောက်လန့်ထွက်ပြေးကြ ပေမယ့်
ဘုရားအလောင်းတော်တို့ကျတော့ သူသေကိုယ်သေ ချသင့်ရင် ချမယ် ဆိုပြီး တိုက်ခဲ့တာပဲ၊ ဒါဆို
သူက ဘုရားအလောင်းတော်မို့လို့ပါ လို့ ဆင်ခြေပေးစရာရှိတယ်၊ တကယ်တော့သူလဲ အဲဒီအချိန်က
သာမာန် ပုထုဇဉ်လူသားတစ်ဦးပဲ ရှိသေးတာပါ၊ ဒါပေမယ့်လုံးဝ ကြက်သီးမွေးညှင်းမထခဲ့ဘူး၊
မကြောက်ရွံ့ခဲ့ဘူး၊ လူချင်းတူသော်လည်း ရဲရင့်တဲ့စိတ်ဓာတ်ချင်း၊
ကြောက်စိတ်ဓာတ်ခံအားနည်းခြင်း၊ မနည်းခြင်းနဲ့ သက်ဆိုင် ပါလိမ့်မယ်။
ဘုန်းဘုန်းရေ
တပည့်တော်မေးခွန်းတွေကို
သေသေချာချာ ပြန်ပြီး ဖြေကြားပေးတာကို ကျေးဇူးအထူးတင်ပါတယ်ဘုရား။ ဒီလောက်ဆို
တပည့်တော် ပို့စ်ရေးရဲပါပြီ။ပထမရေးဖို့ကို တော်ကြာ မဖြစ်နိုင်တာကြီးရေးတယ်လို့
ပြောကြမှာ စိုးလို့ဘုရား။အခုလောက် ဆို ရေးဖို့ အတွက် အထောက်အထားတော်တော်လေး
ခိုင်လုံသွားပါပြီဘုရား။
တပည့်တော်
ရေးပြီး tag လိုက်ပါ့မယ်ဘုရား။
ရိုသေစွာဖြင့်
ကိုဝိ
စာကြွင်း။ ။ ပထမပိုင်းနှင့်
ဒုတိယပိုင်းကို ဆက်စပ်ဖတ်ရှုမှသာ အဖြေအားလုံးကို ခြုံငုံသုံးသပ်ကာ ပြည့်ပြည့်စုံစုံ
နားလည်နိုင်မှာ ဖြစ်ပါတယ်၊ ပထမပိုင်းအမေးအဖြေများကိုဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
ဒီအမေးအဖြေများအပြီးမှာတော့
ကိုဝိဆီက “ကူညီပေးပါလို့ ဆိုလာကြသူများ” ဆိုတဲ့ သူရဲတစ္ဆေ၀င်ပူးခံရပြီး ကျွတ်ချင်လို့
အကူအညီတောင်းတာကို ကြုံခဲ့ရတဲ့ တိုကျိုမြို့က ဂျပန်လူမျိုးမိသားစုတစ်စုရဲ့ နှစ်ပေါင်းငါး
ဆယ်ကျော်ကာလပတ်လုံး နာနာဘာဝပရလောကသားအဖြစ်ကျင်လည်ခဲ့ရသည်များကို ရေးသားထားသော၊ ထေရ၀ါဒဗုဒ္ဓဘာသာရဟန်းသံဃာများ
နှင့် မဟာယာနဂျပန်ဘုန်းကြီးတို့၏ ဘုန်းကံပါရမီချင်း၊ အရည်အချင်း အကျင့်စာရိတ္တ၊ သီလသမာဓိ၊ပညာဂုဏ်တို့
ကွာခြားကြပုံ၊ ပရလောက၀ိဥာဉ်သားတို့အတွက်မည်မျှအထိအကျိုးကျေးဇူးခံစားရပုံတို့ကိုကိုယ်တွေ့ဖြစ်ရပ်အဖြစ်
ဖော်ပြထားသော ဆောင်းပါးကောင်းလေး တပုဒ်ပေါ် ထွက်လာတယ်၊
တစ်ခုခုလုပ်မယ်ဆိုတိုင်း အရာရာမှာ
စေ့စပ်သေချာစွာတွေးခေါ်တတ်တဲ့ သူ့စိတ်ကူးလေး များကို နမူနာယူစရာများအဖြစ် မှတ်တမ်းတင်မိပါတယ်၊
အခုလို စေ့စေ့စပ်စပ် တွေးခေါ်ပြီး စာရေးသူကို မေးခဲ့လို့လဲ ပြည့်စုံတဲ့ ဒီလိုအဖြေမျိုးကို
ဖြေဖြစ် သွားတာပါ၊ မေးတတ်တဲ့ကိုဝိကို ဒီနေရာကနေ ကျေးဇူး တင်စကား ပြောကြားလိုက်ပါတယ်။