Thursday, August 22, 2013

အမေနှင့် သူ၏သမီးများ

,


ငယ်ငယ်တုံးက အလှူ၊ မင်္ဂလာဆောင်ပွဲတွေ သွားရင် သီချင်းတပုဒ်မှာ
“အမေပြောမှ အမောပြေဆိုတာသူ့ မျက်နှာလေးပါ”လို့ ကြားဖူးတယ်။ဆိုသူလည်းကောင်း၊ ဖွဲ့သူလည်းကောင်းတော့ သီချင်းပေါ်မှာ ရသခံစားမှုတွေ လွင့်မျော့မိကြတယ်။
ရက်မမှတ်မိတော့ဘူး။ ရေဒီယို ကောက်ကိုင်လိုက်တော့ ရခိုင်ပြည်နယ်အစိုးရက ဘူးသီးတောင်၊ မောင်တောမြို့နယ် တွေမှာမူဆလင်ဘင်္ဂလီတွေကိုသားသမီး(၂)ယောက်ထက်ပိုမယူရ၊ ဥပဒေပြဌါန်းတာကို အမေစုနဲ့RFA က ဦးခင်မောင်စိုး ( မူဆလင် ဘာသာမှ ဟန်ပြဗုဒ္ဒဘာသာပြောင်းသူ ) တို့အမေး၊အဖြေ လုပ်တာကြား လိုက်ရတယ်။ အမေက ဒီဥပဒေဟာ လူ့အခွင့်အရေး ချိုးဖေါက်တာတဲ့။ ဥပဒေတစ်ခုဟာ ဒေသတစ်ခု၊ လူတစ်စု အတွက်မဖြစ်သင့်ဘူးတဲ့။ သားသမီးဦးရေ ကန့်သတ်တာဟာ ကာယကံရှင်၊ မိသားစုတွေ စဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စတဲ့။ ဒီဥပဒေကို လူ့အခွင့်အရေးနဲ့ဥပဒေရှု့ဒေါင့်က ကြည့်ပြောတာပါတဲ့။

အမေပြောမှ အမောဆို့ရပြီ အမေရယ်။ အမေကို အမြဲအမေဖြစ်စေချင်ပါတယ်။ အမေဟာ ကျွန်တော်တို့ရဲ့အမေပါ။ ရခိုင်ပဋိပက္ခ္ခ အစပျိုးရာ ကျောက်နီမော်၊ မသီတာထွေး အသတ်ခံရမှုကြောင့် တောင်ကုတ်လူသတ်မှုမှာ “လူများစုကလူနည်းစုကို” ဆိုတဲ့ အနိုင်ကျင့်သလိုအပြောကြောင့် မောင်တောမှာ တိုင်းရင်းသားတွေ အသတ်ခံရ၊ရွာမီးရှို့ခံရတယ်အမေ။

လူဆိုတာဒီကနေ့ ကမ္တာမှာ လူ့အခွင့်အရေးဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ် ပြောနေကြတယ်။

ဒါကြောင့် ၁၉၄၈-ခု ဒီဇင်္ဘာ (၁၀)ရက်နေ့ ကမ္တ္တာ့ကုလသမဂ္ဂမှ ထုတ်ပြန်တဲ့ ကျေညာစာတမ်းကို လေ့လာဖတ်ရှု့မိတယ်။”လူတိုင်းတွင် တူညီလွတ်လပ်သောဂုဏ်သိက္ခါဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွါးလာကြသူများဖြစ်သည်။ထိုသူတို့၌ ပိုင်းခြားဝေဖန် တတ်သောဥာဏ်နှင့်ကျင့်ဝတ်၊သိတတ်သောစိတ်တို့ရှိကြ၍ အချင်းချင်း မေတ္တာထား ဆက်ဆံကျင့်သုံးသင့်၏။

” အပိုဒ် (၁) မှာ အဓိပ္ပါယ်ဖွင့်ဆိုတယ်။ ကြော်ငြာစာတမ်းရဲ့အပိုဒ်တိုင်းမှာတွေးခေါ်စရာ အများကြီးပါတယ်။ တော်တော့ကိုလေးနက်၊ကျယ်ပြန့်ပါတယ်။

လူကို တန်းတူ၊ရည်တူ ထားတယ်။ လွတ်လပ်ခွင့်ပေးတယ်။ ပရမ်းပတာ လွတ်လပ်ခွင့်၊တန်းတူခွင့် မပြုပါဘူး။ ပုခုံးနှစ်ဖက်ကြားခေါင်းထွက်တိုင်း လူလို့သတ်မှတ်မထားဘူး။ ဂုဏ်၊ သိက္ခါ၊ ကျင့်ဝတ်၊သိတတ်တဲ့စိတ်၊ ပိုင်းခြားဝေဖန်တတ်တဲ့ဥာဏ်၊ မေတ္တာတရားတွေနဲ့ လူ့တန်ဘိုး(လူ့စံ)ကို သတ်မှတ်ထားပါတယ်။

ဘင်္ဂလားဒေ့ခ်ျ၊တက်ကနက်ခ်မှာမိန်းမ(၇)ယောက်ယူပြီးသားသမီး(၄၂)ယောက်မွေးထားတဲ့မိသားစုတွေ့ခဲ့ဖူးပါတယ်။ဒီအချိန်မှာသူဟာအသက်(၄၅)နှစ်ဝန်းကျင်ရှိသေးတယ်။နောက်ဘယ်လောက် မွေးလဲမသိဘူး။ အာလီဥဆောင်းတဲ့။ သူ့ပွဲရုံမှာလုပ်တဲ့အလုပ်သမားတွေမှာလည်း အနည်းဆုံးမိန်းမ(၃)ယောက်ရှိကြတယ်။၊

ရခိုင်မှာ လူဦးရေစာရင်းကောက်တော့ မူဆလင်ဘင်္ဂလီ မိသားတစ်စု(၈၂) ဦးထိ တွေ့ထားပြီးပြီ။ အဲဒီသတင်းကို အမေကြားဖူးပါလေစ ။ တိုင်းပြည်လည်းဆင်းရဲ၊ အလုပ်အကိုင် အခွင့်အလမ်းလည်းရှားပါး၊ မိသားစုတာဝန် ပိလေးတယ်။

မိန်းမကို (၁) ယောက်ယူပြီး သားသမီးကို ကိုယ်တာဝန်ထမ်းနိုင်သလောက်ယူသင့်တယ်။ သွားပြောကြည့်ကြပါလား။ ငါတို့အခွင့်အရေးကို၊ လာပိတ်ပင်နေတာလားလို့ ပြန်မေးကြပါလိမ့်မယ်။

ဇွန်လပဋိပက္ခမှာ ဋ္ဌာနေ ရခိုင်လူမျိုးတွေ မလုပ်နိုင်တဲ့ အလုပ်ကိုလုပ်ပြခဲ့ကြပါတယ်။ အိမ်ကိုဝင်ထွက်၊ စားသောက်ပြီး သုံး၊လေး၊ငါးနှစ် စာသင် ပြခဲ့တဲ့ ဆရာကို ဓါးနဲ့ခုတ်၊သတ် ခဲ့ကြပါတယ်။ သူတို့ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်လင်မယားကို ဓါးနဲ့ထိုးသတ်ခဲ့ ကြပါတယ်။ စစ်တွေမှာဆို ကိုယ့်အိမ်ကိုယ်မီးရှိုးပြီး ထွက်ပြေးသွားကြတာပါ။

ရခိုင်သမိုင်းကို ရစရာမရှိအောင် ဖျက်ဆီးထားကြပါပြီ။ သမိုင်းကိုအမှန်ဖေါ်ပြပြီး နိုင်ငံသားဖြစ်ခွင့်ကိုသာ တောင်းဆိုသင်ပါ့တယ်။
လောဘတက် နယ်မြေကိုပိုင်ဆိုင်ခွင့် မတောင်းသင့်ပါဘူး။ နိုင်ငံသားဖြစ်ချင်ရင် ရခိုင်သမိုင်း၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်စကား၊ ရခိုင်တို့ ကိုးကွယ်တဲ့ဘာသာကို တန်ဘိုးထားရပါမယ်။ ရခိုင့်မြေကို ကာကွယ်စောင့်ရှောက်သင့်ပါတယ်။ဖဲ့ယူဖို့မကြိုးသင့်ပါဘူး။ ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှု၊
စာပေရှိဟန် ကမ္တာကိုလိမ်ညာဖို့ မသင့်ပါဘူး။

လူ့အခွင့်အရေး ကျယ်ကျယ်ပြောတဲ့ OIC ဟာ အစ္စလာမ်ဘာသာမဟုတ်တဲ့နိုင်ငံတွေမှာ မွတ်ဆလင်တွေ ပြဿနာဖြစ်၊ဒုက္ခရောက်ကြပြီဆိုရင် လူ့အခွင့်အရေးကို အမြဲပြောပါတယ်။

ဥရောပရောက်၊ အမေရိကရောက် မွတ်ဆလင်တွေကလည်း UN စင်မြင့်၊ လွှတ်တော်အဆောက်အဦးအောက်ကနေ လူ့အခွင့်အရေးအကြောင်း အသံကောင်းဟစ်ကြပါတယ်။

ဘင်္ဂလီကိုရိုဟင်ဂျာဖြစ်အောင်၊ ၁၉၈၂-ခု လ၀က ဥပဒေကို ပြင်ဆင်ပြီး နိုင်ငံသားဖြစ်အောင်လုပ်ဖို့ ကြိုးစားကြပါတယ်။ ဒီနိုင်ငံ၊ ဒီလူတွေက လူ့အခွင့်အရေး၊ သိပ်တန်ဘိုးထား လေးစားကြလားဆိုတော့ ဒီလိုလည်းမဟုတ်ပါဘူး။

အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လူတွေ၊နိုင်ငံတွေမှာမွတ်ဆလင် ယောင်္ကျားတစ်ယောက်ဟာမိန်းမသုံး၊လေးယောက် ယူလို့ရပါတယ်။ မိန်းမ တွေကျတော့ အငယ်၊
အနှောင်းထားလို့ လုံးဝမရပါဘူး။ နောက်အိမ်ထောင်ပြုတာ လုံးဝခွင့်မပြုပါဘူး။ အယူသီးတဲ့နိုင်ငံတွေမှာ သမီးကို ဖခင်ကိုယ်တိုင် လူမြင်ကွင်းမှာသတ်ပစ်ပါတယ်။

ပထမအိမ်ထောင်မှာကတည်းက မွတ်ဆလင်မိန်းမဟာ အပျိုစစ်ရပါတယ်။ မွတ်ဆလင် ယောင်္ကျားက လူပျိုစစ် စရာမလိုပါဘူး။ အိမ်ထောင်ကွဲချင်ရင် မွတ်ဆလင်မိန်းမကကွဲချင်လို့မရပါဘူး။ မွတ်ဆလင် ယောင်္ကျားသဘောတူ ခွင့်ပြုမှကွဲလို့ရပါတယ်။မွတ်ဆလင် ယောင်္ကျားကကွဲချင် ရင် “တာလဘ်”လို့ (၃)ကြိမ်ဆိုရုံနဲ့ ကွဲလို့ရပါတယ်။
မယားကြီးက မယားငယ်တွေကို စီမံအုပ်ချုပ်ရပါတယ်။ မိန်းမတွေဟာ စီးပွါးရေး၊ လူမှုရေး ကိစ္စတွေမှာ ဆုံးဖြတ်ပိုင်ခွင့် မရကြပါဘူး။ ထားရာနေ၊ စေရာသွား၊ ပေးသလောက်ယူ ဘ၀မျိုးမှာ နေကြရပါတယ်။

ရခိုင်ဖက် မှာဆို မွတ်ဆလင်မိန်းကလေးဖက်ကမွတ်ဆလင်ယောင်္ကျား(သတိုးသား)ကို လုပ်ကိုင်စားသောက်ဖို့ ရွှေငွေ ပေးရပါတယ်။ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ(နိုင်ငံ) တွေဟာ လူ့အခွင့်အရေး၊ ပြောနေကြပေမဲ့ မိန်းမတွေဟာ လူ့အခွင့်အရေးမဲ့နေဆဲ၊ လူရာမ၀င်ဘဲ ဖြစ်နေကြပါသေးတယ်။

ဂျာနယ်မှာ ဖတ်လိုက်ရပါသေးတယ်။ သြစတြေလျှ အမျိုးသမီးတယောက် ဒူဘိုင်းဟော်တယ်တစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း မွတ်ဆလင်ယောင်္ကျားသုံးယောက် မုဒိမ်းကျင့်တာခံလိုက်ရပါတယ်။ ဒါကိုတရားစွဲဆိုတော့ မျက်မြင်သက်သေမရှိလို့ဆိုပြီး တရားရုံးကမုဒိမ်းကျင့် ခံရသူအမျိုးသမီးကို ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

အာဖဂန်မှာလည်း ကျင့်ဝတ်ဖေါက်ဖျက်သည့်ပြစ်မှုနဲ့ ထောင်ဒဏ်ကျခံရတဲ့ မွတ်ဆလင်အမျိုးသမီးတွေများလာပါတယ်။ အများစုဟာအတင်း အကျပ်ဖိအားပေး လက်ထပ်စေမှု၊ အိမ်တွင်းအကြမ်းဖက်မှုမှ တိမ်းရှောင်မှုတို့ဖြစ်ပါတယ်။အဓမ္မပြုကျင့်ခံလိုက်ရသော်လည်း အိမ် ထောင်ရေးဖေါက်ပြန်သည်ဟုစွပ်စွဲကာထောင်နန်းစံကြရပါတယ်။

၂၀၀၉-ခုနှစ် UN မှလူ့အခွင့်အရေးနှဲ့ထုတ်ပြန်ချက်တခုမှာ ဒီပြစ်မှု တွေနဲ့ထောင်ကျတဲ့သူ(၆၀၀) ကျော်ရှိတယ်။ဒီအထဲ(၁၁၀) ဟာ(၁၈) နှစ်အောက် ကလေးတွေဖြစ်တယ်။ ဒါတွေကိုတားမြစ်ပိတ်ပင်တဲ့ ဥပဒေကို သမ္မတကထုတ်ပြန်ခဲ့ပါတယ်။ လွှတ်တော်အမတ်တွေ မထောက်ခံခဲ့ကြပါဘူး။ ဒါတွေဟာ လူ့အခွင့်အရေးကို ချိုးဖေါက်နေကြတာ မဟုတ်ဘူးလား။

ဒီကနေ့ကမ္ဘာမှာ ဗုံးခွဲမှု၊ အစုလိုက်သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊စစ်မက်ဖြစ်ပွါးမှုတွေ ဘယ်နေရာ၊ ဘယ်နိုင်ငံတွေမှာ အများဆုံးဖြစ်နေကြလဲဆိုတာ ကြည့်ရင်သိနိုင်ပါတယ်။

ဘာသာဆိုတာနုညံ့သိမ်မွေ့တယ်၊ အေးမြတယ်၊မေတ္တာတရားကိုသာဖြစ်စေပါတယ်။ဒီသဘောကိုသွယ်ဖ်ီပြီး လူ့အခွင့်အရေးပြောတာ သဘာဝမကျပါဘူး။ တတိယကမ္ဘာစစ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဒီမွတ်ဆလင်နိုင်ငံဒီလူတွေကြောင့်ဖြစ် လိမ့်မယ်ထင်ပါတယ်။

မြန်မာနိုင်ငံသားတွေဆော်ဒီ ကို အလုပ်သွားလုပ်ကြပါတယ်။လည်မှာဆွဲထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်၊ သာမညဆရာတော်ပုံတွေလေဆိပ် မှာဆွဲဖြုပ်၊ လွှင့်ပစ်ခြင်းခံကြရပါတယ်။ ဒီမွတ်ဆလင်နိုင်ငံတွေမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိပါဘူး။တချို့နိုင်ငံတွေဆို အစ္စလာမ်ဘာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဌါန်းထားပါတယ်။ တခြားဘာသာနိုင်ငံအ၀င်မခံပါဘူး။

OIC မွတ်ဆလင် နိုင်ငံတွေ လူ့အခွင့်ရေးစကားပြောနေတာဟာလူ့တန်ဘိုး၊လူ့အခွင့်ရေးလေးစားလို့မဟုတ်ပါဘူး။အစ္စလာမ်ဘာသာပြန့်ပွါးရေးနဲ့အစ္စလာမ်ဘာသာကိုးကွယ်သူတွေ
အရေး ကာကွယ်နေခြင်းသာဖြစ်ပါတယ်။

လူ့အခွင့်ရေးနဲ့ဥပဒေဥပဒေဆိုတာ လူတွေရဲ့အထိန်းအကွပ်ပါ။စည်းကမ်း၊ ကျင့်ဝတ်၊ သိက္ခါ၊ အသိ မဲ့သူတွေအတွက်ထိန်းညှိတဲ့အရာဖြစ်ပါတယ်။ အချုပ်အချာ အာဏာဆိုလည်းမမှားပါဘူး။တိုင်းရင်းသူ/သား၊ နိုင်ငံသူ/သားတွေရဲ့ဘ၀လုံခြုံမှု၊ အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက် သော အရာလို့လည်းဆိုနိုင်ပါတယ်။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူတစ်မျိုးနဲ့တစ်မျိုး မတူညီနိုင်ပါဘူး။လူတွေမှာမတူညီနိုင်တဲ့ ဓလေ့၊ ထုံး တမ်း၊ သမိုင်း၊ ယဉ်ကျေးမှုတွေ
ရှိကြပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုမှာ ဥပဒေပြဌါန်းတာဟာ ၄င်းနိုင်ငံ၊ ၄င်းဒေသမှာနေတဲ့ တိုင်းရင်းသူ/သား၊ နိုင်ငံသူ/သား တွေရဲ့ ဘ၀လုံခြုံမှု၊ အကျိုးစီးပွါးအတွက် လိုအပ်လာလို့ ပြဌါန်းတာဖြစ်ပါတယ်။

ကမ္ဘာမှာနိုင်ငံပေါင်း နှစ်ရာနီးပါးရှိပါတယ်။ လူမျိုးနွယ်စု များစွာရှိပါတယ်။ဒါကို ဥပဒေတွေတူညီရမယ်။ မြန်မာမှာပြဌါန်းတဲ့ ဥပဒေ တွေအတိုင်း UK,USA မှာ ပြဌါန်းရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဥပဒေသဘောကတိကျပြတ်သားမှုရှိပါတယ်။

လူ့အခွင့်အရေးမှာ လူကို ဂုဏ်၊ သိက္ခာ၊ ဥာဏ်၊ ကျင့်ဝတ်၊ သိတတ်တဲ့စိတ်၊ မေတ္တာတရားတွေနဲ့ သတ်မှတ်ပါတယ်။ လူ့ အခွင့်အရေးက နိုင်ငံရဲ့အဆင့်ကို ကျော် လွန်ပါတယ်။ ဂလိုဘယ်ဖြစ်စဉ်ပါ။

လူ့အခွင့်အရေးမပြောမီ လူဆိုတာဘာလဲ။ လူဖြစ်ဖို့၊ လူသတ်မှတ်ခံဖို့ ဘာတွေလိုအပ်တယ် ဆိုတာ အလျင်ပြောသင့်ပါတယ်။

လူ့အခွင့်အရေးကို လက်ခံပါတယ်။ ဒါပေမဲ့ နိုင်ငံအချုပ်အခြာအာဏာ၊ နိုင်ငံသားအကျိုးစီးပွါး၊ တိုင်းရင်းသားအကျိုးတို့ကို ထိခိုက်၊နစ်နာစေမည့် လူ့အခွင့်ရေးပြောဆိုမှုမျိုးကို လက်မခံနိုင်ပါဘူး။

မွတ်ဆလင်တိုင်းပြည် မလေးရှားမှာဟို တလောကမြန်မာတွေ အသတ်ခံရတယ်။အအေးခန်းထဲ ကအလောင်းကို ထုပ်ယူသဂြိုင်္လ်လို့မရပါဘူး။ခိုးဝင်လာသူတွေမို့ ဥပဒေနဲ့မကိုက်ညီဘူးတဲ့။ လူ့အခွင့်အရေးတွေဘယ်ရောက်ကုန်ကြပါပြီလဲ။ လူကို လူလို့မမြင်ကြတော့ပါလား။

ဥပဒေဆိုတာ ပြဌါန်းပြီရင် အသက်ဝင်မှ အဓိပ္ပါယ်ရှိပါတယ်။ဘင်္ဂလီ မွတ်ဆလင် တွေ သားသမီး(၂) ယောက်ထက်ပိုမယူရ။ဥပဒေဟာယခင်လည်း ပြဌာန်း ခဲ့ဖူးပြီပါပြီ။ အသက်မ၀င်ခဲ့ပါဘူး။လာဘ်ပေးလာဘ်ယူမှုအတွက် အသုံးချသွားကြပါတယ်။နိုင်ငံတကာမျက်နှာစာမှာ လူ့အခွင့်အရေး ချိုး ဖေါက်တဲ့ဥပဒေဆိုပြီး
မျက်နှာပျက်၊ အပြောခံရတာဘဲ အဖတ်တင်ခဲ့ပါတယ်။ဒါပေမဲ့ နိုင်ငံအချုပ်အခြာအာဏာ၊ နိုင်ငံသားအကျိုးစီးပွါး၊တိုင်းရင်းသားအကျိုးတို့ကို ထိခိုက်၊နစ်နာစေမည့် လူ့အခွင့်ရေးပြောဆိုမှုမျိုးကို လက်မခံနိုင်ပါဘူး။

တိုင်းရင်းသား၊နိုင်ငံသား၊လူ့အခွင့်အရေးနိုင်ငံတစ်နိုင်ငံမှာ အနေကြာလာရင် ယင်းနိုင်ငံဥပဒေနဲ့အညီ နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိပါတယ်။ ဖြစ်ခွင့်လည်းရှိပါတယ်။
တိုင်း ရင်းသားဖြစ်ခွင့် မရှိပါဘူး။ နယ်မြေတစ်ခုကို ပိုင်ဆိုင်ခွင့်တောင်းလို့ မရပါဘူး။UK မှာဘယ်လောက်အနေကြာကြာ၊ အိုင်းရစ်လူမျိုး ဖြစ် ခွင့်မရှိပါဘူး။

တိုင်းရင်းသားဆိုတာ နယ်မြေပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါကြောင့်ဒီကနေ့ထိနိုင်ငံတော်မှာ ဘိုးဘွားပိုင်မြေဆိုတာရှိပါတယ်။
တိုင်းရင်းသားတွေဟာ ကိုယ့်မြေ၊ကိုယ့်ဒေသကို နှစ်ရာထောင်ချီပြီး ကာကွယ်စောင့်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ခိုင်မာတဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ထုံးတမ်းစဉ်လာ ရှိလာကြတာပါ။

ကိုယ့်မြေ၊ ကိုယ့်ဒေသကို သံယောစဉ်ကြီးခြင်း၊ ချစ်တဲ့စိတ်ပြင်း ပြခြင်း ဆိုတာတွေဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ နှလုံးသားတွေမှာမှဖြစ်တာပါ။ ဒို့ဘိုးဘွားတွေဟာ နောက်ဆုံးထွက်သက်မှာတောင် ကိုယ့်မြေ၊ကိုယ့်ရွာမှာ ခေါင်းချချင်ကြပါတယ်။

ဘယ်နိုင်ငံမှာမဆိုတိုင်းရင်းသားဆိုတာ နိုင်ငံသားထက် ပိုအရေးကြီးပါတယ်။လူ့အခွင့်အရေးကြောင့် အမျိုးသားသရုပ်သဏ္ဍာန်(National Identity)မပျောက်သင့်ပါဘူး။

နိုင်ငံသားဟာ လူမျိုး၊ ဘာသာ၊ အသားအရောင် ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ဒေသခံ(နိုင်ငံ)ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကို လေးစားလိုက်နာ၊ လက်ခံရပါတယ်။ နိုင်ငံသားမှာလည်း နိုင်ငံသားတစ်ယောက်ရဲ့ ကျင့်ဝတ်၊ တာဝန်၊ အသိတရားတွေ ရှိပါ တယ်။ ဒါတွေရှိနေမှ နိုင်ငံသားဖြစ်ခွင့်ရှိတာပါ။

ရိုဟင်ဂျာဆိုတာ နိုင်ငံသားဖြစ်ခွင့်ထက် အဆင့်ကျော်နေပါတယ်။ ဒီလောက်အဆင့်ကျော် လိမ်လည်၊ လှည့်ဖြားတောင်းဆိုတာကျ တော့ဘာကြောင့် ကမ္ဘာသိအောင်မပြောကြတာပါလဲ။ သားသမီး(၂) ယောက် မွေးဖွါးဖို့ ပြဌါန်းတဲ့ ဥပဒေကျတော့ ကမ္ဘာသိအောင်ပြောကြတယ်။

လူ့အခွင့်အရေးဆိုတာ နိုင်ငံတော်လုံခြုံရေး၊ တိုင်းရင်းသား/နိုင်ငံသားတွေရဲ့ဘ၀လုံခြုံရေး၊ တစ်မျိုးသားလုံးအကျိုးစီးပွါးထက် ပိုအရေးကြီးနေကြလို့လား။

ရခိုင်ပြည်နယ်မှာ သက်၊ မြို၊ ဒိုင်းနက်၊ မရမာကြီး မျိုးနွယ်စုတွေဟာ ပျောက်လု့နီးဖြစ်နေပါပြီ။ ဒီလူသားမျိုးနွယ်စုတွေ သက်ရှင်နေထိုင်ရေး (လူသားအခွင့်အရေး) အတွက် ပြောသူမရှိသလောက်ဖြစ်နေပါတယ်။

ဒီရခိုင်မျိုးနွယ်စုတွေ မပျေက်ရေးကို ၀ိုင်းဝန်းစောင့်ရှောက်သင့်ကြပါတယ်။ နိုင်ငံတော်ကလည်း မသိကျိုးကျွန်ပြုနေတယ်လို့ ခံစားမိပါတယ်။ဘ၀င်မကျတာတစ်ခုရှိသေးတယ်။

ကမန်ဆိုတာ ရခိုင်မျိုးနွယ်ထဲမှာ လူမျိုးတစ်မျိုးအဖြစ်ပါနေတယ်။ သမိုင်းလေ့လာ၊နားလည်ထား တာက ကမန်ဆိုတာရခိုင်ဘုရင်လက်ထက်က မင်းမှုထမ်းလေးသည်တော် အစုအဖွဲ့အမည်ဖြစ်ပါတယ်။ ရခိုင်၊ ဗမာ၊ သက်၊ ပေါ်တူဂီ၊ ဂျပန်၊ ကုလား အစုံပါတယ်။ ဘယ်လိုလုပ်ပြီး လူမျိုးတစ်မျိုးကိုယ်စားပြုတဲ့ နာမည်ဖြစ်သွားလဲမသိဘူး။ ဒါကိုလည်းပြန်လည်သုံးသပ် ရှင်းထား သင့်ပါတယ်။ ဒါကိုရှင်းမထားရင် ဘင်္ဂလီဟာ ကမန်ဖြစ်သွားနိုင်ပါတယ်။

လူ့အခွင့်အရေးနဲ့ မီဒီယာသတင်းအဖွဲ့အစည်း၊ သတင်းသမားတွေဟာလူ့အဖွဲ့အစည်း (နိုင်ငံ)တွေမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အစိုးရနဲ့ပြည်သူ၊တနိုင်ငံနဲ့တနိုင်ငံ သတင်းအချက်၊အလက်တွေကို ပေါင်းစပ်ပေးတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့ သိတင်းအမှန်တွေကို ဘက်မလိုက်၊ကိုယ်ကျိုးမဖက်
ကျင့်ဝတ်နှင့်အညီ ဖေါ်ပြဖို့လိုပါတယ်။ မီဒီယာသမား(အဖွဲ့အစည်း)ဟာ အသုံးချခံလိုက်ရပြီဆိုရင် သတင်းမှန်၊ အဖြစ်မှန် မပေါ်တော့ပါ ဘူး။ မီဒီယာလို့မဟုတ်ပါဘူး။ ဘက်လိုက်ပြောဆို၊ လုပ်ဆောင်မှုတွေဟာUN, နဲ့ NGO အဖွဲ့အစည်းတို့မှာလည်း တွေ့မြင်ခဲ့ရပါတယ်။

ရခိုင်တယောက်မို့ ရခိုင်ပဋိပက္ခမှာ ပိုပြီးသတိပြုမိလာပါတယ်။တချို့သတင်းသမားတွေဟာ သတင်းမှန်၊ဖြစ်ရပ်မှန်တွေကို ချန်လှပ်ပြီး၊ လိုရာဆွဲ ဘက်လိုက်ရေးသားတတ်ကြပါတယ်။

ဒီရက်ပိုင်းမှာထိုင်းအခြေစိုက် ကမ္ဘာကျော်တိုင်းမဂ္ဂဇင်းကြီးက ဦးဝီရသူကို The Face of Buddhist terror လို့ရေးပါတယ်။ ဒီ ဆောင်ပါးရေးသူဟာ ဗုဒ္ဓဘာသာကို စော်ကားလိုက်တာပါ။ဘက်လိုက်ရေးတာပါ။နောက်ကွယ်ကကြိုးကိုင်သူတွေရဲ့ အသုံးချခြင်းကိုခံလိုက်ရတာပါ။ သတင်းသမားတစ်ယောက်ကျင့်ဝတ်ကို ဖေါက်ဖျက်လိုက်တာပါ။ ကမ္ဘာကျော်ထိပ်တန်းနာမည်ကြီး မဂ္ဂဇင်းကိုလည်း တော်တော်အံ့သြမိပါတယ်။ ဆောင်ပါးရေးသူ Hannah Beech ဟာ ဆောင်ပါရေးတဲ့အခါ ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်းမသိဘဲ လိုရာဆွဲရေးတဲ့အတွက် လူမျိုးရေး၊ဘာသာရေး ပဋိပက္ခအသွင်ဆောင်လာနိုင်တာကြောင့် ၄င်းလထုတ်မဂ္ဂဇင်းကို နိုင်ငံထဲမပြန့်နှံ့စေရန် အမိန့်ထုတ်ပြန် ခဲ့ရပါတယ်။ သာသနာရေးဝန်ကြီးဌာနကလည်း အလေးအနက်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန် ကြေညာခဲ့ပါတယ်။

မီဒီယာ အဖွဲ့(သမား)တွေ ဘက်လိုက်ပြီဆိုရင် မီးလောင်ရာလေပင့်၊ မီးလောင်ရာဆီလောင်း ပြဿနာတွေပိုကြီးထွားလာ တတ်ပါတယ်။ပြောဖန်များတော့ အမှားဟာအမှန်၊ အမှန်ဟာအမှား ဖြစ်တတ်ပါတယ်။ရိုဟင်ဂျာဆိုတဲ့ သမိုင်းလိမ် လူမျိုးတစ်မျိုးဟာလည်း မီဒီယာအားကို နည်းမျိုးစုံနဲ့ အသုံးချပြီး ကမ္ဘာ့လူထုကြီးကို လိမ်သွားတာပါ။

UN, NGO, မီဒီယာသမားတွေမှာလည်း သမိုင်းမှန်၊ ဖြစ်ရပ်မှန်ကို မသိတဲ့လူလည်းရှိနိုင်တယ်။ သိသိနဲ့ ကြံရာပါတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုဘဲရှိရှိ ငိုပြသူကိုတော့ သနားတတ်ကြပါတယ်။OIC နိုင်ငံတွေ၊ ဘင်္ဂလီပညာတတ်တွေဟာ UN၊ NGO၊ မီဒီယာသမားတွေ၊ လူ့အခွင့်ရေးသမားတွေ ဘာကိုကြိုက်တတ်တယ်။ ဘယ်လိုပေါင်းသင်းဆက်ဆံရယမယ်။ ဘယ်လိုအသုံးချရမယ်ဆိုတာကောင်းကောင်း သဘောပေါက်ထားတယ်။ ဒါကိုသိမြင်လာကြ တဲ့ ရခိုင့်မျိုးချစ်ပုဂ္ဂိုလ်များ၊ ရဟန်းပညာရှိ/လူပညာရှိများ၊ လူမှုအဖွဲ့အစည်းများဟာ UN၊ NGO၊ သတင်းသမားတွေ၊ သတင်းဌါနတွေ၊ နိုင်ငံတကာနိုင်ငံရေးသြဇာရှိသူတွေ၊ သမိုင်းပညာရှင်တွေဆီ သမိုင်းမှန်၊ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြ၊ ဖော်ထုတ်ခဲ့ကြရပါတယ်။

နိုင်ငံတော်ပိုင်းကလည်း သမိုင်းမှန်တွေဖက်က ရပ်တည်ကျေညာ ခဲ့ရပါတယ်။လူ့အခွင့်အရေးနဲ့ ရခိုင့်အနာဂတ်ရခိုင်ပဋိပက္ခမဖြစ်မီ စစ်တမ်းထုတ်ထားချက်အရမြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်(၂) ခုရှိတယ်။ ချင်းကပထမ၊ ရခိုင်ကဒုတိယ။

ခုစစ်တမ်းကောက်ကြည့်ရင် ဆင်းရဲမွဲတေမှုပထမဆုကို ပူးတွဲရနေလောက်ပြီထင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှာပါး၊စီးပွါးရေးကြပ်တည်းမှုကြောင့် ရွှေ့ပြောင်းလုပ်သား အလွန်များလာပါတယ်။

ပြည်တွင်းမှာဆို ရန်ကုန်နဲ့ဖါးကန့်ဖက်ကို ရွှေ့ပြောင်းကြတယ်။ပြည်ပဆို ထိုင်းနဲ့မလေးအများဆုံးပါဘဲ။ အချို့ကျေးရွာတွေဆိုမိန့်မ၊ ကလေး၊ သက်ကြီးတွေဘဲကျန်တယ်။ သန်မာတဲ့မိန်းကလေးတွေပါမကျန်နေရပ်စွန့်ခွါ အလုပ်သွားလုပ်ကြပါတယ်။ ရပ်ရွာလုံခြုံရေး၊ သာရေး၊ နာရေး ကိစ္စတွေမှာ အခတ်ကြုံနေရပါပြီ။

ရွှေ့ပြောင်းလုပ်သားများတာကြောင့် ဒေသတွင်းအပျို၊ လူပျို အိမ်ထောင်ပြုနှုံး ကျဆင်းလာပါတယ်။ စီးပွားရေးကြပ်တည်းမှုကြောင့်အပျိုကြီး၊ လူပျိုကြီးများလာတယ်။
အိမ်ထောင်ရှိသူတွေမှာလည်း သားသမီးနှစ်ယောက်၊သုံးယောက်ထက် ပိုမယူကြတော့ပါဘူး။

၁၉၄၂-ခုမတိုင်မှီက မောင်တောမှာ တိုင်းရင်းသားကျေးရွာ(၁၉၅) ရွာရှိခဲ့တယ်။ ဘူးသီးတောင်မှာ ကျေးရွာအုပ်စု(၆၇) စု၊ ကျေးရွာပေါင်း(၃၂၄) ရွာရှိခဲ့တယ်။ယခုသွားကြည့်လိုက်ကြစမ်းပါ။တိုင်းရင်းသားကျေးရွာတွေ မရှိတော့ဘူးလို့ ပြောလို့ရနေပြီ။ ရွာနာမည်တွေက ရခိုင်အမည်။ နေတဲ့လူတွေကျတော့ အကုန်လုံးဘင်္ဂလီတွေဖြစ်သွားပြီ။

ဒီမြို့နယ်တွေမှာ ဗျာဒိတ်တော်ရဓါတ်တော် (၂၆) ဆူရှိခဲ့ ပါတယ်။
ခုဘယ်နေရာရှိတယ် ဆိုတာမသိကြတော့ဘူး။ ရခိုင်ပြည်နယ်(၁၇) မြို့နယ်မှာ သူတို့မရှိတဲ့မြို့နယ် မရှိသလောက်ပါဘဲ။ အမ်း၊ တောင်ကုတ်၊ မာန်အောင်လောက်ဘဲကျန်ပါတယ်။

၁၉၄၂- ခု လူမျိုးရေးပဋိပက္ခဟာ ဘင်္ဂလားမှာလူဦးရေပေါက်ကွဲမှုကအခြေခံတာပါ။ အဆမတန်လူဦးရေများတော့ ဘ၀ရှင်သန်ရေးအတွက် အခတ်အခဲတော်တော်ဖြစ်ကြပါတယ်။ ဒါကြောင် ဘင်္ဂလီ တွေရခိုင်ဖက်ကို လွင့်စင်လာကြတာပါ။ ဒီအကြောင်းပြောရင်တော့ ဆုံးမှာမဟုတ်ပါဘူး။

ခုလည်းဒီလိုပါဘဲ။ ဘင်္ဂလီမွတ်ဆလင် တွေကို တခြားတိုင်းနဲ့ပြည်နယ်တွေကိုသွားလာခွင့်မပြုတော့ သူတို့နေလို့ရနေတဲ့ ရခိုင်ဖက်မှာဘဲ လူ တွေကို ထုတ်လုပ်ကြတာပါ။
မိသားတစ်စု (၈၂) ဦးထိ ထုပ်လုပ်ထားကြပါတယ်။ ဒါကိုရခိုင်တွေက မကြိုက်ပါဘူး။ လက်မခံနိုင်တော့ပါဘူး။

ဒီအထဲ စနစ်၊ မူ၊ ၀ါဒ၊ လုပ်ထုံးလုပ်နည်းအမှားတွေကြောင့် ဘင်္ဂလီ မွတ်ဆလင်တွေ ဟာ စီးပွါးရေးလုပ်ပိုင်ခွင့်၊ ဥစ္စာဓနပိုင်ဆိုင်ခွင့်၊လယ်ယာမြေပိုင် ဆိုင်ခွင့်တွေ ပိုရလာကြပါတယ်။ လူဟာပြည့်စုံလာရင် ပလွှား၊ မောက်မာ လာတတ်ကြတယ်။ဒါကို ရခိုင်တိုင်းရင်းသားတွေက ဘယ်လိုမှ ခံစားလို့ မရ ကြတော့ပါဘူး။ နိုင်ငံအနှံ့ဖြစ်သွာတဲ့ အကြောင်းရင်းတွေက ဒါတွေပါဘဲ။

ရခိုင့် ပြည်နယ် မှာ ဘင်္ဂလီ မွတ်ဆလင်လူဦးရေပေါက်ကွဲမှုကိုမထိမ်းချုပ်နိုင်ဘူးဆိုရင် ရခိုင်ပြည်ရဲ့အနာဂတ်မလှနိုင်ပါဘူး။ရခိုင့်အနာဂတ်မလှလို့ ရခိုင်ကျဆုံးသွားပြီဆိုရင်တခြားတိုင်းနဲ့ပြည်နယ်လည်း မလှနိုင်တော့ဘူး။ခုလည်းရခိုင်မှာ ဘင်္ဂလီ မွတ်ဆလင်လူဦးရေအယမ်းပေါက်ကွဲမှုဖြစ်တယ်။
ရန်ကုန်မသက်သာဘူး။ ယခင်ကထက် ဘင်္ဂလီ မွတ်ဆလင် အဆမတန်ပိုများလာတာတွေ့နေရပါပြီ။

စစ်ဆေးကြည့်ရင် ဘင်္ဂလီ မွတ်ဆလင် တွေ တရားဝင်ရော၊ မ၀င်ဘဲရော နည်းမျိုးစုံနဲ့ ရောက်လာကြတာ တွေ့ရပါလိမ့်မည်။

တရားဝင်နိုင်ငံသားကဒ်ကိုင်ဆောင် ရောက်လာကြသူတွေဟာ ကမန်လမ်းကြောင့်မှ ၀င်ရောက်လာသူတွေ ဖြစ်ပါ လိမ့်မည်။ တရားမ၀င်ရောက်လာသူတွေဟာလည်း ရန်ကုန်ရောက်မှနိုင်ငံသားဖြစ်သွားသူတွေ အများကြီးရှိနိုင်ပါတယ်။ဒါတွေဟာ ရခိုင် မှာ ဘင်္ဂလီ မွတ်ဆလင်လူဦးရေပေါက်ကွဲမှု၊ ပဋိပက္ခဖြစ်မှုတွေကြောင့် ရေကြည်၊မြက်နုရာကိုရှာရင်း ရောက်လာကြသူတွေဖြစ်ပါတယ်။

ဒီ ဘင်္ဂလီ မွတ်ဆလင် လူဦးရေပေါက်ဖွါးမှုကို ဥပဒေနဲ့တင်းတင်းကျပ်ကျပ် မတားမြစ်ဘူးဆိုရင် ရခိုင်ပြည်နယ်ဆိုတာဟာ အမည်သာကျန်ပြီး ရခိုင်တိုင်း ရင်းသားတွေမရှိ၊ နေလို့မရတဲ့ ပြည်နယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ နောက်ပြည်နယ်ပျောက်သွားပါမယ် ၊ ဒါကို လူမျို၍ လူမျိုးပျောက်သည်လို့  နိုင်ငံရေးဝေါဟာရ တစ်ခုလို့  ပြောကြပါတယ် ။

ရခိုင်ပြည်နယ်မှာရခိုင်တွေမရှိ၊ နေလို့မရတော့ဘူးဆိုရင်ရခိုင်တို့တန် ဘိုးထား၊ မြတ်နိုး၊ကိုးကွယ်၊ ထိမ်းသိမ်း၊ စောင့်ရှောက်ထားတဲ့စေတီပုထိုး သမိုင်းအမွေအနှစ်တွေလည်း
ပျောက်ကွယ်သွားပါလိမ့်မည်။

ဘင်္ဂလီ မွတ်ဆလင် တွေ သားသမီး(၂) ယောက်ထက် ပိုမယူရ၊ဥပဒေဟာ လူ့အခွင့်အရေး ချိုးဖေါက်တယ်ဆိုရင် ရခိုင်တွေတန်ဘိုးထား၊ မြတ်နိုးတဲ့ စေတီ၊ ပုထိုးပေါတဲ့ လခြမ်းမြေကိုအပဲ့အပျောက် ခံကြမှာလား။ ရခိုင်လူမျိုးတို့ရဲ့ အနာဂတ်အရေး၊ နိုင်ငံလုံခြုံရေး၊ တိုင်းရင်းသား/နိုင်ငံ ဘ၀ လုံခြုံရေး၊ တိုင်းရင်းသား/နိုင်ငံတို့ အကျိုးစီးပွါးထက်
ဘင်္ဂလီ မွတ်ဆလင်လူ့အခွင့်အရေးက ပိုအရေးကြီးနေလား။မေးစရာတွေဖြစ်နေပါပြီ။

ဒီ ဘင်္ဂလီ မွတ်ဆလင် တွေ သားသမီး(၂) ယောက်ထက် ပိုမယူရ၊ ဥပဒေဟာဘူးသီးတောင်၊ မောင်တောမှာမဟုတ်ဘူး၊ ရခိုင်တစ်ပြည်နယ်လုံးမှာ ပြဌာန်းသင့်ပါတယ်။ လိုအပ်လာရင်တနိုင်ငံလုံးမှာ ပြဌါန်းသင့်တယ်။

လူကိုလူသားအမြင်နဲ့ကြည့်သင့်ပါတယ်။ ဒါပေမဲ့ လူ့ကျင့်ဝတ်၊လူ့အသိ၊ လူ့ဂုဏ်၊ လူ့သိက္ခာ ရှိ/မရှိ ဆန်းစစ်ဖို့လိုအပ်ပါတယ်။

ဒီလိုဆန်းစစ်ချင်ကြတယ်ဆိုရင် တိုက်ပုံပင်နီ၊ ကချင်ပုဆိုး၊သနပ်ခါးဘေးကျားရိုက်၊ ဘီးစပတ်ခေါင်းတင်၊ ယောဂီတံဘက်လည်ပတ်၊ နံနက်/ညနေ ဘုရားဝတ်ပြု၊ ကြေးစည်တီး အမျှအတန်းဝေပြီး အလယ်သံကျော်(၁၀) ရက်လောက် နေကြည့်လှည့်စမ်းကြပါ။

ပြောရရင်တော့ အမေရယ် ၊ အမေနဲ့  အမေသမီးများတို့ ကြည့်လှည့်ပေးစမ်းပါလို့  ပြောရရင်မလွန်ဘူးလို့  ထင်ပါတယ် ။

ထက်ခိုင်(သာကေတ)

0 comments to “အမေနှင့် သူ၏သမီးများ”

Post a Comment