Friday, August 9, 2013

မြို့ပတ် ရထားအထူးတွဲပေါ်က စုံတွဲအချို့၏ မဖွယ် မရာသတင်း

,

 
 
မြို့ပတ်ရထား အထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြားသိရသော်လည်း တရားဝင်တိုင် ကြားမှု များမရှိသေးဟု မြန်မာ့မီးရထားမှ ရန်ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော် မျိုးက ပြောသည်။
''ကျွန်တော်တို့အနေနဲ့ကတော့ သူတို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင် တယ်။ သိပ်ကြီး လွန်လွန်ကဲကဲ ဖြစ်လာရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။
မြို့ပတ်အထူးတွဲများပေါ်၌ ရထားရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက်မှတ် သိမ်းဝန်ထမ်းများ ပါရှိ ကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။
''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက်ပါ အရာရှိက ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။
မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိ ကြောင်းညပိုင်းတွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။
''မနက်အစောပိုင်း နေ့ခင်းလူနည်းချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့''ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။
 
From : .. popular 

0 comments to “မြို့ပတ် ရထားအထူးတွဲပေါ်က စုံတွဲအချို့၏ မဖွယ် မရာသတင်း”

Post a Comment