Thursday, August 8, 2013

((((((((((``၈၈၈၈ အမှတ်တရ.....´´))))))))))

,

``ဖေဖေ ဒီနေ့ ၈ လေးလုံး ငွေရတုလေ.... အခမ်းအနား ဂုဏ်ပြုပွဲတွေ ရှိတယ်လေ...၊ ဖေဖေ မသွားဘူးလား... ဖေဖေတို့က ၈၈ ကျောင်းသား အစစ်တွေဆို ဘာလို့မသွားတာလဲ.....´´


လူကြည့်တော့ နှပ်ချေးမစင်သေးတဲ့ ဆယ်တန်းကျောင်းသူ သမီးက နိုင်ငံရေးပါတီထဲဝင်ပြီး ယောင်တောင်တောင်နဲ့ ဆရာ လာလုပ်နေတယ်...။

`` သမီးရော မသွားဘူးလား သမီးတို့က NLD လူငယ်တွေဆို... အမေ့အိမ်ပညာဒါနကဆို.... အနာဂတ်ကို ဦးဆောင်ကြမယ်ဆို... သမီးသွားလေ...´´

`` သမီးက သွားလို့မရဘူးလေ... ကျောင်းဖွင့်နေတာကို ကျောင်းစာထက် အရေးကြီးလို့လား.....´´

`` အေးလေ... ဖေဖေလည်းမသွားဘူးလေ... အလုပ်လုပ်ရဦးမယ်လေ.... အလုပ်ထက်အရေးကြီးလို့လား.... ဂုဏ်ပြုပွဲ အမှတ်တရပွဲလုပ်တာ နိုင်ငံရေးသမားတွေ လုပ်လိမ့်မယ်...´´

`` ဟို သားအဖ ဘယ်သွားမလို့လဲ.... ဘာတွေ တိုင်ပင်နေတာလဲ... ကလေးကျောင်းပို့ရဦးမယ်.... သွားစရာရှိရင်မြန်မြန်သွား မိုးတွေ ဒီလောက်ရွာနေတာကို ငြိမ်ငြိမ်ကို မနေနိုင်ဘူး....´´

`` ဘာလဲကွ ကလေးကျောင်းပို့တာ မင်းပို့... ငွေရတုရှိနေတာကို ခဏတော့ သွားကြည့်ရမှာပေါ့... ကိုယ်လည်း ၈၈ ကျောင်းသားအစစ်ပဲ.... ဟိုဟာမလေး လိုက်မှာစိုးလို့ မသွားဘူးလို့ ပြောနေတာ... ´´

စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တယ်...။ တစ်ခါမှ ပြန်မပြောဘူးတဲ့ ယောက်ျားက ပြန်ပြောလို့ ထင်တယ်... ကြံ့ခိုင်ရေးပါတီက မိခင်နဲ့ကလေး ဆရာမကြီး နှာနီလာတယ်..... မီတာ ၁၀၀ စံချိန်နဲ့ အနားရောက်လာပြီး...

`` ကိုယ့်လူ ပြန်ပြောစမ်းပါဦး ခုဏစကားလေး ပြန်ပြောစမ်းပါဦး... ကျုပ် မိခင်နှင့်ကလေးသွားတုံးက ရှင်ဘာပြောထားလဲ.... တစ်ခါလာလည်း ဒီရုပ်ဆိုးမတွေချည်းပဲ.. ယူနီဖောင်းပဲ အမျိုးလဲနေတယ်ဆိုတာလေ.... အခုရှင်လည်း မသွားရဘူး... သွားကြည့် ကျုပ်အကြောင်း သိစေရမယ်...´´

`` ဟေ့ရောင် ရုပ်ဆိုးမကြီး သွားမှာပဲ... ဒါငါတို့ ကျောင်းသားတွေက စခဲ့တဲ့ဇာတ်လမ်း မဆလတောင် ပြုတ်သွားတယ်... အချဉ်တွေ မဟုတ်ဘူးကွ...မှတ်ထား´´

`` အံမာ စည်းမရှိကမ်းမရှိ လူလည်ခေါင်မှာ အရပ်သားတွေ..ရဲတွေကို ခေါင်းဖြတ်.... အချင်ချင်းလည်း ခေါင်းဖြတ်... ကျောင်းသူလေးကို လူကြားထဲမှာ ကိုယ်တုံးလုံးချွတ်ပြီး သေနတ်နဲ့ ပစ်သတ်တဲ့ အစွန်းရောက်ကောင်တွေကများ... ဇိမ်ခံနေတဲ့ မဆလပဲ ရမယ်.... အခု လုပ်ကြည့်လေ.... လုပ်ကြည့်လေ.... ဂျိုမကြွနဲ့ အဘိုးကြီး ရှင်သေသွားရင်... ရှင့်သားသမီးတွေ ငတ်သေလိမ့်မယ်.....ကျုပ်က လုပ်မစားတတ်ဘူး... ဒီလိုမှန်းသိရင် ငါနဲ့ သိတဲ့ ကိုဌေးကြွယ်တို့... ကိုကိုကြီးတို့... စောလင်းတို့ကို ယူပါတယ်... ဒါမှ ငါလည်း ထင်ထင်ပေါ်ပေါ်နေရမှာ.....´´

စိတ်ကြမ်းတဲ့ မိန်းမက ၈၈တုံးက သူရင်းနှီးခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ရေရွတ်တမ်းတနေတယ်....

`` တောက်... အေး မင်းတို့လို လူသတ်ပါတီ မဟုတ်ဘူးကွ မှတ်ထား.. ဒါက ဒို့ကျောင်းသားတွေရဲ့ ရာဇ၀င်ကိုဖျက်တဲ့ ခွေးသူတောင်းစားတွေကြောင့် ဖြစ်တာ... မင်းတို့ ပါတီကို ငါဘာမှ မပြောဘူးနော်.... မင်းမဆိုင်တာတွေ လာမပြောနဲ့.... ယူချင်ရင် ၈၈ အတု မြအေးကိုသွားယူ.... သူကယူလို့ရတယ်... မိန်းမလေးယောက်ယူလို့ရတယ်... ဟားဟားဟား´´

ကျွန်တော် အဲလိုပြောရင်း အိမ်ပေါ်က ပြေးဆင်းလာတယ်...

အနောက်မှာတော့ မိန်းမရဲ့ ချီးမွမ်းသံလေး ချိုလိုက်တာ....

`` သေနာကျ... မိန်းမလေးယောက်ယူလို့ရတဲ့ အဲဒီကုလားကို ရှင့်ညီမနဲ့ ပေးစား.... ရှင့်ညီမနဲ့ပေးစား´´ တဲ့....။

ပြေးဆင်းလာရင်း စဉ်းစားမိတယ်... ကျွန်တော်တို့နိုင်ငံကတော့ မသိဘူး... ကျွန်တော်တို့ အိမ်ထဲမှာတော့ ပါတီလှုပ်ရှားမှုတွေများတယ်... ဒီမိုကရေစီရနေတာပေါ့ဗျာ... လွတ်လွတ်လပ်လပ် အဖေနဲ့ သမီးလည်း စကားများ ကျွန်တော်နဲ့ မိန်းမလည်း ရန်ဖြစ်..၊ ဖြစ်ချင်တိုင်းဖြစ်နေကြတယ်... ပျော်စရာကြီးပေါ့..။

ဒါပေမဲ့ ကျွန်တော်ကတော့ ဟိုး... လွန်ခဲ့တဲ့ ၂၅ နှစ်ကလို အပြေးသန်တုံးပဲ... ဖြစ်ချင်ရာဖြစ် အားလုံးအေးဆေးပဲ... ဟဲဟဲဟဲ။

(ကွန်ဆူးမား)(၈-၈-၂၀၁၃)

0 comments to “((((((((((``၈၈၈၈ အမှတ်တရ.....´´))))))))))”

Post a Comment