Wednesday, August 7, 2013

ရန်ကုန်နှင့် နေပြည်တော်အသင်း၏ ဝဏ္ဏသိဒ္ဓိကွင်းကြီးမှ ပြဿနာကို ရက်ပိုင်းအတွင်း အရေးယူမည်

,




အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး၏ ဖွင့်ပွဲပိတ်ပွဲကို ကျင်းပပေးရမည့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ကွင်းကြီးတွင် ပထမဆုံး MNL ပွဲအဖြစ် ကျင်းပခဲ့သော နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းတို့၏ ပြိုင်ပွဲ၌ နှစ်ဖက် ကစားသမားများအပြင် လာရောက်ကြည့်ရှုသည့် ပရိသတ်များ ပါ နှစ် ဖက်ပြဿနာ ဖြစ်ပွားခဲ့မှုကို စည်းကမ်းထိမ်းသိန်းရေး ကော်မတီက ရက်ပိုင်းအတွင်း အရေးယူ မှု ပြုလုပ် သွားမည်ဖြစ်ကြောင်း ၅-၈-၂၀၁၃ ရက်က ကျင်းပသည့် ရန်ကုန်ယူနိုက်တက်၏ ဆုဖလားဂုဏ်ပြုပွဲ အခမ်း အနားတွင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြား လိုက်သည်။ နှစ်ဖက် အသင်းကြား ဖြစ်ပေါ် ခဲ့သော အခြေအနေများကြောင့် ပွဲကိုရပ်နားလိုက်ရပြီး ရန်ကုန်ယူနိုက်တက်ကို တစ်ဂိုး၊ ဂိုးမရှိ ဖြင့် ဆုံးဖြတ်အတည်ပြု အနိုင်ပေးခဲ့သည့် အဆိုပါပွဲ ဖြစ်စဉ် သည် ပြည်သူအကြား တွင် ဝေဖန်စရာ များစွာ ဖြစ်ပေါ် ခဲ့ရသည်ဟု သိရသည်။ 
“အစွန်းရောက် ပရိသတ်တွေကြောင့် ဖြစ်ရတာပါ။ ဒါကိုလည်း ထိရောက်စွာ အရေးယူသွားပါမယ်။ လုံခြုံရေးအားနည်းလို့ မဟုတ်ပါဘူး။ လုံခြုံရေးက သူအပိုင်းနဲ့ သူရှိပါတယ်။ လုံခြုံရေး အပြည့်အဝရှိတဲ့ နိုင်ငံခြားက ပွဲတွေမှာတောင် ဒါထက်ဆိုးတာတွေ ဖြစ်ခဲ့ကြသေးတာပဲ။ မမျှော်လင့်တဲ့ အချိန်မှာ ဖြစ်သွားတာဆိုတော့ အဲဒီအချိန်မှာ သတင်းတွေကလည်း လွှင့်ချင်သလို လွှင့်လိုက်တာပဲ။ ကွင်းပျက်စီးတယ်ဆိုတာ အနည်းငယ်လေးပါ” ဟု ဘောလုံးအဖွဲ့ချုပ်မှ ဦးဘန်နီတင်အောင် က ပြောကြား သည်။
“Report မှာကြည့်ပြီးတော့ အစည်းအဝေးထိုင် ဆုံးဖြတ်ကြမယ်။ အရေးယူသင့်တာကို အရေးယူမှာပါ” ဟု ဦးစိုးမိုးက လည်းပြောကြားသည်။ “အပြစ်ပေးဖို့ အပိုင်းကတော့ Report တွေဖတ်ပြီးမှစည်းကမ်း ထိန်းသိမ်းရေး က ဆုံးဖြတ်မှာပါ။ Report တွေက မနေ့က ရောက်ပါတယ်။ ဒီတစ်ရက်နှစ်ရက်အတွင်း ဆုံးဖြတ်မှာပါ” ဟု ဦးဘန်နီတင်အောင်က ပြောကြားသည်။ “မမျှော်လင့်ဘဲနဲ့ ဖြစ်သွားတာဆိုတော့ ပြောရတာခက်ပါတယ်။ ကစားသမားတွေကိုလည်း ဘယ်သူကိုမှ အပြစ်မပြောလိုပါဘူး။ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထ တော့ရှိပါတယ်” ဟု မြန်မာ့လက်ရွေးစင် တိုက်စစ် မှုး ကျော်ကိုကိုက ပြောကြားသည်။ နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းကြီး၏ လုံခြုံရေးကို  လည်း ပြည်သူများ က မေးခွန်းထုတ်နေကြပြီး နှစ်ဖက်အသင်း ပြဿနာ ဖြစ်ပွားမှုကြောင့် ကွင်းအတွင်းခုံအချို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

FROM-Khit Lu Nge

0 comments to “ရန်ကုန်နှင့် နေပြည်တော်အသင်း၏ ဝဏ္ဏသိဒ္ဓိကွင်းကြီးမှ ပြဿနာကို ရက်ပိုင်းအတွင်း အရေးယူမည်”

Post a Comment