Tuesday, August 6, 2013

ဆရာ တစ်ဦး၏ ပွင့်အန်မှု

,


တပည့်တို့ရေ………

ကချင်ပြည်နယ်မှာ မွေးပြီး နှစ်ပေါင်း ၄၀လောက် ကျောင်းဆရာ အလုပ်ကို ဝါသနာ အရင်းခံလို့ ဆောင်ရွက် ခဲ့တဲ့ ဆရာတစ်ဦး အနေဖြင့် အခု KIO / KIA ခေါင်းဆောင် ပိုင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာ့ တပည့် အချို့ကို “အတတ် လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ်ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့” ဆိုတဲ့ ဆရာ့ကျင့်ဝတ် ငါးပါးကို စောင့်ထိန်းရမယ် ဆိုတဲ့အတိုင်း မမှားသင့်တာ မမှားကြရအောင်နဲ့ တိုင်းရင်း သားတွေ အကျိုးကိုပါ မျှော်ကိုးပြီး ဒီစာကို ရေးသား ဖော်ပြလိုက်ပါတယ်။

KIO/ KIA ရှိသင့်လား၊ မရှိသင့်လား ဆရာမပြောလိုပါ။ ဒီအဖွဲ့ အစည်းတွေကို ဦးဆောင်နေသူ အချို့ရဲ့ ပုဂ္ဂလိ ကခံယူချက်၊ သဘောထားတွေက အဓိကကျပါတယ်။ ကချင်ပြည်နယ်ကို ဝမ်ပေါင်နိုင်ငံ ထူထောင် မယ် ဆိုတဲ့ ခေါင်းဆောင် တစ်ချို့ရဲ့ စိတ်ရူးတွကြောင့် အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ရပြီး တို့ဒေသ ခံတွေ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးလို့ အသက်မွေး စီးပွား လုပ်ငန်းများ စွန့်လွတ်ကာ ဒုက္ခသည် ဘဝနဲ့ ချို့တဲ့စွာ ရပ်တည် ကျီးလန့်စာ စားရ တဲ့ဘဝ၊ တို့ပြည်နယ်ရဲ့ အနာဂတ် ခေါင်းဆောင်ဖြစ်တဲ့ လူငယ်တွေ ပညာမသင် နိုင်တဲ့ဘဝ၊ ဘယ်သူ့ကို ယုံလို့ ဘယ်သူ့ ကို ကြောက်ရမလဲ ဆိုတဲ့ ဘဝတွေကို အားလုံး လက်တွေ့ ခါးသီးစွာ ခံစား ခဲ့ကြရပြီးပြီ။ တိုင်းရင်းသား အရေးအကြောင်း ပြလို့ နောက်ကွယ်မှာ နိုင်ငံတော် ပြို ကွဲမယ့် အခြေအနေကိုတော့ ငါတို့ တိုင်းရင်းသားတွေ လူရှေ့၊ သူရှေ့ထွက်ပြီး မထောက်ခံ ပါဘူးလို့ မပြော ရဲပေမယ့် ရင်ထဲမှာတော့ ကိုယ်စီအတွေး အနေဖြင့် တိုင်းရင်းသား အရေး ဆိုတာကို အပြောနဲ့ အလုပ် ညီစေချင်ကြမှာပါ။ အခုဆို အစိုးရနဲ့ KIO/KIA တို့ တွေဆုံ ဆွေးနွေး မှုများဟာ တို့လူမျိုး၊ တို့ဒေသ အတွက် အမှောင်ထု ဖုံးလွမ်းသော မုန်တိုင်းစဲလို့ ပေါ်ထွက်လာတဲ့ ပြာလဲ့လဲ့ ကောင်းကင်ထဲက တဖြည်း ဖြည်း လင်းလက် လာသော ရောင်ခြည်ကို မြင်တွေ့ နေရပါပြီ။

“မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ”တဲ့။ KIAနဲ့ အစိုးရ စစ်ဖြစ်နေတဲ့ အချိန်မှာ KIA နယ်မြေထဲမှာ ရခိုင် တပ်မတော် ဆိုတာ ဖွဲ့စည်းပေးခဲ့တယ်၊ ဆယ်စုနှစ် ၂ခုလောက် ကွယ်ပျောက် သွားတဲ့ မြောက်ပိုင်းမှာ ရှိတဲ့ ABSDF အဖွဲ့ကိုလည်း ပြန်အသက် သွင်းပေးပြီး အစိုးရ တပ်ကို တိုက်ပွဲ ဝင်စေတယ်၊ ဒါတွေအားလုံး အခုဆိုရင် ဒေသခံတွေ သာမက အစိုးရနဲ့ ပြည်သူ တွေတောင် သို့ အသံတွေ တောင် ထွက်နေပြီလေ။ ဒီအခြေအနေထိ ဆရာမင်းတို့ အကြောင်းစာ မရေးသေးပါ။ “တပည့်မကောင်း ဆရာ့ခေါင်း” မဟုတ်ပါလား။ အဆိုးရွားဆုံး သတင်းတစ်ခု ဆရာ့နားထဲရောက်လာတယ်။ ဒီသတင်းကို မှန်မမှန် သေချာအောင်သိချင်လို့ အသက်ကြီးပြီး ကျန်းမာရေး အားနည်းနေပေမယ့် ဆရာကိုယ်တိုင် လိုင်ဇာ အထိ သွားပြီး KIA ထဲက အဓိကကျတဲ့ တပည့်ကျော်တစ်ဦးကို မေးကြည့်တယ်။ တပည့်ရေ ဆရာကို သစ္စာမဲ့တယ်လို့ မင်းပြောနိုင်ပါတယ်…… ဒါပေမဲ့ တို့လူမျိုး၊ တို့နိုင်ငံ အတွက် ဆရာသစ္စာစောင့် သိရမယ်လို့ ဆရာခံယူတယ် ဒီလို သတင်းမျိုး မင်းတို့ ဘယ်လောက်ကြာကြာ ဖုံးဖိထား နိုင်မှာလဲ၊ မင်းတို့ရဲ့ လုပ်ရပ်တွေကို အချိန်တန်ရင် အားလုံးမလွဲ မသွေ သိရှိလာကြ မှာဖြစ်တယ်။ တပည့် အတည်ပြုတဲ့ သတင်းကို အားလုံးသိအောင်ပြောလိုက်ပြီ။ “အစ္စလာမ် ဘာသာရေး အစွန်းရောက် မွတ်စလင် ညီအစ်ကိုများ အဖွဲ့”ကို KIA နယ်မြေအတွင်း ဖွဲ့စည်း ထူထောင်ပေးကာ အင်အားစုလို့ လေ့ကျင့်ရေး လုပ်ပေး ထားတယ်။ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန် ဘာသာဝင် တို့သည် ရှေးနှစ်ပေါင်း များစွာ ကတည်းက ယုံကြည်မှု ကွဲလွဲခဲ့သော အဓိက ဘာသာကြီး နှစ်ခု ဖြစ်သော်လည်း ထိုဖြစ်ရပ်များသည် ကမ်ဘာ၏ အရှေ့အလယ်ပိုင်း ဒေသတွင် သာဖြစ်ပြီး အရှေတောင် အာရှ အတွင်းသို့ ကူးစက်မှု မရှိကြောင်း၊ ထို့ကြောင့် ဒီဘာသာ နှစ်ခု ပူးပေါင်းပြီး အစိုးရက နိုင်ငံတော် ဘာသာအဖြစ် အတင်းအဓမ္မ ပြဌာန်းထားသည့် ဗုဒ္ဓဘာသာကို အတိုက် အခံ ဘာသာအဖြစ် ဆောင်ရွက် သွားကြမယ်တဲ့။ ဘာသာရေး လှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဖြစ်အောင် ဆောင်ရွက်ဖို့ ကမ်ဘာ့အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များ ၏ အားပေး မှုကို ရရှိထားပြီးဖြစ်တယ်တဲ့။

စကားပုံ တစ်ခုရှိတယ် “ကြက်သွန်ဟာ သူ့ဘာသာနေရင် အကောင်းသား ငရုတ်သီးနဲ့ ပေါင်းကာမှ ရောပြီး အထောင်း ခံရတယ်”တဲ့။ မင်းတို့ ဒီအစွန်းရောက် အကြမ်းဖက် အဖွဲ့နဲ့ ပူးပေါင်းတာ ငါတို့ဒေသခံ အပြင် ပြည်သူ လူထုနဲ့ အစိုးရ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ အခုဆိုရင် အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံကြီးတွေ အစွန်းရောက် မွတ်စလင်တွေရဲ့ ဒုက္ခပေးမဲ့ သတင်းတွေကြောင့် နိုင်ငံအနှံ့ သံရုံးတွေ ပိတ် ထားစေခြင်း၊ မွတ်စလင် နိုင်ငံများသို့ ခရီးသွား လာမှုကို သတိပေးကန့်သတ်ခြင်းများ ပြုလုပ်နေကျ အချိန်ဖြစ် တယ်။ မင်းတို့နဲ့ လာပူးပေါင်းနေတဲ့ မွတ်စလင်အဖွဲ့ဟာ ကမ်ဘာမှာ နာမည်ကြီးနေတဲ့ တာလီ ဘန်တွေ မဟုတ်ဘူးဆိုတာ ဘယ်သူ အာမခံ နိုင်မလဲ။ တာလီဘန် ဖြစ်နေရင် ငါတို့လူမျိုးနဲ့ မင်းတို့ KIA အဖွဲ့ အစည်း ဘာဖြစ်သွားမလဲ။ KIA နယ်မြေမှာ ရခိုင်၊ ပလောင်၊ ရှမ်း စသဖြင့် တိုင်းရင်း သားအဖွဲ့တွေကို စည်း ရုံးပြီး လက်နက် တပ်ဆင်ကာ သင်တန်းပေး ဖွဲ့စည်းထားတာတွေဟာ အချိန်တန်ရင်တော့ သူ့ဒေသ သူ ပြန်သွား နိုင်ပါတယ်။ ဒီကုလားတွေကို မင်းတို့ဆီမှာ သင်တန်းပေးပြီး တစ်ချိန်ကျရင် သူတို့က ဘယ် ကိုပြန် သွား ရမှာလဲ။ သူတို့ ရဲ့ဌာနေက ဘယ်မှာလဲ စဉ်းစားကြည့်ပါ။

 သေချာတာ ကတော့ အခု မိုင်ဆာယန် နယ်မြေမှာ သင်တန်း ပေးထားတဲ့ ဒီမွတ်စလင်ကုလား ၈၀ ကနေ တို့ဒေသခံတွေ ပါ အမျိုးဆက်လို့ ဘူးသီးတောင်၊ မောင်တောလို ဖြစ်သွား လိမ့်မယ်။ တရားဝင် ထုတ်ပြန် ချက်တွေ မှာ အခုဆိုရင် မောင်တောမှာ မွတ်စလင် ၉၃ % ၊ ရခိုင် ၆ % ၊ အခြားလူမျိုး ၁ % တဲ့။ ပြီးခဲ့တဲ့ နှစ်အ တွင်း အစိုးရ စစ်တပ်နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ငါတို့ ကချင် လူမျိုးတွေ အများကြီး သေကြေ ဒဏ်ရာ ရခဲ့ တယ်။ မင်းတို့ KIA မှား နေပေမယ့် လူမျိုးရေး စိတ်ဓာတ်နဲ့ ကူညီ ရိုင်းပင်း ခဲ့ကြလို့ အရှုံးထဲက အမြတ် အနေနဲ့ ကတော့ တိုက်ပွဲတွေကြောင့် တို့ကချင်လူမျိုးတွေ ပိုမို စည်းရုံးမှုကို ရခဲ့တယ်။ ဒီပိုမို စည်းရုံးမှုက အစွန်းရောက် မွတ်စလင်တွေကို ဖိတ်ခေါ်ဖို့ မဖြစ်စေ လိုဘူး။

အစိုးရ လက်မခံလို့ မင်းတို့နဲ့ စစ်ထပ်ဖြစ်ရင် ကြားထဲကခံရမှာ ငါတို့ ဒေသခံ တွေပဲ။ ဒီအကြမ်းဖက် အဖွဲ့ အစည်းကနေ ရလာမဲ့ ငွေကြေး၊ လက်နက်၊ အကူ အညီတွေကို ယုံမှားစွာ မမျှော်လင့် ကြပါနဲ့။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာမှ အကြမ်းဖက် သမား ဆိုတာ မတည် မြဲဘဲ အသေဆိုးနဲ့ ဇာတ်သိမ်း ကြရစမြဲပါ။ ပြည်သူတွေကို အထင်မသေးပါနဲ့ မင်းတို့ရဲ့ အစီအစဉ်တွေ အချိန်မီ ရပ်တန်းက ရပ်ကြဖို့ ကိုလည်း အနူးအညွတ် မေတ္တာရပ်ခံ လိုတယ်။ အရင် ကတည်းက မမှန်ခဲ့တဲ့ မင်းတို့ရဲ့ လုပ်ရပ် တွေကို မျက်စိမှိတ် ထားခဲ့ ပေမယ့် ဒီအတိုင်း ရှေ့ဆက်သွား နေမယ် ဆိုရင် ငါတို့ ပြည်သူတွေ ကိုယ်တိုင် မင်းတို့ အပေါ် အော့နှလုံးနာပြီး မင်းတို့ကို မိစ္ဆာ အဖြစ် မြင်လာ ကြလိမ့်မယ်။ မိစ္ဆာကို ရှင်းလင်းဖို့ ငါတို့ ကိုယ်တိုင် ပါဝင် လာရ လိမ့်မယ်။ တစ်ကမ္ဘာလုံးက လက်မခံတဲ့ ဘာသာရေး အစွန်းရောက် ဖြစ်စဉ် များကို မင်းတို့မြေတောင်မြှာက် ရေလောင်း၊ ပေါင်းသင် လုပ်ပေးခြင်း ကနေ ဖြစ်ပေါ် လာမယ့် ဆိုးကျိုး ရလဒ်တွေ အတွက် မင်းတို့ KIA မှ တာဝန် ရှိသူတွေ တာဝန် ယူကြ ရပါလိမ့်မယ်။ ဘယ်လိုမှ နောင်တလို့ မသင့်တဲ့ နောင်တ မဖြစ်စေချင်လို့ တပည့်များ မိစ္ဆာ မဖြစ်သေးခင် အချိန်မီနိုင်သေးကြောင်း ဆရာ့ အနေနဲ့ တိုက်တွန်း လိုက်ပါတယ်။

ဆရာကြီး မရန်လန်ဖုန်(အငြိမ်းစား)

1 comments: