Sunday, August 11, 2013

ကေအိုင်အေ တွင် အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ ရှိနေ

,
ကေအိုင်အေအကျန်းဖက်သောင်းကျန်းသူတပ်ဖွဲ့ဝင်တွေမှာအရွယ်မရောက်သေးတဲ့ကလေးစစ်သားတွေရှိနေ
တယ်လို့ ဒေသခံပြည်သူတွေ ရဲ့ပြောဆိုချက်အရ သိရပါတယ်။မြန်မာ့ တပ်မတော် မှာ ကလေးစစ်သားတွေ ရှိနေတယ်လို့ ပြည်ပနိုင်ငံများနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကအစိုးရအပေါ်ဖိအားပေးခဲ့ကြသော်လည်းကေ
အိုင်အေ အကျန်းဖက် သောင်းကျန်းသူ တပ်ဖွဲ့ဝင် ကလေးစစ်သားတွေ ရှိနေတာကိုတော့ ပြည်တွင်း/ပြည်ပ သတင်း တွေမှာမှ ဖော်ပြတာမတွေ့ရတဲ့အပြင်အဆိုပြုပြောဆိုမယ့်အရိပ်အယောင်တောင်မတွေ့ရတဲ့အခြေအ
နေမှာရှိပြီး ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ကလေးသူငယ်အခွင့်အရေးဆောင်ရွက်ပေးခြင်းဟာ ခြွင်းချက်ရှိသ
လားလို့ မေးစရာရှိတဲ့အနေအထားမှာရှိပါတယ်။ကေအိုင်အေ သောင်းကျန်းသူတွေ အနေနဲ့တပ်မတော် စစ်ကြောင်းတွေနဲ့ ထိတွေ့မှု့အပါအ၀င် ဒေသခံပြည်သူတွေ ရဲ့အယုံအကြည်ကင်းမဲ့လာခြင်းတွေကြောင့်  အင်းအားချိနဲ့လာမှုကို ကုစား ရန် တစ်အိမ်ထောင် လျှင် အရွယ်ရောက် ယောက်ျားသား ရှိက ကေအိုင်အေ ထဲအတွင်းအတင်းအကြပ်ဝင်စေကြောင်း ယောက်ျားသားမရှိတဲ့အိမ်ကခွဲတမ်းကြငွေကြေးများပေးသွင်းရန်အ
တင်းအဓမ္မဖိအားလျှက်ရှိတာကြောင့် ဒေသခံပြည်သူတွေဟာအခက်အခဲများဖြစ်နေရတယ်လို့သိရပါတယ်။

သားရွှေလူ

0 comments to “ကေအိုင်အေ တွင် အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ ရှိနေ”

Post a Comment