Saturday, August 10, 2013

စစ်သားပီသချင်သော စစ်သားတဦး

,
 
အင်းးးးးးးးးးးးးး
စစ်သားအလုပ်စစ်သားလုပ်ပါလား ။
တပ်မတော်ရဲ့တာဝန်ဟာ လုံခြုံရေး နဲ့ ကာကွယ်ရေးတာဝန် မဟုတ်လား ဆိုပြီးပြောကြတယ် ။မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မှာ စစ်သားတွေ ဝင်ဝင်ပါနေရတာကို အပြစ်တင်ကြတယ် ။
စစ်သား ဟာ စစ်သားအလုပ်ကို လုပ်ချင်ပါတယ် ။
စစ်သားအလုပ်မလုပ်ရတဲ့ စစ်သား ဟာလည်း စစ်သားကွာလတီကျတယ် ။
တကယ်တမ်း တပ်တွေ မှာ စစ်ရေး ၊ တိုက်ခိုက်ရေး ၊ ကြံ့ခိုင်ရေး တွေ လေ့ကျင့် ပြီး ဒေါင်ဒေါင်မြည်ဖြစ်နေရမဲ့ စစ်သားတွေဟာ လူမှုဝန်ထမ်း ၊ နိုင်ငံတည်ဆောက်ရေး ၊ နိုင်ငံရေး တွေမှာ ပါနေရပြီး စစ်သားအရည်သွေးတွေ လျော့နည်းနေရတယ် ။

ဖြစ်နိုင်ရင် ကျွန်တော်တို့ နိုင်ငံရေးသမားတွေ ကိုအားကိုးချင်တယ် ။ ယုံကြည်ချင်တယ် ။ ဒါပေမဲ့ တပ်မတော် ဟာ နဂို ကမှ စစ်သားတွေပီပီ သံသယ စိတ်နဲ့ ဆန်းစစ် တဲ့ ဝသီရှိရတဲ့ထဲ ၊ အတိတ်က သင်ခန်းစာတွေအရ ခဲမှန်ဖူးတဲ့ စာသူငယ်.. ရွယ်ယုံနဲ့ ကြောက် ဆိုသလို ဖြစ်နေခဲ့ရတယ် ။
နိုင်ငံရေးသမားတစ်ယောက် လုပ်ရပ်မှားသွားတဲ့ခါ နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းသွားတယ် ။ မြန်မာနိုင်ငံ မှာ နေလို့ မရတော့ဘူးဆိုရင် တခြားနိုင်ငံကို အေးချမ်းစွာထွက်ခွါသွားရုံပဲရှိတယ် ။ နိုင်ငံရေးသမားတို့ အချင်းချင်း ပြိုကွဲ မှုဟာ စကားများ ၊ ရန်ပွဲ ၊ တရားစွဲ တဲ့ အခြေအနေပဲရှိတယ်။ ဒါပေမဲ့ အဲဒီ ဂယက်တွေဟာ ဒီတိုင်းပြီးမသွားဘူး ။ တပ်မတော် နဲ့ ပြည်သူတွေဟာ အသက်ပေါင်းများ စွာ ရင်းနှီးပြီးဖြေရှင်းရတယ် ။ သွေးသားရင်းတွေ ချင်းချင်နီအောင် သွေး နဲ့ ရင်းကြရတယ် ။

ကျွန်တော်တို့ ကိုယ်တိုင် စစ်သားဘဝ ကို ခုံမင်နှစ်သက်သလို ၊ စစ်သားအလုပ်ပဲလုပ်ချင်တယ် ။ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ ဘေးဖယ်ပြီး ကျွန်တော်တို့ တိတ်တိတ်လေး စောင့်ကြည့်နေပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံရေးသမားတွေကို အားကိုးချင်တယ် ။ယုံကြည် စိတ်ချချင်တယ် ။ နိုင်ငံရေးအရည်ချင်းရှိကြပါ ။ အချင်းချင်း စည်းလုံး မှု တည်ဆောက်ကြပါ ။ နိုင်ငံရေးသမားချင်း စည်းလုံးတဲ့ ခါ အားတစ်ခု ရပါလိမ့်မယ် ။ အရည်ချင်းနဲ့ စည်းရုံးရေးစွမ်းရည်ကောင်းလာတဲ့ခါ တပ်မတော်နဲ့ ပြည်သူက အလိုလို နောက်မှာ ပါပြီးသားဖြစ်နေမှာပါ ။ စလယ်ဝင် ဖင်မမဲ ခင် ကွဲချင် မနေကြပါနဲ့ဦး ။
ရုပ် ဆိုး

0 comments to “ စစ်သားပီသချင်သော စစ်သားတဦး”

Post a Comment