Tuesday, August 13, 2013

ပျူခေတ်ရှေးဟောင်း မြို့ပြများကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်ရန် နိုင်ငံတကာ ပညာရှင် များက စစ်ဆေးမည်

,
ရန်ကုန်   သြဂုတ်   ၁၂
မြန်မာနိုင်ငံရှိ ရှေးဟောင်း မြို့တော်များ ဖြစ်ကြသည့် ပျူခေတ် မြို့ပြများဖြစ်သော ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာ မြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်း နိုင်ရေး အတွက် ကမ္ဘာ့အမွေ အနှစ် ကော်မတီက အဆုံးအဖြတ် ပေးမည်ဖြစ်ရာ ယင်းကော် မတီ၏  ညီလာခံ မတိုင်မီ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂ဝ၁၄ ခုနစ် ဇန်နဝါရီလ များတွင် နိုင်ငံတကာ ပညာရှင်များက မြန်မာနိုင်ငံသို့ လာရောက် စစ်ဆေး ကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပျူမြို့ပြများ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့များကို  ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ်နိုင်ရေး အတွက် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ (၃၈) ကြိမ်မြောက် ညီလာခံက အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆုံးဖြတ်နိုင်ရေး အတွက် အပြည်ပြည် ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံ များနှင့် နေရာဒေသများ ထိန်းသိမ်းရေး အဖွဲ့မှ နိုင်ငံတကာ ပညာရှင်များသည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် ဗိဿနိုးမြို့နှင့် သရေခေတ္တရာ မြို့ဟောင်းများသို့ လည်းကောင်း၊ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် ဟန်လင်းမြို့ဟောင်းသို့ လည်းကောင်း လာရောက်ကြည့်ရှု စစ်ဆေးကြ မည် ဖြစ်သည်။ ယင်းကဲ့သို့ ကြည့်ရှု စစ်ဆေးနိုင်ရန် အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ရှေးဟောင်းပျူမြို့များ ကြီးကြပ် ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းပေး ထားပြီး ရှေးဟောင်းမြို့များ ကို လေ့လာစစ်ဆေးရန် သွားရောက်ရာတွင် လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ရေး အတွက် ဆက်သွယ်ရေး လမ်းကြောင်းများနှင့် ပတ်ဝန်းကျင် အမြင်တင့်တယ် လှပစေရေး အတွက်လည်း ကြိုတင်ပြင် ဆင် ဆောင်ရွက် မှုများ ပြုလုပ်လျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

0 comments to “ပျူခေတ်ရှေးဟောင်း မြို့ပြများကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်ရန် နိုင်ငံတကာ ပညာရှင် များက စစ်ဆေးမည် ”

Post a Comment