Monday, August 12, 2013

မြန်မာသံရုံးအားဗုံးဖောက်ခွဲတိုက်ခိုက်ရန်ကြံစည်သူနှစ်ဦးအားဖမ်းဆီး

,
အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ် မေလက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန် မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုတွင် ပါဝင်သည်ဟု သံသယ ရှိသူ ၂ ဦးအား သြဂုတ်လ ၉ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ သည် ကိုရမ် ကျမ်းစာရွက် အသင်းအတွက် ဘဏ္ဍာငွေ ကောက်ခံသူ ဖြစ်သော အိုင်ပူးလ် ခေါ် မူဟာမက်စိုင်းဖူလ်ဆာဖာနီအားယိုဂျကာတာမြို့တွင်းရှိ တည်းခိုခန်းတစ်ခု၌ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်းသည် အနောက် ဂျာဗားပြည်နယ် ရှိ Salak တောင်ကုန်းတွင် လေ့ကျင့်မှု များ ပြုလုပ်စဉ်က ပါဝင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိုင်ပူလ် ၏ အကြမ်းဖက် ကွန်ရက် အဆက်အနွယ် ဖြစ်သော ဘာယူဒွီ အာဒီယန် တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှုများ ပြု လုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

0 comments to “မြန်မာသံရုံးအားဗုံးဖောက်ခွဲတိုက်ခိုက်ရန်ကြံစည်သူနှစ်ဦးအားဖမ်းဆီး”

Post a Comment