Thursday, August 22, 2013

WikiLeaks တရားခံ Manning ထောင်ဒဏ် ၃၅ နှစ်ကျ

,


အမေရိကန်ပြည်ထောင်စုရဲ့ လျှို့ဝှက်သတင်းအချက်အလက် အများအပြားကို WikiLeaks အဖွဲ့ဆီ ပေးပို့ခဲ့တဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ အမေရိကန် စစ်သား Bradley Manning ကို မယ်ရီလန်းပြည်နယ်၊ Fort Meade စစ်အခြေစိုက်စခန်းတွင်း တရားရုံးကနေ ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ရုပ်သံလွှင့်သတင်းတွေကနေ ကြေညာနေပါတယ်။

အသက် ၂၅ နှစ်အရွယ် တပ်သား Manning အပေါ် သူလျှိုလုပ်မှု၊ လျှို့ဝှက်အထောက်အထား ၇ သောင်းကျော်ကို လျှို့ဝှက်မှုဆန့်ကျင်ရေး ၀ဘ်ဆိုဒ် WikiLeaks ဆီ ပေးပို့ခဲ့မှုတွေနဲ့ အမှုပေါင်း ၂၀ နဲ့ အပြစ်ရှိကြောင်း တရားသူကြီး Lind က ဆုံးဖြတ်ထားတာပါ။

ဒီဖြစ်ရပ်ဟာ အမေရိကန်သမိုင်းမှာ လျှို့ဝှက် သတင်းအချက်အလက်တွေ အကြီးမားဆုံး ပေါက်ကြားမှုဖြစ်ပြီး Manning ဟာ ထောင်ဒဏ် နှစ် ၉၀ ထိ ကျခံရဖွယ်ရှိတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ထားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

0 comments to “WikiLeaks တရားခံ Manning ထောင်ဒဏ် ၃၅ နှစ်ကျ ”

Post a Comment