Monday, August 12, 2013

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာသို့ရောက်ရှိနေ

,

မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို စစ်ဆေးလေ့လာဖို့အတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ထောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံ ကို သြဂုတ် လ မနေ့က စတင်ရောက်ရှိနေပြီလို့ သိရပါတယ်။

မြန်မာအစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ လာရောက် လည်ပတ်မဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ ခရီး စဉ်အတွင်းမှာ ပြည်နယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီက ပြောပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု ဆက်လက်လုပ်ဆောင်လာနေတာနဲ့အမျှ အစိုးရအနေနဲ့ နိုင်ငံတွင်း က နေရာတော်တော်များများမှာ သွားရောက်ခွင့်ပြုမှာဖြစ်တဲ့အတွ
က် လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာသုံးသပ်ဖို့ သူ့အတွက် အခွင့်အရေးကောင်းတခု ဖြစ်တယ်လို့ ထောမတ်စ် အိုဟေး ကင်တားနားကပြောတဲ့ အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲ မှာ ဖော်ပြထားပါတယ်။

Mr Qunitana က မြန်မာ နိုင်ငံတွင်းမှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွါးသွားခဲ့တဲ့ ရခိုင်ပြည် နယ်၊ မိတ္ထီလာမြို့၊ မန္တလေး ပတ်ဝန်းကျင် တဝိုက်တို့ကို သွါးရောက်ဖို့ ရှိတယ်လို့ သိရ ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များ နေထိုင်တဲ့နေရာတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကို လဲ သွားရောက်မယ်လို့ သိရပါတယ်။

တိုင်းနဲ့ပြည်နယ်ဒေသတွေကို လှည့်ပတ်ပြီးနောက် နေပြည်တော်မှာ အစိုးရဝန်ကြီးတွေနဲ့ ဆက်လက် တွေ့ ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု ကော်မရှင်ဥက္ကဌ အဖြစ် ဆောင် ရွကခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ သွားရောက်တွေ့ဆုံ ဖို့ ရှိတယ်လို့ သိရပါတယ်။

ခရီးစဉ်ရဲ့ အမြင်နဲ့ပတ်သက်ပြီး ခရီးစဉ် နောက်ဆုံးရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ် ပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ အောက်တိုဘာလ ၂၄ရက်နေ့ မှာ ပြုလုပ်မဲ့ ကုလသမဂ္ဂ အထွေ ထွေ ညီလာခံအတွင်းမှာ တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း တောက်လျောက်ဆန္ဒပြမှုတွေ လုပ်မယ် လို့ ရခိုင်တိုင်းရင်းသားတွေ စီစဉ်ထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

0 comments to “ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာသို့ရောက်ရှိနေ”

Post a Comment