၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်
အစိုးရမှ "သူရ"ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သူ အမျိုးတစ်ဦး ရှိခဲ့ပါ
သည်။မြန်မာ့ တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အမျိုးသမီး
"သူရ" ဘွဲ့ ပိုင်ရှင်ဖြစ်ပါသည်။ ၄င်းမှာ ထားဝယ်သူ "သူရ မချစ်ပို"
ဖြစ်ပါသည်။
မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင်
ထားဝယ်မြို့ တွင် မွေးဖွား၍ ထားဝယ်မြို့ တွင်ပင် ကြီးပြင်းခဲ့ပါသည်။
မချစ်ပို သည် အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BE တပ်ထဲဝင်သွားသော
မောင်ဖြစ်သူအာ ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့ တစ်ဦးတည်းထွက်ခွါ
သွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏
မွေးစား သမီးကဲ့သို့ ချစ်ခြင်းကို ရရှိကာ ၄င်းအိမ်တွင် ဆက်လက်နေထိုင်ဖြစ်သွားလေသည်။ ထို့နောက် ဦကြွယ်ဒေါ် ပုတို့နှင့် ရင်းနှီးသူ BE
တပ်မှ တပ်ကြပ် လှမောင်နှင့် လူငယ်သဘာဝ ချစ်ကျွမ်းဝင်ကာ အိမ်ထောင်
ကျသွားလေတော့သည်။
မချစ်ပို BE တပ်မှ စစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင် KNDOတပ်ဖွဲ့များသည် မေမြို့ (ယခုပြင်ဦးလွင်မြို့) အား အလစ်အငိုက်စီးနင်းသိမ်းပိုက
လေသည်။
မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်း စုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်
လျှောက် မြို့ မ ရုပ်ရှင်ရုံ ထိသိမ်းပိုက်လိုက်နိုင်ခဲ့ေ
အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ် အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်
မချစ်ပိုသည် ထားဝယ်သူဖြစ်ခြင်းကြောင့် စကားပြောလျှင်အသံဝဲပြီး အသားမဖြူမညို၊ မျက်နှာလေးထောင့် စပ်စပ်၊အရပ် ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်သဖြင့် လုပ်စရာရှိ လျှင် ပြတ်ပြတ်သားသားလုပ်မည့် သဘောကိုဆောင်လေသည်။မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ် လှမောင်အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့် တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အား သေနတ် မှန်ကာ ဒဏ်ရာရရှိခဲ့လေသည်။
မချစ်ပိုသည် ဓါးတို တစ်လက်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိတ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များတပ်စွဲထားသော မေမြို့ လေ့ ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာ... ရန်သူ၏ လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံး တည်နေရာနှင့် အခြား ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေ သည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။
မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများ ချထား သည့် နေရာများအား တပ်ဖွဲ့ထံ သတင်းပြန်လည်ပို့ေ
မချစ်ပိုပါဝင်သော တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် KNDO အဖွဲ့များမှာ များစွာ အထိနာခဲ့လေသည်။
ထို့နောက် ထောက်ပံ့ရေးကုန်းသို့ ၀င်စီးသော ညတွင်ကား မချစ်ပိုကိုထိမှန်လေတော့သည်
ရန်သူ့ သေနတ်သံများ ရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကား ထပ်မံ..... လက်စွမ်းပြခဲ့ပြန်လေသည်။ချဉ်း ကပ်မျဉ်းမှ ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း ရန်သူအား အထင်သေး မိကာမတ်တတ် ပြန်လာခဲ့ခြင်းကြောင့်.... ရန်သူ့ သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကို လက်နှင့်ဖိကာ လဲကျသွားခဲ့ရလေသည်။မချစ်ပိုကား သတ္တိကောင်းလှပေသည်။ ဒဏ်ရာရသည့်တိုင် ညည်း ညူခြင်းမရှိ၊ ဗိုက်ကို အ၀တ်ဖြင့်ပတ်ပြီး ဖိထားလေသည်။ ရဲဘော်များမချစ်ပိုကိုပွေ့ကာ မြို့ထဲဘက် သို့ ခေါ်ဆောင်သွားကြသည်။ ထို့နောက်.... မေမြို့ နယူးဆေးတိုက်မှ ဆရာဝန် ဒေါက်တာဘရှင် ရောက်ရှိ
လာပြီး မချစ်ပိုအား ကားဖြင့်တင်ကာ ဆေးတိုက်တွင် ညတွင်းချင်း ခွဲစိတ်ကုသပေးလေသည်။ထိုသို့ ခွဲစိတ်ကုသပြီးသော ချိန်တွင်KNDO အဖွဲ့များကမသင်္ကာသဖြင့်ဆေးတိ
ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့်မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရကြောင်း၊ မချစ်ပိုသည် ထိုဆေးတိုက်မှာပင်တစ်ပတ်ခန်
KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိသော စောဘစံ ဆိုသူမှာ.... ထုံးဘိုရပ်ထဲမှ မချစ်ပု ဆိုသူ အမျိုးသမီးနှင့် ပတ် သက်လျှက်ရှိကြောင်း။ မချစ်ပုနှင့် စောဘစံ၏ ယုတ်မာမှုများကြောင့် အရပ်ထဲမှ တခြားမိန်းကလေးများမှာ လည်း ဖျက်ဆီးခံခဲ့ရသည်များလည်း ရှိခဲ့ကြောင်း..... ။စောဘစံ၏ အမျှောင်မယား မချစ်ပု၏ လက်ထောက် ချမှုကြောင့်......
မချစ်ပိုသည် ထွက်ပြေးရန် မကြိုးစား၊ ဓားတိုတစ်ချောင်းကိုဝှက်ယူက
မချစ်ပိုမှာလည်း ဒဏ်ရာ မပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံလိုက်ရခြင်းဖြစ်လေသည
ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်က လိုက် ပါကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်း မရှိဟု ယုံကြည်နေကြသည်။စောဘစံ၏မယား မချစ်ပု၏ အိမ်သို့ ရောက်သည်နှင့်မချစ်ပိုကိုဖမ
ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့ရရှာလေသည်။မချစ်ပို ကျဆုံးသောနေ့ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချ
နိုင်ငံတော်အတွက်......အသက်ကိုပဓာနမထားပဲ......သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရ မှ `` သူရ ´´ဘွဲ့ တံဆိပ်အား ချီးမြှင့်ပေးအပ်ခဲ့လေသည်။မေမြို့ရှိ မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အ ဆက် ထိန်းသိမ်းစောင့်ရှောက်ခြဲ့
အမိမြေကိုချစ်သောအာဇာနည် အမျိုးသမီး “သူရမချစ်ပို” ၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘို ရပ်တွင်ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲေ ရာက်နေသဖြင့် ရွှေ့ ပစ်သင့်သည်ဟု ထင်မြင်ယူဆနေကြပါသည်။`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်းမဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်မာ အမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပါသည်။
``သူရ မချစ်ပိုသည် ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း စွမ်းရည် သတ္တိ မသေဆုံးသေးသော. ထာဝရရှင် သန် နေမည့်ြုမန်မာ အမျိုးသမီးတစ်ဦးသည် အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်သညိဟ
( အပြုံးပန်းဈေးခင်း အား ပြန်လည် မှီငြမ်းပါသည်....)