Tuesday, August 13, 2013

ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် လုံခြုံရေးကား ချောက်ထဲသို့ပြုတ်ကျ

,


    ဇူလိုင်လ ၂၈ ရက်နံနက်ပိုင်းကပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဥာဏ်ဝင်းလိုက်ပါလာသော ပြည်ဘက်မှ ပဲခူးသို့အပြန် ခရီးစဉ်၌ လက်ပံတန်းရဲစခန်းပိုင် အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် လုံခြုံရေးပွိုင့်ကား ၊ယာဉ်အမှတ်၅၈/၉၃၄၅ဂရင်းတိုက်ဂါး(အပြာရောင်) မော်တော်ယဉ်သည်စီယာတိုင်လော့ကျပြီးဘရိတ်နှင်
့ဂီယာ ထိုးမရဘဲ ကားလမ်း၏ ၀ဲဘက်ခြမ်းသို့ ဆွဲချသွားပြီးလမ်းဘေးကျောက်တိုင်အားပွတ်တိုက် ကာ အောက်ခြေ မြောင်းထဲသို့ တိမ်းမှောက်သွားခဲ့သည်။၎င်းယဉ်ပေါ်တွင် လိုက်ပါလာသော လုံခြုံရေး အဖွဲ့ဝင်များအနေဖြင့်ဆိုးဝါးသောထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်းမော်တော်ယဉ်သည် အမိုးပိန် ၊ ရှေ့ခေါင်းပိန် ၊ ယာဘက်ခြမ်း မီးသီးကွဲ ၊ စီယာတိုင် အုံနပ်ပြုတ်ထွက်သွားပြီး ယာဉ်မောင်း လ ၂၁၇၅၈၃ ရဲတပ်သား အောင်ကျော်သူ (၂၇ နှစ်) (ဘ) ဦးခင်မြင့် တိုင်းအရန် ရဲတပ်ခွဲ ပဲခူးမြို့နေသူအားလက်ပံတန်း ရဲစခန်းတွင် ယာဉ်အားမဆင်မခြင်ပေါ့ဆစွာ မောင်းနှင်မှုဖြင့် ယာဉ်ရှင်းတပ်ကြပ်ကြီး မြင့်နိုင်ဦး ကတရားလိုပြုလုပ်တိုင်ကြားသဖြင့်၎င်းအမှုကိုဒုရဲအုပ် အောင်မင်းဇော်ကအမှုစစ်ပြုလုပ်၍ဆောင်ရွက်
နေကြောင်း သိရှိရပါသည်။

မင်းသီဟ(လက်ပံတန်းသား)
မူရင်း=သံတော်ဆင့်

0 comments to “ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် လုံခြုံရေးကား ချောက်ထဲသို့ပြုတ်ကျ”

Post a Comment