Monday, August 19, 2013

ဘယ်သူတွေမှာ တာဝန်ရှိသလဲ......

,



အင်းဝ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲက ဗားကရာကျောင်းရဲ့ ဘယ်ဘက် လှေကားခြေရင်းမှာ တွေ့လိုက်ရတဲ့ စည်းကမ်းမဲ့ စွန့်ပစ် အမှိုက်တွေ....... ခြေထောက်ကို သုပ်သလား၊ မျက်နှာကို သုပ်သလား မသိပေမယ့် သက်ဆိုင်ရာ Tour ကုမ္ပဏီအနေနဲ့ ကိုယ့်ကို ဝင်ငွေရစေဖို့ အခြေအနေကောင်းတစ်ခုအဖြစ် ရှိနေတဲ့ ဒီရှေးဟောင်း နယ်မြေကို ကိုယ်ပိုင် အသိစိတ်နဲ့ ထိမ်းသိမ်းဖို့ လိုပါလိမ့်မယ်........ ကိုယ် ခရီးစဉ် တစ်ခု စီစဉ်ရင် သွားရမယ့် လမ်းကြောင်းက ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ ပါတ်သက်လို့ ထိမ်းသိမ်းဖို့ကို Guide နဲ့ ခရီးသည်တွေကို သေခြာ အသိပေးဖို့ လိုပါလိမ့်မယ်.... ပိုက်ဆံရပီးရော ကျန်တာ ဖြစ်ချင်တာဖြစ် လက်လွတ်စပါယ် မလုပ်သင့်ပါ......

ကျောင်းပေါ်တက်ပီး ကြည့်နေတုန်းမှာပဲ နောက်ထပ် Tour Group တစ်ခုဝင်လာတာမယ် အဖြူတွေ ဖိနပ်စီးထားလို့ ဖိနပ်မစီးရဘူးလို့ ကိုယ်က ပြောနေတုန်း Tour Leader လို့ပြောရမလား Guide ပဲလားတော့ မသိဘူး ပုဂ္ဂိုလ်က မျက်နှာထား တင်းတင်းနဲ့ ကြည့်နေလို့ သူ့ကို ပြန်ကြည့်လိုက်တော့ သူကိုယ်တိုင် ဖိနပ်မချွတ်ပဲ စီးထားတာကို တွေ့လိုက်ရတယ်.....

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါ်မှာ ဖိနပ်မချွတ်ပဲ ဝင်လာတဲ့အထိ အသိ မိုက်မဲတဲ့ အဲ့ဒိ ပုဂ္ဂိုလ်ကို တော်တော်လေး စိတ်လေသွားတယ်...... ဒီအလုပ် လုပ်စားနေပီး ဒီအလုပ်လုပ်စားလို့ရစေမယ့် နေရာတွေကို လေးစားစိတ် မထားတဲ့လူတွေ ဘယ်လောက်များနေပီလဲ စဉ်းစားမိတယ်......

နောက် အင်းဝ လို လေ့လာစရာတွေ များတဲ့နေရာမှာ စားသောက်ဆိုင် ကောင်းကောင်း မရှိတာ သတိထားမိသလို အများသုံး အိမ်သာ ကောင်းကောင်း မရှိတာလည်း တွေ့ရတယ်..... ရောက်လေရာ ရှေးဟောင်း အဆောက်အဦးမှန်သမျှမှာ ပိုက်ဆံကောက်ဖို့ကို အဓိက ဦးစားပေးနေပီး ခရီးသွားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ပစ်ပယ်ထားတာ လုံးဝ မဖြစ်သင့်ဘူးလို့ မြင်မိတယ်......

ဘယ်သူမဆို ပိုက်ဆံ မျက်နှာနဲ့ ကိုယ်ရဖို့ကိုပဲ ကြည့်မနေပဲ ကိုယ့်ဘက်က တာဝန်ကျေဖို့လေး စဉ်းစားကြမယ်ဆိုရင် တော်တော်ကောင်းမယ်လို့ တွေးမိတယ်..... တစ်နေ့တစ်လုံး ရွေဥ ဥ ပေးနေတဲ့ ငန်းကို မသေသေအောင် ညဉ်းဆဲပီး သတ်နေကြမယ်ဆိုရင်တော့ ငတ်ကြရင် အားလုံး အတူတူ ငတ်ကြမှာပါပဲ ဆိုတာလေး သတိချပ်ဖို့ လိုမယ်.......

0 comments to “ဘယ်သူတွေမှာ တာဝန်ရှိသလဲ......”

Post a Comment