----- ----- ----- ----- -----
ကျုပ်တို့ မြန်မာတွေက ဆင်းရဲတာရှည် နေလာရတာမို့လား မသိဘူး။ အခွင့်အရေး ဆိုတာနှင့် ဘာမှ စဉ်းစားကြတော့တာ မဟုတ်ဖူး။
မသိနားမလည်တဲ့ သူတွေကျတော့လည်း 'နောင်ခါလာ နောင်ခါဈေး'။
သိနားလည်လျက်နှင့် ကိုယ်ကျိုးပဲ ကြည့်တဲ့သူတွေကျတော့လည်း 'ဘယ်သူသေသေ ငတေမာရင် ပြီးရော'။
'ဆပ်ပြာကောင်းလို့ ကောင်းပေါင်းဖြူ'၊ 'အရှင်မွေးလို့ နေ့ခြင်းကြီး' တွေက လူ့အခွင့်အရေး တွင်တွင်အော်။
ဘုန်းကြီးကျောင်းမှာ ဆွမ်းကျန်ဟင်းကျန် မျှော်စားရတဲ့ ခွေးတွေကလည်း ကျောင်းမှာ တုန်းခေါက်ရင် နောက်က လိုက်အူရသလို...ခုလည်းပဲ အရိုးအရင်းလေး ကိုက်ရလိုရငြား နောက်က လိုက်အူ။
'သူများယောင်လို့ ယောင် အမောင် တောင်မှန်းမသိ မြောက်မှန်းမသိ' တွေကလည်း နောက်က တတန်းတန်း။
ရှေ့က လူ့အခွင့်အရေး ဗန်းပြ။ နောက်က စစ်ရေးအတွက်၊ စီးပွားရေးအတွက် မဟာကရုဏာရှင်ကြီးများသဖွယ် ဟန်ဆောင်ကာ မြန်မာနိုင်ငံကြီးကို သိမ်းသွင်းပြီး ချယ်လှယ်ချင်တိုင်း ချယ်လှယ်ကြလိမ့်မယ် ဆိုတာတော့ မဟာပညာကျော်ကြီးတွေက မသိကြဘူး။
ဟိုက သစ်သားမြင်းရုပ်ကြီး အလှပြ လိုချင်အောင်လုပ်ပြီး ထရွိင်မြို့ကို သိမ်းတော့မယ်။ မြင်းရုပ်ကြီးသာ လိုချင်နေတယ်။ အထဲမှာ ကိုယ့်ကိုဒုက္ခပေးမယ့် မိစ္ဆာတွေ ပါလာတာကြ မြင်ကြတာ မဟုတ်ဘူး။
ရှေ့က ထမင်းထုပ်သာ မြင်တယ်။ နောက်က ဝါးရင်းတုတ်ကျ မမြင်ဘူး။ လူ့အခွင့်အရေး ဆိုတာနှင့် ဟပ်ဟပ်ထိုး၊ ငမ်းငမ်းတက်။
အဲဒါကြောင့် ပြောတာ။ လူတွေက ခက်တယ် ... ခက်တယ် လို့။