Thursday, August 22, 2013

ထူးဖောင်ဒေးရှင်းပညာဒါနမျကျောင်းသားများဦးတေဇ၏ကိုယ်ပိုင်ဂျက်လေယာဉ်နှင့်ရဟတ်ယာဉ်များအားလေ့လာခွင့်ရ

,

Wednesday, August 21, 2013

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အစဉ်အလာကောင်းများဖြင့် ရပ်တည်နေသည့် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်ကို ဖွင့်လှစ်ထားခဲ့သည်မှာ ယခုပညာသင်နှစ် ဖြစ်သည့် (၂၀၁၃ - ၂၀၁၄) တွင်ပဉ္စမမြောက်နှစ်သို့ရောက်ရှိလာပြီဖြစ်ပါ သည်။ နှစ်စဉ် တိုးတက်လာသည့်အောင်ချက်ရာခိုင်နှုန်းများကြောင့် ပူတာအိုခရိုင်၏ အားထားရသော ပညာဒါနဘော်ဒါဆောင် တစ်ခုလည်းဖြစ်ပါသည်။ (၂၀၁၂ -၂၀၁၃) ပညာသင်နှစ် အတွက် အောင်ချက်ရာခိုင်နှုန်း (၄၅.၇၈%)ဖြင့် ပူတာအိုခရိုင်၏ ပညာရေးကဏ္ဍ တွင် နိုင်ငံတော်အတွက်တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို)၌ အနာဂတ်၏အသီးအပွင့်လေး များဖြစ်ကြသော ဒေသခံတက္ကသိုလ်ဝင်တန်း
ကျောင်းသားကျောင်းသူ (၁၂၇) ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ မိုင် (၂၀၀) ကျော်ခန့်သာဝေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲလျက်ရှိပြီးသယ်ယူပို့ဆောင်ရာနှင့် သွားလာရာတွင် လေယာဉ်ကိုသာ အားထားနေရပါသည်။ လေယာဉ်များ၏အရေးပါပုံ၊ ရဟတ်ယာဉ်များ၏အရေးပါပုံနှင့် အလုပ်လုပ်ဆောင်ပုံများ ၊ဖွဲ့စည်းတည်ဆောက်ပုံများ ကို ဒေသခံများဖြစ်သည့်ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်အတွက် နာယကဦးတေဇမှ လေ့လာနိုင်စေရန်စီစဉ်ပေး ခဲ့ပါသည်။ ကျောင်းသားကျောင်းသူများမှာကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့တက်ရောက်ခဲ့ကြပြီး လေယာဉ်မှူးများ နှင့် လေယာဉ်မယ်၏ ရှင်းလင်းပြသမှုများဖြင့် အသေးစိတ်လေ့လာခွင့်ရ ခဲ့ကြပါသည်။ ထို့ပြင် ရဟတ်ယာဉ်မှူးများမှလည်း ရဟတ်ယာဉ်တစ်စင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ များ ၊အလုပ်လုပ်ပုံများကိုကျောင်းသားကျောင်းသူများ ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အသေးစိတ်ရှင်းလင်းပြောပြပေးခဲ့ကြပါသည် ။ လေ့လာပျော်ရွှင်နေကြသည့်ပညာဒါနဘော်ဒါဆောင်မှကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများ ကို မမောမပန်းရှင်းလင်း ပြောပြပေးနေကြသော ပရိုက်ဗိတ်ဂျက်လေယာဉ်မှူးများ နှင့် လေယာဉ်မယ် မဝတ်ရည်သင်း ၊ရဟတ်ယာဉ်မှူးများ၊ ဝန်ထမ်းများအားလုံးကိုလည်း ထူးဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် ပညာဒါနဘော်ဒါဆောင် (ပူတာအို) မှ နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသောကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့် အဆင့်မြင့်ပညာသင်ကြားနိုင်စေရန်အတွက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ အဆင့်မြင့်ပညာသင်ကြားပြီးနောက် ဆက်လက်ထူးချွန်ပါကလည်း နိုင်ငံရပ်ခြားပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့်ဆက်လက်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ထားရှိပါသည်။

0 comments to “ထူးဖောင်ဒေးရှင်းပညာဒါနမျကျောင်းသားများဦးတေဇ၏ကိုယ်ပိုင်ဂျက်လေယာဉ်နှင့်ရဟတ်ယာဉ်များအားလေ့လာခွင့်ရ”

Post a Comment