“Are you loneliness??? So ... What should you do???”
ခေတ်အဆက်ဆက်က လူတွေဟာ အဖော်မဲ့နေတာကို ဖြေဖျောက်ဖို့ ကြိုးစားနေတာပါပဲ။ အဲဒီအဖော်မဲ့နေတဲ့ ခံစားချက်ကို ကဗျာဆရာတစ်ယောက်က ရိုးရိုးလေးနဲ့ ရင်ထဲရောက်အောင် ရေးထားတဲ့ကဗျာတစ်ပုဒ် ရှိတယ်။
Me and my shadow,
Not a soul to tell our troubles to…
Just me and my shadow,
All alone and feeling blue. (by Billy Rose)
ငါနဲ့ငါ့အရိပ်
တို့ရဲ့ဒုက္ခတွေကို ပြောပြရမယ့်သူ တစ်ယောက်မှ မရှိဘူး။
ငါနဲ့ငါ့အရိပ်ပဲ..
တစ်ကိုယ်တည်း..။ မပျော်ဘူး။
ဘယ်ခေတ် ဘယ်အခါမှာဖြစ်ဖြစ် လူတွေဟာ အဖော်မဲ့နေတာကို လွတ်မြောက်သွားဖို့ တတ်နိုင်တဲ့နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အသင်းအဖွဲ့အမျိုးမျိုး ဖွဲ့စည်းတယ်၊ တစ်ခုမဟုတ်တစ်ခု စုပေါင်းပြီးတော့ လုပ်တယ်။ ပွဲလမ်းသဘင်တွေ လုပ်တယ်။ အခမ်းအနားတွေလုပ်တယ်။ နှစ်ပတ်လည်ပွဲတွေ လုပ်တယ်။ မိတ်ဆုံစားပွဲတွေလုပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်စုပြီးတော့ ဟိုလူ့အကြောင်း ဒီလူ့အကြောင်း ပြောမယ်။ သတင်းစာထဲမှာပါတဲ့ အကြောင်းတွေ ပြောမယ်၊ တီးမယ်၊ မှုတ်မယ်၊ ဆိုမယ်၊ ကမယ်။ သီချင်းတွေဖွင့်ပြီး နားထောင်နေမယ်။ TV တို့ဘာတို့လည်း ကြည့်ပြီး ကိုယ့်ကိုကိုယ် မေ့ထားကြတာပဲ။ အပြင်အဖော်တွေနဲ့ပဲ အဖော်လုပ်နေကြတယ်။ အခုခေတ်လူတွေက လူကို အဖော်လုပ်လို့မရရင် TV, Video တွေကို အဖော်လုပ်ပြီး နေကြတယ်။ ပိုဆိုးတာပဲ။ အဲဒါပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး။ ပြဿနာကို ဖုံးလိုက်တာ။
အခုခေတ်လူတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ၊ တခြားလူတွေပေါ်မှာ မှီခိုမူ အင်မတန်ကြီးမားလာတဲ့အတွက် ပတ်ဝန်းကျင်က လူတွေမှ သူ့ကို တစ်နည်းနည်းနဲ့ အသိအမှတ် မပြုလို့ရှိရင် သူပျောက်သွားတော့မတတ် စိတ်ထဲမှာ ခံစားရတယ်။ ဒါကြောင့် social acceptance လို့ခေါ်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကိုယ့်ကိုလက်ခံတာ၊ ကိုယ့်ကို ခဏခဏ အလည်ခေါ်တာတို့ ဖိတ်တာတို့ လုပ်တာ၊ ကိုယ့်ကို သဘောကျတာဟာ ကိုယ့်ရဲ့အဖော်မဲ့ အထီးကျန်ဖြစ်နေတဲ့ ခံစားချက်ကို ခဏသက်သာစေ ပါတယ်။ ငါ့မှာအဖော်ရှိတယ်ဆိုတဲ့ ခံစားချက် ဖြစ်တယ်။ လူတွေဟာ သူများက ကိုယ့်အကြောင်းကို ဘာတွေပြောနေကြသလဲ၊ သူများကကိုယ့်ကို ဘယ်လိုထင်ကြသလဲဆိုတာကို မှီပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်လိုလူဆိုတဲ့ စိတ်မျိုးဖြစ်တယ်။
အဲဒီလိုအဖော်မဲ့နေတာကို ဖြေပျောက်ဖို့ စိတ်ကို လမ်းလွှဲတဲ့နည်းတွေကလည်း အခုခေတ်မှာ ပိုများတယ်။ ဟိုလည်ဒီလည်၊ ဟိုသွားဒီသွား၊ ခရီးသွားကြတာလည်း ပါတယ်နော်။ သူများကိုယ့်ကို အာရုံစိုက်အောင်၊ သဘောကျအောင်၊ လက်ခံအောင်၊ ကျေနပ်အောင် လုပ်ကြကိုင်ကြတာလည်း ပိုများလာတယ်။ ကိုယ့်ကိုသူများ အာရုံစိုက်တယ်ဆိုရင် ကိုယ့်ရဲ့အဖော်မဲ့နေတဲ့ ခံစားမူ နဲနဲ့သက်သာသလို ခံစားရတယ်။ ဒါပေမယ့် ကိုယ့်ကို ခဏလောက် အာရုံစိုက်ပေးနိုင်တဲ့သူဟာ ကိုယ့်အတွက် ရေရှည်အဖေါ်ကောင်း ဘယ်ဖြစ်နိုင်မလဲ။
သူ့အနားမှာ လူတွေဝိုင်းပြီးတော့ သူပြောတာကို နားထောင်နေတယ်။ အဲဒီအဖွဲ့ထဲမှာ အုပ်စုထဲမှာ ရောနှောပြီးတော့ တသားထဲ ဖြစ်သွားတယ်။ အဲဒီလို ဝိုင်းဖွဲ့ပြီးတော့ ကိုယ့်ကိုကိုယ် မေ့ပျောက်ပြီးတော့ ဘာမှအရေးမကြီးတာတွေကို အဆတ်မပြတ် ပြောနေတဲ့အချိန်မှာ ကိုယ့်အကြောင်းကိုယ် မတွေးမိတော့ဘူး။ ကိုယ့်ဘဝကို ကိုယ်မတွေးမိတော့ဘူး။ ကိုယ်အဖော်မဲ့နေတာကို မတွေးမိတော့ဘူး။ အဲဒီအချိန်မှာ loneliness ခံစားမူက ပျောက်သွားတယ်။
အဲဒီလို ခဏသက်သာအောင်ပဲ လုပ်နေတဲ့သူဟာ ခိုင်မာရင့်ကျက်တဲ့စိတ်ကို မရနိုင်ဘူး။ loneliness ခဏပျောက်သွားတာနဲ့ အတူ လေးနက်တဲ့ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရင့်ကျက်တဲ့ စိတ်နေသဘောထားတွေကို လေ့ကျင့်ပြုစု ပျိုးထောင်ဖို့ အခွင့်အရေးတွေလည်း ဆုံးရှုံးသွားတယ်။ အဲဒါ သူပေးလိုက်ရတဲ့ cost ပဲ၊ တန်ဖိုးပဲ။ ဘာမှမရေရာတဲ့ လူစုလူဝေးထဲမှာပဲ ကိုယ်ပါပျောက်သွားတယ်။ ကိုယ့်ဘဝပါ ပျောက်သွားတယ်။
အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ လွန်မြောက်နိုင်ဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ ကိစ္စတစ်ခုကို ဆုံးရှုံးသွားပြီ။
***loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့ လွန်မြောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ အလုပ်ဟာ.. ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အရည်အသွေးတွေ၊ အရည်အချင်းတွေကို ထွက်ပေါ်လာအောင်၊ တိုးတက်လာအောင်၊ အားကောင်းလာအောင်၊ ပြုစုပျိုးထောင်ဖို့ ဆိုတဲ့အလုပ်ပဲ..***
ခဏသက်သာအောင် လုပ်တဲ့သူဟာ သူ့စိတ်ထဲမှာ အင်အားရှိတဲ့ လူတစ်ယောက်၊ အတွင်းအားရှိတဲ့လူတစ်ယောက် လုပ်ဖို့ ခဲယဉ်းသွားပြီ။ ပြီးတော့ sense of direction ဆိုတဲ့ ကိုယ်ဘယ်ကိုဦးတည်သွားနေသလဲ၊ ကိုယ့်ဘဝမှာ အရေးအကြီးဆုံး အလုပ်ကဘာလဲ၊ အဲဒါလဲမသိတော့ဘူး။
***အပေါင်းအဖေါ်နဲ့၊ ပြင်ပအဖေါ်တွေနဲ့ပဲ အချိန်များများဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘဝဦးတည်ချက်ကို မျက်ခြေပြတ်သွားမယ်။***
ကိုယ့်စိတ်ထဲမှာရှိတဲ့ အင်အား၊ အရည်အချင်းတွေနဲ့ ကိုယ့်ဘဝရဲ့ဦးတည်ချက်ကို အခြေခံပြီးတော့ လူတွေနဲ့ ထိထိရောက်ရောက် ဆက်ဆံသွားရမှာနော်။ အရည်အချင်းမရှိတဲ့သူ၊ လေးနက်တဲ့ဦးတည်ချက်မရှိတဲ့သူဟာ အဓိပ္မါယ်ရှိတဲ့ ဆက်ဆံရေးကို မတည်ဆောက်နိုင်ဘူး။
ခဏလောက် အဖေါ်မဲ့တဲ့ခံစားမူ သက်သာအောင် လုပ်တဲ့သူဟာ လေးနက်တဲ့ဦးတည်ချက်ရှိအောင် မလုပ်နိုင်တော့ဘူး။ အဲဒီတော့ သူဟာ ဘယ်လိုဖြစ်သွားမလဲဆိုရင် မရေရာတဲ့ လူတစ်ယောက်ဖြစ်သွားမယ်။ အဲသလို မရေရာတဲ့သူက အဖော်မဲ့ အထီးကျန် ပိုပြီးးးတော့ ဖြစ်မယ်။
အဲသလိုအခါမှာ သူ့ကို sense of direction ဦးတည်ချက်တစ်ခုခု ပေးမယ့်သူကို လိုချင်တယ်။ security လုံခြုံမူပေးမယ့်သူ၊ ယုံယုံကြည်ကြည် စိတ်ချလက်ချ ဆက်ဆံလို့ရမယ့် သူတစ်ယောက်ကို လိုချင်တယ်။ ဒါပေမယ့် ”သူ့ရဲ့ယုံကြည်ချက်၊ ခံယူချက်က သူ့အတွင်းကလာမှ ရမှာ။ သူ့ယုံကြည်ချက်နဲ့ သိပြီးတော့ဖြစ်လာတဲ့ ယုံကြည်ချက်၊ ခံယူချက်မှ ဖြစ်မှာ။” သူများကိုမှီလို့ မရဘူး။ ဒါဟာပြဿနာ ဖြေရှင်းနည်းမဟုတ်ဘူး။ သူ့ကို မှီမှကိုယ်ပြဿနာတွေ ပိုကြီးစေတယ်။ ကိုယ့်ရဲ့အတွင်းအားကို မရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling ကပျောက်မှာ မဟုတ်ဘူး။
ဒီပြဿနာဖြေရှင်းဖို့က ဖြတ်လမ်းမရှိဘူး။ တခြားတစ်ယောက်ရဲ့ဘဝနဲ့ (ဥပမာ-အိမ်ထောင်ဖက်) ကိုယ့်ဘဝကို တွဲထားလိုက်ရုံနဲ့ စိတ်အေးမှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကို အားကိုးပြီး နေလိုက်ရုံနဲ့ စိတ်အေးရမှာ မဟုတ်ဘူး။
သူများကိုအားကိုးပြီးတော့ သူများခိုင်းတာ လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းမယ်ဆိုရင်လည်း သူ့ loneliness ကပျောက်မှာ မဟုတ်ဘူး။ တခြားလူတွေကလည်း သူ့လိုပဲကြောက်နေရင်တော့ ပိုတောင်စိတ်အေးနိုင်မှာ မဟုတ်ဘူး။ empty နဲ့ loneliness ရှိနေရင် စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။ anxiety လို့ခေါ်တဲ့ သောကဖြစ်နေပြီ။ အဓိပ္မါယ်မဲ့သလို ခံစားနေရတာနဲ့ အဖော်မဲ့သလို ခံစားနေရတာဟာ တွဲနေတယ်။ empty ဖြစ်တာနဲ့ lonely ဖြစ်တာနဲ့ အတူတူတွဲနေတယ်။ empty မဖြစ်ရင် lonely မဖြစ်ဘူး။ ဘာလို့သူတို့နှစ်ခု အတူတူတွဲဖြစ်တာလဲဆိုတာ တော်တော်နက်နက်နဲနဲ နားလည်ဖို့ လိုတယ်။
Lonely မဖြစ်ချင်ရင် ဘယ်ကစရမလဲဆိုတော့ Empty မဖြစ်ဖို့က စရမယ်။ ကိုယ့်စရိုက်ဝါသနာနဲ့ ကိုက်တာလုပ်နေတဲ့သူ၊ ကိုယ်ပိုင်ညဏ်နဲ့ နေတတ်တဲ့သူဟာ empty ဖြစ်တဲ့ခံစားမူနဲတယ်။ ကိုယ်ဘာကို တန်ဖိုးထားတယ်ဆိုတာ တကယ်သိနေတဲ့သူဟာ empty ခံစားမူမျိုး နဲသွားတယ်။ အဖော်လိုက်ရှာရုံနဲ့ လူတွေအများကြီးထဲမှာ နေသွားရုံနဲ့ အဖော်ရမှာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ခံယူချက်၊ ယုံကြည်ချက်၊ မြင့်မြတ်တဲ့သဘောထားတွေနဲ့မှ အဖော်မဲ့နေတယ် ဆိုတဲ့ ခံစားမူက ပျောက်မှာ။
ဒီတော့ စိတ်အေးရဖို့ဆိုတာ….သောကကင်းဖို့ ဆိုတာ…
ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့ တန်ဖိုးထားစရာ ရှိရမယ်..၊
ငါ့ဘဝကို ဘယ်လိုနေမယ်..၊
ငါ့ဘယ်လို သဘောထားနဲ့ နေမယ်..၊
ဘယ်လိုခံယူချက်နဲ့နေမယ်..၊
ဘာကိုဦးတည်ချက်ထားမယ်..၊
ဆိုတာကို ကိုယ်ပိုင်ညဏ်နဲ့ ကိုယ်စဉ်းစားပြီးတော့၊ ဆုံးဖြတ်ပြီးတော့ နေနိုင်မှရမယ်။
"သူများလုပ်ပေးလို့မရဘူး။ ကိုယ့်ဟာကိုယ် လုပ်မှ။"
ဆရာတော်ဦးဇောတိက (ဆရာတော်ဦးဇောတိက၏ “ဘာကို တန်ဖိုးထားရမလဲ” စာအုပ်မှ။ စာအရမ်းရှည်နေမှာစိုး၍ လိုရင်းကိုပဲ ယူထားပါသည်

ကိုယ့်စိတ်ထဲမှာရှိတဲ့ အင်အား၊ အရည်အချင်းတွေနဲ့ ကိုယ့်ဘဝရဲ့ဦးတည်ချက်ကို အခြေခံပြီးတော့ လူတွေနဲ့ ထိထိရောက်ရောက် ဆက်ဆံသွားရမှာနော်။ အရည်အချင်းမရှိတဲ့သူ၊ လေးနက်တဲ့ဦးတည်ချက်မရှိတဲ့သူဟာ
ခဏလောက် အဖေါ်မဲ့တဲ့ခံစားမူ သက်သာအောင် လုပ်တဲ့သူဟာ လေးနက်တဲ့ဦးတည်ချက်ရှိအောင် မလုပ်နိုင်တော့ဘူး။ အဲဒီတော့ သူဟာ ဘယ်လိုဖြစ်သွားမလဲဆိုရင် မရေရာတဲ့ လူတစ်ယောက်ဖြစ်သွားမယ်။ အဲသလို မရေရာတဲ့သူက အဖော်မဲ့ အထီးကျန် ပိုပြီးးးတော့ ဖြစ်မယ်။
အဲသလိုအခါမှာ သူ့ကို sense of direction ဦးတည်ချက်တစ်ခုခု ပေးမယ့်သူကို လိုချင်တယ်။ security လုံခြုံမူပေးမယ့်သူ၊ ယုံယုံကြည်ကြည် စိတ်ချလက်ချ ဆက်ဆံလို့ရမယ့် သူတစ်ယောက်ကို လိုချင်တယ်။ ဒါပေမယ့် ”သူ့ရဲ့ယုံကြည်ချက်၊ ခံယူချက်က သူ့အတွင်းကလာမှ ရမှာ။ သူ့ယုံကြည်ချက်နဲ့ သိပြီးတော့ဖြစ်လာတဲ့ ယုံကြည်ချက်၊ ခံယူချက်မှ ဖြစ်မှာ။” သူများကိုမှီလို့ မရဘူး။ ဒါဟာပြဿနာ ဖြေရှင်းနည်းမဟုတ်ဘူး။ သူ့ကို မှီမှကိုယ်ပြဿနာတွေ ပိုကြီးစေတယ်။ ကိုယ့်ရဲ့အတွင်းအားကို မရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling ကပျောက်မှာ မဟုတ်ဘူး။
ဒီပြဿနာဖြေရှင်းဖို့က ဖြတ်လမ်းမရှိဘူး။ တခြားတစ်ယောက်ရဲ့ဘဝနဲ့ (ဥပမာ-အိမ်ထောင်ဖက်) ကိုယ့်ဘဝကို တွဲထားလိုက်ရုံနဲ့ စိတ်အေးမှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကို အားကိုးပြီး နေလိုက်ရုံနဲ့ စိတ်အေးရမှာ မဟုတ်ဘူး။
သူများကိုအားကိုးပြီးတော့ သူများခိုင်းတာ လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းမယ်ဆိုရင်လည်း သူ့ loneliness ကပျောက်မှာ မဟုတ်ဘူး။ တခြားလူတွေကလည်း သူ့လိုပဲကြောက်နေရင်တော့ ပိုတောင်စိတ်အေးနိုင်မှာ မဟုတ်ဘူး။ empty နဲ့ loneliness ရှိနေရင် စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။ anxiety လို့ခေါ်တဲ့ သောကဖြစ်နေပြီ။ အဓိပ္မါယ်မဲ့သလို ခံစားနေရတာနဲ့ အဖော်မဲ့သလို ခံစားနေရတာဟာ တွဲနေတယ်။ empty ဖြစ်တာနဲ့ lonely ဖြစ်တာနဲ့ အတူတူတွဲနေတယ်။ empty မဖြစ်ရင် lonely မဖြစ်ဘူး။ ဘာလို့သူတို့နှစ်ခု အတူတူတွဲဖြစ်တာလဲဆိုတာ တော်တော်နက်နက်နဲနဲ နားလည်ဖို့ လိုတယ်။
Lonely မဖြစ်ချင်ရင် ဘယ်ကစရမလဲဆိုတော့ Empty မဖြစ်ဖို့က စရမယ်။ ကိုယ့်စရိုက်ဝါသနာနဲ့ ကိုက်တာလုပ်နေတဲ့သူ၊ ကိုယ်ပိုင်ညဏ်နဲ့ နေတတ်တဲ့သူဟာ empty ဖြစ်တဲ့ခံစားမူနဲတယ်။ ကိုယ်ဘာကို တန်ဖိုးထားတယ်ဆိုတာ တကယ်သိနေတဲ့သူဟာ empty ခံစားမူမျိုး နဲသွားတယ်။ အဖော်လိုက်ရှာရုံနဲ့ လူတွေအများကြီးထဲမှာ နေသွားရုံနဲ့ အဖော်ရမှာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ခံယူချက်၊ ယုံကြည်ချက်၊ မြင့်မြတ်တဲ့သဘောထားတွေနဲ့မှ အဖော်မဲ့နေတယ် ဆိုတဲ့ ခံစားမူက ပျောက်မှာ။
ဒီတော့ စိတ်အေးရဖို့ဆိုတာ….သောကကင်းဖို