Thursday, August 22, 2013

ဆီးဂိမ်းတွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုရန် အော်တိုဖုန်း ၃၀ဝကျော်ထားမည်

,


From : ..YMG

ဆီးဂိမ်းပွဲ တော်တွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် အော်တိုတယ်လီ ဖုန်းအလုံးပေါင်း ၃၀ဝကျော်ကို အားကစားရုံများတွင် အသုံးပြုနိုင် ရန် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအော်တိုတယ်လီဖုန်း များကို ပြည်ပမှလာရောက်ယှဉ် ပြိုင်ကြမည့် အားကစားသမားများ အသုံးပြုနိုင်ရန်ရည်ရွယ်၍ သီးသန့် ထားရှိပေးခြင်းဖြစ်ပြီး အာဆီယံ နိုင်ငံများအား စိတ်ကြိုက်မိနစ်အ ကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။
''ဖုန်းအလုံးပေါင်း ၃၀၀ လောက်တပ်ဆင်ပေးမယ်လို့ ပြင် ဆင်ထားပါတယ်။ အဲဒီအတွက်လဲ လုပ်ကိုင်ဖို့ အထက်ကိုစာတင်ထား ပါတယ်။ ဖုန်းအလုံးရေလိုအပ်ရင် ထပ်တိုးချဲ့ပေးဖို့လဲရှိတယ်။ အဓိက က နိုင်ငံခြားသားတွေအသုံးပြု နိုင်ဖို့အတွက်ပါ။ ခွင့်ပြုချက်ရပြီး တာနဲ့ ဒီလအတွင်းစလုပ်တော့မှာ ပါ''ဟု VMG Telecom မှ အထွေ ထွေမန်နေဂျာ ဦးအောင်မင်းသိန်း ကပြောသည်။
အဆိုပါအော်တိုကြိုးဖုန်း များကို ဆီးဂိမ်းပွဲတော်ကျင်းပမည့် ရန်ကုန်၊ နေပြည်တော်၊ ပုသိမ်၊ ငွေဆောင် အစရှိသည့်နေရာများ တွင်အသုံးပြုနိုင်ရန် တပ်ဆင်ပေး သွားမည်ဖြစ်ပြီး ယင်းစနစ်အား ဆီးဂိမ်းပွဲတော် တစ်လျှောက်လုံး အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
''ပြည်ပကအားကစားသမား တွေအတွက် အဓိကလုပ်ပေးရတာ က သူတို့အားကစားပွဲပြိုင်ပြီးလို့ နိုင်တယ်ဆိုရင် သူတို့နိုင်ငံက မိ သားစုတွေကို ချက်ချင်းပြောနိုင် အောင်လို့ ရည်ရွယ်ပြီးလုပ်ပေးတာ ပါ။ ဒီက ကစားသမားတွေကတော့ ဖုန်းအလွယ်တကူရှိတော့ ရှိဖို့မလို အပ်ဘူးလေ။ ထားပေးတဲ့ဖုန်းတွေ ကလဲ အာဆီယံနိုင်ငံတွေကိုပဲခေါ် လို့ရမှာပါ''ဟု ယင်းကဆက်လက် ပြောသည်။
ဆီးဂိမ်းပွဲတော်တွင် အာဆီ ယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကြိုးဖုန်းတပ်ဆင်နိုင်ရန်အတွက် VMG Telecom ကုမ္ပဏီ၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာ ပုံတယ်လီပို့ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိ ရသည်။
VMG Telecom သည် လွန် ခဲ့သည့်ခုနစ်နှစ်ခန့်က လန်ဒန်တွင် စတင်အခြေစိုက်တည်ထောင်ခဲ့ ပြီး ၂၀၁၂ခုနှစ် ဖေဖော်ဝါရီမှစတင် ၍ မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments to “ဆီးဂိမ်းတွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုရန် အော်တိုဖုန်း ၃၀ဝကျော်ထားမည်”

Post a Comment