တစ်နေ့ တစ်နေ့ သတင်းစာလေး ဖတ်လိုက် စာအုပ်လေး ဖတ်လိုက် အလုပ်လုပ်လိုက် နဲ့ အချိန်တွေကကုန်မှန်းမသိ ကုန်တာမြန်ပါတယ်။ ထူးထူးခြားခြား ဒီနေ့တော့ သတင်းလေး တစ်ပုဒ် ဖတ်ရင်း အတွေးတစ်ခုရတယ် ။မကြာခင်မှာပဲ တောင်ကိုရီးယား က မင်းသား ချော ဆောင်ဂျွန်ကီ ဟာ စစ်မှုထမ်းရတော့မယ် ဆိုတဲ့ သတင်းပါ။နောက်ပြီးတော့ တရုတ်ကျောင်းသားတွေကလဲ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းကြတယ်လို့ သိရပါတယ် ။ လူဆိုတာ အားကျတတ်တာသူများဖြစ်ရင် ကိုယ်လည်း ဖြစ်ချင်တာ သဘောဝ ပဲမဟုတ်လား ။ ငါတို့နိုင်ငံမှာလဲ အဲ့ဒီလိုဆိုသိပ်ကောင်းမှာပဲလို့ စဉ်းစားမိတယ် ။ စဉ်းစားမိတော့ လည်း စိတ်က ပြန်မေးတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ တစ်ယောက်တည်းကြိတ်ဖြေလို့ပေါ့ ။ ငါတို့ မြန်မာနိုင်ငံ က ရုပ်ရှင်မင်းသားတွေ ၊ ကျောင်းသားဟောင်းတွေ ရော ဘယ်လိုလဲ ? အမိနိုင်ငံတော် ကိုကာကွယ်ဖို့ ဆန္ဒ ရှိကြလေမလား ? ပြီးတော့ ဒီရုပ်ရှင်မင်းသားတွေ ကျောင်းသားတွေကကော တပ်မတော် ရဲ့ မပြည့်စုံ
အောက်မှာ ဘယ်လောက်ကြာကြာ စစ်မှုထမ်းချင်ကြမလဲ ? အဲ့လို နည်းနည်း လေး ကိုယ့်ဘက် ကိုယ်ရပ်တွေးလိုက်ပြီးမှ ကိုယ်ဘာသာ ကိုယ်ပြန်စဉ်းစား ရင်း ရှက်လာတယ်။ ကျွန်တော် ဟိုတစ်လော က ဖတ်ရတဲ့ သတင်းကို မေ့တော့မလို့မြန်မာရုပ်ရှင်မင်းသား ချော မင်းအုပ်စိုးက လူလည်ခေါင်မှာ အရက်မူး ရမ်းကား ၊ သစ်ပင်ကို မီးရှို့ ခဲ့တဲ့သတင်းလေ ။ဟူး ... တော်တော် ရှက်ဖို့ကောင်းတယ်ဗျာ ။ သူများနိုင်ငံ က မင်းသားအကြောင်း ဖတ်ပြီးမှ ကိုယ့်မင်းသား အကြောင်းတွေ ပြန်သတိရတော့ စိတ်ထဲ တော်တော် တင်းချင်ချင် ဖြစ်သွားတယ် ။ ကျွန်တော် တို့ မြန်မာ အကျင့်က ခွေး-ခွေးခြင်း ကိုက်ရင်တောင် ကိုယ့်ခွေး နိုင်စေချင်တာ ကိုးဗျ ။ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ကိုယ့်စိတ်ထဲ ခံစားနေရတာလေး
ပြောပြကြည့်မိတယ်။ သူ့ ကို ပြောပြမိကာမှပဲ ကျွန်တော် ပိုပြီး တင်းရပါကော ။
"မင်း က မင်းအုပ်စိုးကိစ္စပဲ သိလိုက်တာလား - သရုပ်ဆောင် ရဲတိုက် ကို ကျောက်တံခါး ရဲစခန်းမှာ
ဆေးခြောက်တွေ နဲ့ ဖမ်းမိတာ မဖတ်မိဘူးလား ၊ မင်း ပြောတဲ့တပ်မတော် ထဲ ၀င်ဖို့ မပြောနဲ့ သူတို့ လောကနဲ့သူတို့ တောင် စာကလေးသိုက် နဲ့ သပွတ်အူ ရှုပ်လို့ ပွေလို့ ၀ကြရဲ့လားမသိဘူး"
အဲ့ဒီလောက်တောင်ပဲလား ။ အနုပညာ လောက ဆိုတာကလည်း ကိုယ်နဲ့ အလှမ်းဝေးတော့ တကယ်ပဲ မသိခဲ့ဘူး။အနုပညာ ရှင်တွေ က ပြည်သူ အချစ်တော် မဟုတ်လား ။ ဟိုးအရင်တုန်းကတော့ တပ်တွေ ရှေ့တန်းပြန်လာပြီဆို အဆိုတော် ၊ နာမည်ကြီးအနုပညာရှင်တွေက
ရှေ့တန်းပြန်ရဲဘော်လေးတွေ ကို ဖျော်ဖြေပေးကြ နဲ့ မြင်ရတာ တကယ့်ကို ပီတ ဖြစ်စရာကောင်းတယ် ။ စည်းလုံးတယ် လို့ ပြောရမှာပေါ့ ။ ဟိုတုန်းက စတန့်မင်းသားကြီး ချစ်ရွှေကြီးဆိုတာ နာမည် ကြီးပေါ့ ။ မင်းသား အသက် ရှစ် နှစ် မှာ ဇာတ်ကား ပေါင်း ၂၄ ကား ရိုက်သွားတယ် ။ အသားက မဖြူ မညို
အရပ်အမောင်း ကလဲ ၅ ပေ ၁၀ လက်မ လောက် ရှိတယ် ။ သွပ်ပြားတွေ ရံထားတဲ့ ခြံစည်းရိုး ကို တုတ်ထောက် ခုန်ပီးဝင် တဲ့ ဇာတ်ဝင် ခန်းတွေ ဆို လူစားထိုး စာမလို အရမ်းကို စတန့်ကောင်းတယ် ။ အမြဲတမ်း လည်း ကြောင်ကျ , ကျတယ်။ နောက် တော့ မင်းသား ချစ်ရွှေ ဗမာ့ လွတ်လပ်ေ၇း တပ်မတော် ထဲ ၀င်ပြီး စစ်မှုထမ်းတယ် ။ရဲရဲတောက် မျိုးချစ်အနုပညာ ရှင်လို့ ပြောရမယ် ။ နောက်တော့ ဟင်္သာတ အထက် က ဒိုက်ယား (သာယာကုန်း ရွာ) က အင်္ဂလိပ်နယ်ချဲ့တွေကို သွားတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့တယ်။အခုတော့ မပြောပါနဲ့ဗျာ ..မူးပြီး လူလည်ခေါင် တက်ရမ်း တဲ့ မင်းသားနဲ့
ဆေးခြောက်မိတဲ့ မင်းသား နဲ့ ။ ဒါပေမယ့် တစ်ချို့ ကောင်းတဲ့ မင်းသားတွေ လဲ ရှိပါတယ် ။ စစ်မှုမထမ်းမ နေရ လုပ်ရင် သူတို့ လဲ ထမ်းချင်ထမ်းမှာပေါ့ ။ ဒါပေမယ့် လို့ ဘယ်သူမှ တော့ ခုထိ အသံထွက်တာ မကြားပါဘူးဗျာ ။
မနက်ကတည်းက အခဲမကြေ လိပ်ခဲတည်းလည်း ဖြစ်နေတာ ညနေဘက် မိတ်ဆွေတစ်ယောက် လက်
ဆောင်ပေးထားတဲ့ စာအုပ်လေး ဖတ်မိမှပဲ စိတ်ကိုဖြေနိုင်တော့တယ် ။ကျွန်တော် က ကိုယ့်အတွေး နဲ့ ကိုယ် အဲ့လိုစိတ်ကြီးတဲ့ကောင် ။စာအုပ် လေး က တရုတ် စကားပုံ စာအုပ်လေးဗျ ။ အဲ့ဒီထဲ က စကားပုံလေး တစ်ပုဒ် ဖတ်လိုက်ပီးမှ ကျွန်တော် နဲနဲ သဘော ပေါက်သွားတယ် ။စကားပုံက-
"If one generation has been warlike,the ten following will be timid."
"အကယ်၍ မျိုးဆက်တစ်ဆက်သည် စစ်ကိုလိုလားခဲ့လျှင် နောက်ထပ်မျိုးဆက် ဆယ်ဆက်သည် သူရဲဘောကြောင်လိမ့်မည်".... တဲ့
သိပ်မှန်တယ် ဗျ ။ ကျွန်တော်တွေးနေတာနဲ့ လာတိုက်ဆိုင်တယ် ။ ကိုချစ်ရွှေကြီးတို့ ရဲခဲ့သလောက် ခုခေတ် မင်းသားတွေများ..စကားပုံ ထဲ က အတိုင်းပါပဲဗျာ။
Ref = မူရင်း စာရေးသူ