skip to main |
skip to sidebar
စစ်တွေတွင် ဘင်္ဂလီနှင့် ရဲ ပဋိပက္ခ အစိုးရ ပြန်ကြားရေး ရှင်းလင်းချက်ထုတ်ပြန်

စစ်တွေမြို့နယ် အုန်းတောကြီးကျေးရွာအနီးတွင် သြဂုတ်လ ၉ ရက်နေ့
နံနက်ပိုင်းက ဘင်္ဂလီအမျိုးသမီး တစ်ဦး သေဆုံးနေသည်ကို
တာဝန်ရှိရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သောကြောင့် အဆိုပါသေဆုံးနေသည့်
အလောင်းကို စစ်ဆေးမှုများပြုလုပ်ရန် သယ်ယူလာပြီး ၄င်းအလောင်းကို
စစ်ဆေးမှုများပြုလုပ်နေစဉ် အတွင်း ဘင်္ဂလီများနှင့် ရဲတပ်ဖွဲ့ဝင်များတို့
ရုန်းရန်းဆန်ခတ်ဖြစ်ပွားရာကနေ ဘင်္ဂလီတချို့ ဒဏ်ရာရရှိ သွားကြောင်း
မြန်မာအစိုးရ ပြန်ကြားရေးဌာနမှ ရှင်းလင်းချက်ထုတ်ပြန်ခြင်းမှာ
အောက်ပါအတိုင်းဖြစ် သည်။စစ်တွေမြို့ ညမထွက်ရအမိန့် ညဆယ်နာရီမှ နံနက်
လေးနာရီအထိထုတ်ပြန်ထားသော အမိန့်ကို နောက် ထပ်ရက်ပေါင်း ခြောက်ဆယ်ကို
သြဂုတ်လ ၈ ရက်နေ့တွင် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရ သည်။
စစ်တွေမြို့နယ်၌ အလောင်းတစ်လောင်း တွေ့ရှိရာမှ ရဲတပ်ဖွဲ့ ဝင်များအား
အကြမ်းဖက်မှုအချို့ ပြုလုပ် လာ ခဲ့သဖြင့် သက်ဆိုင်ရာက ထိန်းသိမ်း
ဆောင်ရွက်လျက်ရှိ
နေပြည်တော် သြဂုတ် ၉
ယနေ့ နံနက် ၈
နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မှန်စီကျေးရွာ
မှန်စီချောင်းဝတွင် အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ
အလောင်းအား ရဲတပ်ဖွဲ့ဝင်များက မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေစဉ်
ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများက လာရောက်ကြည့်ရှုခဲ့ကြောင်း၊
ကြည့်ရှုသူအင်အား ၅၀၀ ခန့်ဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန်
ပြောကြားစဉ် အာလန် (၁၆ နှစ်) က ဒုတိယ ရဲမှူးဌေးဝင်းအား
ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ကျန်လူများကလည်း ရဲတပ်ဖွဲ့ဝင်များအား
ရန်ပြုခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဖြင့်
သတိပေးပစ်ခတ်တားဆီးခဲ့ကြောင်း သိရှိရသည်။
ပစ်ခတ်လူစုခွဲမှုကြောင့်
သုံးဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ဖွယ် မရှိကြောင်း၊
ပြန်လည်ဆုတ်ခွာသွားသော လူအုပ်စုများက အုန်တောကြီး ရဲကင်းအား
မီးရှို့ခဲ့သဖြင့် ယာယီလူနေတဲလေးလုံး မီးလောင်ပျက်စီး ခဲ့ကြောင်း ၊
မီးရှို့ဖျက်ဆီးသူ ရှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ
၎ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘုမေကျေးရွာအုပ်စု ကော်ကာဒီရွာနှင့်
သုံးဖာလုံခန့် အကွာ ပင်လယ်ဝတွင် ငါးဖမ်းလှေတစ်စင်း နစ်မြှုပ်ခဲ့ရာ
လှေပေါ်ပါသူ ဘင်္ဂါလီ ခုနစ်ဦးအနက် အဒူရော်ရှိ(၃၄ နှစ်) ဆိုသူ
တစ်ဦးပျောက်ဆုံးခဲ့ကြောင်း ၊ ယခုတွေ့ရှိရသော အလောင်းမှာ ရေနစ်သေဆုံးသော
အလောင်းဖြစ်နိုင်သဖြင့် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ
ဘောဒူဖရွာတွင် စုဝေးနေသော လူအုပ်စုအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အဖွဲ့မှ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်