Monday, August 12, 2013

ကျေးတောသားကလေးမှသည် သမ္မတကြီးအဖြစ်သို့

,



ဒီနေ့မနက် ရန်ကုန်တိုင်းမ် ဂျာနယ်၊ Special Report မှာ Leader Profile " ကျေးတောသားကလေးမှသည် သမ္မတကြီးအဖြစ်သို့ " ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက လေးစားအသိအမှတ်ပြုလာရသည့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဘ၀ရုပ်ပုံလွှာများကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဂုဏ်ပြုရေးသားထားတာကို ဖတ်လိုက်ရပါသည် ........ ~ ကျွန်မ အလွန်လေးစားရပါသော သမ္မတကြီး ဦးသိန်းစိန်၏ ငယ်ဘ၀ဖြစ်စဉ်အကြောင်းများကို ဂုဏ်ပြုရေးသားပေးသော ရန်ကုန်တိုင်းမ်ဂျာနယ်ကိုလည်း ကျေးဇူးအထူးတင်ပါသည် .......

ရန်ကုန်တိုင်းမ် ဂျာနယ် Special Report ~ Leader Profile မှ မှတ်သားမိသော စကားအချို့ ..... ~

~ သမ္မတကြီး၏ ဘ၀သည် အခြားလူငယ်ကျောင်းသားများနည်းတူ ဘ၀ကို အေးချမ်းစွာ ကျော်ဖြတ်ခဲ့ရပြီး ကျောင်းတက်ခဲ့ရသူမဟုတ် ... မိဘများက ဆင်းရဲသဖြင့် နောက်ဖေးရှိခြံတွင် သီးနှံပင်များစိုက်ပျိုးပြီး ရောင်းချရခြင်း ... စပါးကျီသုံးထရံ(ရိုင်)ရက်လုပ်ရခြင်း ... မိခင်ဖြစ်သူ ခေါက်ဆွဲလုပ်ရောင်းချရာတွင် ၀ိုင်းဝန်းကူညီရင်းကျောင်းတက်ခဲ့ရသူ ....
~ ဒီလိုပဲ ပင်ပန်းဆင်းရဲစွာနဲ့ ကျောင်းတက်ခဲ့ရတာ ..... သူ့သမီးတွေကို ခပ်ငယ်ငယ်တုန်းက ပြောလေ့ရှိတယ် ... သမီးတို့က ကံကောင်းတယ် ... အဖေ့တုန်းက ပင်ပန်းဆင်းရဲခံပြီး ကျောင်းတက်ခဲ့ရတာ ........
~ သမ္မတကြီး၏ဖခင် အမြဲပြောလေ့ရှိတဲ့ စကားရှိတယ် .... အဲဒါက ကိုယ်ကျင့်တရားဆိုတာ ကိုယ်က ကျင့်ရမယ့်တရားလို့ပြောတာ ...........
~ တကယ်ငြိမ်းချမ်းတဲ့ မိသားစုပါ .... နူးညံ့သိမ်မွေ့ကြတယ် ....... မိဘကိုရိုသေကြတဲ့နေရာမှာလည်း စံပြဖြစ်ကြတယ် .......
~ သမ္မတလည်း ဒီလိုပဲ ဘာသာရေးအဆုံးအမတွေနဲ့ ယဉ်ပါးပြီးကြီးပြင်းလာတာ ၊ သူ့တပည့်တွေကို ပြောလေ့ရှိတဲ့ စကားကတော့ ရိုးသား ကြိုးစား အဲဒါပဲသင်တာ .......
~ စိတ်နေသဘောထားမှာ စိတ်ကိုထိန်းနိုင်ပြီး အေးဆေးတည်ငြိမ်သည့် အကျင့်စရိုက်ရှိသူ .... ရိုးသားမှုသည် ဘ၀တွင်အရေးကြီးဆုံးဖြစ်သည် ဟုခံယူထားသူဖြစ်ကာ မိဘ၊ အစ်ကို၊ အစ်မတို့၏ စကားကိုအမြဲနားထောင်လေ့ရှိသူ ........
~ သူက ငယ်ငယ်ကတည်းက ဥပဓိရုပ်ကောင်းတယ် တည်ငြိမ်တယ် ......
~ သူက စကားပြောဆိုတဲ့နေရာမှာ သတိနဲ့ပြောဆိုလေ့ရှိတယ် ......
~ အားကစားဘက်တွေမှာလည်းထူးချွန်တာပဲ .... ဆုတွေရတာပဲ .... နောက် သူက သစ်ပင်စိုက်တာ ၀ါသနာပါတယ် .........
~ မိမိကိုယ်ကို ကြွားဝါလိုစိတ်မရှိကြောင်းတွေရ ....... ဘ၀ဖြစ်သန်းရာလမ်းတစ်လျှောက်တွင်လည်း မဟုတ်မမှန်တာကို မလုပ်ဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ကြောင်း ......... တပည့်တွေကိုလည်း သူ့လိုကျင့်ကြံစေရန် အမြဲဆုံးမလေ့ရှိကြောင်း .........
~ သူ ၀န်ကြီးချုပ်ဖြစ်တော့ သူ့ဆွေမျိုးတွေက အကူအညီတောင်းကြသေးတယ် ... သူက သူ့အရှိန်နဲ့လုပ်တာကို မကြိုက်ဘူး ..... မမှန်တဲ့အကြောင်းအရာမျိုးဆို အကူအညီမပေးဘူး ... ရိုးသားစွာနေဖို့ပဲ ပြောတာ .....

***** လူတစ်ယောက်၏ဘ၀တွင် ရိုးသားမှုအရင်းခံကာ ကြိုးစားမှုဖြင့် ထိပ်ဆုံးသို့ရောက်အောင် တက်လှမ်းနိုင်ခြင်းအကြောင်းကို ကျေးတောသားလေးတစ်ဦးဖြစ်သူ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သာဓကပြနေပြီဖြစ်ပါသည် ....................................... !!!

ကျွန်မသည်လည်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ Leader Profile ကို ဖတ်ပြီးသည့်အချိန်တွင် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်မှာ ပြောမပြနိုင်လောက်အောင်ပင် ......... ထို့ကြောင့် ယခု Status ကိုရေးသားမိပါသည်။

P.s : ကျွန်မ ယခု Status ကိုရေးသားခြင်းမှာ ကျွန်မ၏ ပင်ကိုယ်စိတ်ရင်းအမှန်ဖြင့် တင်ခြင်းဖြစ်ပါသည်။ မည်သူတစ်ဦး တစ်ယောက်၏ Control မပါဝင်ပါ။ ကျွန်မသည် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးလည်းမဟုတ်ပါ။ သာမန်ပြည်သူတစ်ယောက်သာ ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ကျွန်မ၏ ဖိုးဖိုး(Grandpa)ထက်ပင် အသက်အရွယ်ကြီးသူဖြစ်ပါသည်။ သမ္မတကြီး ဦးသိန်းစိန်အား ကျွန်မ၏ဖိုးဖိုးကဲ့သို့ပင် အလွန်လေးစားချစ်ခင်မိပါသည်။ ထို့ပြင် ကျွန်မသည်လည်း ဒီမြေမှာမွေး ဒီရေကိုသောက်သည့် အမိမြန်မာပြည်သူတစ်ယောက်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ သန်း၆၀သော နိုင်ငံသူ၊နိုင်ငံသားများအတွက် ပြုပြင်ပြောင်းလဲမှုများကို ကြိုးစားပြုလုပ်ပေးနေသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား ရိုသေလေးစားစွာဖြင့် ယခု Facebook စာမျက်နှာထက်မှပင် ယခု Status ဖြင့် ရှိခိုးကန်တော့အပ်ပါသည် ............. ဖိုးဖိုး သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ .......................

~ MR. PRESIDENT U THEIN SEIN ~ THE PERSON I ADMIRE MOST IN MYANMAR ~ !!!!!
***** I LOVE MR.PRESIDENT U THEIN SEIN *****

0 comments to “ကျေးတောသားကလေးမှသည် သမ္မတကြီးအဖြစ်သို့ ”

Post a Comment