Wednesday, October 9, 2013

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ပါတီဝင်များနူတ်ထွက်တော့မည်

,



ပုသိမ်မြို့နယ်က ရာနဲ့ချီတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တွေဟာ ပါတီဝင် အဖြစ်ကနေ နုတ် ထွက်ဖို့ ပြင်ဆင် နေကြပြီဖြစ်သည်။ ပါတီအနေနဲ့ ဗဟိုဦးစီး စနစ် ဆက်ပြီး ကျင့်သုံးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ဆက်လက်ဦးဆောင်နေ မယ်ဆိုတဲ့ မူကြောင့် နုတ်ထွက် ကြမှာဖြစ်တယ်လို့ ပုသိမ်မြို့ NLD ပါတီဝင် တယောက်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပါတီ ဘက်ကတော့ လူတိုင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ပိုင်ခွင့် ရှိပါတယ် လို့ ပြောပါတယ်။လာမယ့်စနေနေ့ အောက်တိုဘာ ၂၇ ရက်နေ့ကျရင် NLD ပါတီဝင်တွေ စုပေါင်း နုတ်ထွက်ကြ မှာဖြစ်တယ်လို့ နုတ်ထွက်မဲ့သူတယောက်ဖြစ်တဲ့ ပုသိမ်မြို့နယ်၊ NLD ပါတီဝင် ဒေါက်တာ သန်းထိုက်ကပြောကြားခဲ့သည်။
“သေချာပြောနိုင်တာကတော့ အခု ကျနော်တို့ဆီမှာ လာပြီး တားမရလို့ နုတ်ထွက်မယ့်သူတွေ တရာ ဝန်းကျင်လောက် ရှိနေပြီ။” ဟု MEG သတင်းထောက်တစ်ဦးအားပြောကြားခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါတီမှ နူတ်ထွက်မည့် ပါတီဝင်များနှင့် ကိုယ်တိုင်တွေ့ဆုံညှိနိုင်းခဲ့သော်လည်း ဒေါက်တာသန်းထိုက်ဦးဆောင်သော ပါတီဝင်များမှ သဘောတူလက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။



Credit To>>>Khaing Myo Chit<<<Thank You For Your Posts>>>

0 comments to “ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ပါတီဝင်များနူတ်ထွက်တော့မည်”

Post a Comment