၅၉(က)(စ) အလိုမရှိ ဆန္ဒပြ ပွဲကြီး အတွက် အမြို့မြို့ အနယ်နယ် ၌ စုရုံး နေကြပြီ>>>>
**************************
ပြည်သူ ရွေးချယ် တင်မြောက်သော အစိုးရ တစ်ရပ် ပေါ်ပေါက်လာရေး အတွက် မြန်မာနိုင်ငံ အနှံ့ လူငယ် လူကြီး များ၊ ရဟန်း သံဃာ များ၊ ပြည်သူ့ဝန်ထမ်းများ၊ မိဘ ဆရာ ကျောင်းသူ ကျောင်းသား များ ၊ ပြည်သူ့ ရဲများ၊ ပြည်သူ့ တပ်မတော် သားများ သည် စုရုံး နေကြပြီ ဖြစ်ကြောင်း၊ အချို့မှာ ချိန်းဆိုထားသော ရန်ကုန် မြို့တော်ခန်းမ သို့ အကြောင်းကြောင်း အမျိုးမျိုး ကြောင့် မလာရောက် နိုင်သော်လည်း မိမိတို့ နေထိုင် သော အရပ် တွင် မိမိတို့ တက်နိုင်သည့် ဖက်မှ ပါဝင်ရန် အဆင်သင့် ဖြစ်နေကြပြီဟု သိရသည်။။ ဝေဝါးနေသော သူများ မှာလည်း မည်ကဲ့သို့ စုရုံးမူ့များ ဖြစ်လာရ သနည်း သိချင်စိတ်များ ပွါးများ နေကြ ပြီဟု သိရှိရပါသည်။ သို့သော် စိုးရိမ် စိတ်များ ပါ ပေါ်ပေါက်လာ ကြကြောင်း၊ အစိုးရ မှ အင်အား သုံးပြီး ဖြိုခွင်း မည်ကို စိုးရိမ် မိကြောင်း၊ ပြည်သူ များ ဖမ်းဆီး ခံရနိုင်ကြောင်း၊ တပ်မတော်မှ အခွင့် အရေး ယူ ၍ အာဏာ ပြန်သိမ်း မည်ကို ပူပန် နေကြကြောင်း သိရှိရပါသည်။။ အချို့ ပြည်သူ များမှာ တရားဝင် ဆန္ဒပြ နိုင်ရန် အတွက် သက်ဆိုင်ရာ ရဲစခန်း များ တွင် ဆန္ဒပြ ခွင့် လျောက်လွှာ များကို တင်ယူရန် ကြိုးစားနေကြ ကြောင်းသိရှိရပါသည်။။ နိုင်ငံခြား သို့ ရောက်ရှိ နေသော မြန်မာနိုင်ငံ သားများ ကလဲ ပြည်တွင်းမှ ပြည်သူများ နှင့်အတူ တချိန်တည်း တနေ့တည်း ပူပေါင်း ပါဝင်နိုင်ရန် စတင် စည်းရုံး နေကြပြီ ဖြစ်ကြောင်း အသိပေး လိုက်ပါတယ်။။ အကြံဉာဏ် ကောင်း တခု ပေးခဲ့ သူ များ ပြောကြားချက် အရ ---- တစ်နိုင်ငံ လုံး ပြည်သူ ပြည်သား များ ထိုနေ့ ဇန်နဝါရီ (၄)ရက်နေ့ လွပ်လပ်ရေးနေ့ တွင် ကျင်းပမည့် ၅၉(က)(စ) အလိုမရှိ ဆန္ဒထုတ်ဖော် ပွဲအား ထောက်ခံ အားပေးသည့် အနေဖြင့် အကျီ င်္ အဖြူများ တနိုင်ငံ လုံးရှိ ပြည်သူများ၊ပြည်ပမှ သက်ဆိုင်ရာ သံရုံးများသို့ သွားရောက် ဆန္ဒပြသူများ အားလုံး ဆင်တူ ဝတ်ဆင် ကြရန် နိုးစော် တိုက်တွန်း လိုက်ကြောင်း သတင်းများ ကြားသိ လိုက်ရပါတယ် ခင်ဗျား_________ မြန်မာ့ အနာဂတ် မျိုးဆက်များ MFG (Myanmar Future Generation)
မငြိမ်းချမ်းမူ့များ မလွပ်လပ်မူ့များ
မညီညွတ်ခြင်းများ အမှန်မမြင် ချင်းများ
ဒီနိုင်ငံ သမိုင်း ကြောင်း တလျှောက်မှာ သံသရာ လည်ကာ မရပ်တန့် နိုင် တော့ဘူးလား???
လွတ်လပ်မူ့ တွေ တရားမျှတ မူ့တွေ
လုံးဝ မရှိတဲ့ ဒို့ရဲ့ တိုင်းပြည်ကို ဒီလိုသာ ရပ်ကြည့် နေကြ မှာလား??
ငါတို့ မျိုးဆက် တွေ ဘယ်တော့ မှ နေမဝင် စေ ရဘူး!!!!!!!
----------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် Facebook Fan Page သို့ သွားရောက်ရန် နှိပ်ပါ >>>>>>>
---------------------------------------------------------------------------------------------------------
အသိပေးခြင်း ။ ။ အထက်ဖော်ပြပါ စာသားများသည် ဒေါ်အောင်ဆန်းစုကြည် Facebook Fan Page တွင် ဖော်ပြထား သည့်အတိုင်း ဖြစ်ပြီး ရွှေသတင်းသစ် ၏ အာဘော် လုံးဝ (လုံးဝ) မပါဝင်ကြောင်း အသိပေးအပ်ပါသည်။