နေဇင်လတ်
ဲJOB seekers Journal (Vol.2, No.18. 5th October 2013)
လူငယ်များ ကြီးပွားတိုးတက် လိုစိတ်ရှိကြသည်မှာ သဘာဝဖြစ် သည်။
တိုးတက်လိုစိတ်မရှိလျှင်မူ တိုးတက်မည်မဟုတ်ပေ။ သို့သော် လည်း
စိတ်ဆန်္ဒရှိရုံတစ်မျိုးတည်း ဖြင့် ရည်မှန်းချက်သို့ရောက်မည် တော့မဟုတ်ချေ။အချို့က ဘာလုပ် လုပ်၊အလုပ်မဖြစ်ဘူးဟုဆိုကြသည်။ ကာလရှည်တစ်ခုကိုကျော်ဖြတ်ပြီး ဘာမှဖြစ်မလာသောအခါစိတ်ဓာတ် ကျသွားကြတော့၏။
အမှန်က ကြိုး စားသည့် လမ်းကြောင်းလွဲမှားနေ သောကြောင့်သာဖြစ်သည်။ မိမိ
ကိုယ်တိုင် ၀န်ထမ်းဘ၀မှ အငြိမ်း စားယူပြီးစီးပွားရေးလုပ်သောအခါHarvard Cason ၏ စာနှစ်ကြောင်း က အသိတစ်ခုကို ဖြစ်စေသည်။
Cason က...
"Wisdom is knowing what to do,...
Skill is knowing how to do" ဟု ဆိုထားသည်။
ပညာရှိခြင်းဆိုသည်မှာ မည် သည့်အလုပ်လုပ်ရမည်ကို သိခြင်း ဖြစ်ပြီး၊ ကျွမ်းကျင်မှုက မည်သို့လုပ် ကိုင်ရမည်ကိုသိခြင်းဖြစ်သည် ဟူ သောသဘောရသည့် စာနှစ်ကြောင်း ဖြစ်သည်။
မှန်ကန်သော အလုပ်ကို ရွေး ချယ်တတ်ရန်လိုအပ်သလို၊ ကိုယ်
ရွေးချယ်ပြီးသောအလုပ်ကို သူများ ထက်သာအောင် မည်သို့လုပ်ရမည် မှာလည်း
လိုအပ်သော အရည်အ ချင်းဖြစ်သည်။
စီမံခန့်ခွဲရေးပညာကို လေ့လာ
တတ်မြောက်ထားပြီးသောသူများ အနေဖြင့် တစ်ပန်းသာသည်ဟု ဆိုနိုင်ပါသည်။
အလုပ်၊ အချိန်၊ ငွေကြေး၊ လူ၊ စက်ပစ်္စည်း၊ ဈေး ကွက်စသောလုပ်ငန်းနှင့်
ဆက်စပ် ရာအားလုံးကို သူ့သဘာဝနှင့်သူ မှန်ကန်စွာစီမံခန့်ခွဲနိုင်သူအနေဖြင့် အောင်မြင်ရန်များစွာ နီးစပ်ပါသည် ဟု ဆိုနိုင်ပါ၏။
အလေ့အထကိုသတိမမူမိကြ၊
အချို့ကကိုယ်မှလွဲ၍ မျက်လုံး ဖြင့်မြင်သည့်အရာများကို တွေ့မြင်
နိုင်ကြသော်လည်း၊ ကိုယ့်ကိုယ်ကိုမူ ကောင်းစွာ သတိထားမိသူများစွာ
ရှားပါးကြပါ၏။ အလေ့အထသည် သာမန်အားဖြင့် ဘာမှမဟုတ်ဟု
ထင်ရသော်လည်းအမှန်မှာမူအခြေ ခံအကျဆုံးသောအရည်အချင်းတစ်ခု ဖြစ်ပါသည်။ ကိုယ့်အလေ့အထကို ကောင်းစွာသုံးသပ်ဆင်ခြင်မိသူ ရှား လှသည်။အိန်္ဒိယနိုင်ငံ၏ သမ်္မတကြီးA.P.J Abdul Kalam ၏စကားစုက အတော်တန်ဖိုးကြီးလှသည်ကိုတွေ့ရ သည်။
"You can not change your future, but you can change your habits, and surely your habits will change your future."
လူတိုင်းကမိမိတို့၏အနာဂတ် ကိုအကောင်းဘက်သို့ပြောင်းလဲရန်
ကြိုးစားလေ့ရှိကြသည်။ သမ်္မတကြီး ကမိမိတို့၏အနာဂတ်ကို ပြောင်းလဲ
၍မရကြောင်း၊ သို့သော်လည်း သင် တို့၏ အလေ့အထများကိုတော့
ပြောင်းလဲ၍ရကြောင်း၊ ထိုအလေ့ အထများက သေချာပေါက် သင်တို့
၏အနာဂတ်ကိုပြောင်းလဲပေးမည် ဖြစ်ကြောင်းပြောခဲ့ပါ၏။
လွန်ခဲ့သော
(၁၅) နှစ်ခန့်က မိမိထံတွင် အငယ်တန်း မန်နေဂျာ တစ်ဦးရှိခဲ့ပါသည်။
လုပ်ရည်ကိုင် ရည်ရှိသဖြင့်အလားအလာကောင်း သည်ဟု ခန့်မှန်းနိုင်ပါသည်။ သို့
သော်လည်း ထိုသူတွင်အလေ့အထ ဆိုးတစ်ခုရှိနေပါသည်။ တိုက်ရိုက် ပြောလျှင်
ရှက်သွားမည်စိုး၍ သွယ် ၀ိုက်ပြောခဲ့ပါ၏။ သို့သော်လည်း ထိုအကျင့်ဆိုးကို
ပြုပြင်ခြင်းမပြုခဲ့ ချေ။ ကြီးပွားတိုးတက်လိုစိတ်ပြင်း ထန်သောကြောင့်အချိန်တိုအတွင်း ဖြစ်ချင်စိတ်ကိုမထိန်းသိမ်းနိုင်သော
အလေ့အကျင့်ဆိုးဖြစ်သည်။ ထိုမ ထိန်းသိမ်းနိုင်မှုက ကုမ်္ပဏီအပေါ်
သစ်္စာသိရမည့်အစား ဖောက်သည် များ၊ကုမ်္ပဏီနှင့်ဆက်ဆံသော နိုင်ငံ ခြားသားများ
စသော အခွင့်အရေး ရနိုင်သမျှလူတို့ကိုစည်းကျော်ဘောင် ကျော်စည်းရုံးခြင်းဖြစ်သည်။ ဖြစ် နိုင်သမျှဘက်မှ ကုန်ကျငွေပို၍ စာ ရင်းပြခြင်းလည်း ဖြစ်လာသည်။ မှန်ကန်သောလမ်းမှလျှောက်လျှင်
ကြာမြင့်မည့်အချိန်ကို မစောင့်နိုင် သောကြောင့် လောဘ၏ စေ့ဆော်
ရာအမှားလမ်း၊ ဖြတ်လမ်းမှန်သမျှ ကို အာရုံကျရွေးချယ်လေ့ရှိသော
သူ့အကျင့်ဆိုးကိုသူမပြင်နိုင်ခဲ့။
အခွင့်အရေး ရသော်လည်း ပြန် လက်လွှတ်လိုက်ရ
မိမိထံမှ နုတ်ထွက်သွားပြီး မိ မိနှင့်ဆက်ဆံနေသော နိုင်ငံခြား သားကုမ်္ပဏီသို့ ပြောင်းရွှေ့သွား သည်။လုပ်ရည်ကိုင်ရည်ရှိပြီး
သွက် သွက်လက်လက် ရှိသောကြောင့် နိုင်ငံခြားသား၏ အရေးပေးမှုကို ခံ ရသည်။
အချိန်ကြာလာသောအခါ သူ့အကြောင်းသိလာ၏။ သို့နှင့် နောက်ကုမ်္ပဏီတစ်ခုသို့
ပြောင်း သည်။ ယခင်အတိုင်း အစပိုင်း အ ထင်ကြီးမှုကိုခံခဲ့ရပြီး နောက်ဆုံး
ကုမ်္ပဏီမှ အလုပ်ထုတ်ခြင်းကို ခံခဲ့ရ ပြန်သည်။ သူ့အလေ့အထကို ပြင်ရ
ကောင်းမှန်း မသိသေး၊ (၁၅) နှစ် အတွင်း ကုမ်္ပဏီ(၆) ခုပြောင်းခဲ့ရပြီး
ယနေ့တွင် သူ့အသက်မှာ (၅၅)နှစ် ခန့်ရှိလာပြီဖြစ်သည်။ ရရ-စားစား ဘ၀ဖြင့်
ချောင်ချောင်လည်လည် ရှိသည့်အခါရှိ၊ကျပ်ကျပ်တည်းတည်း
ဖြစ်သည့်အခါဖြစ်ဖြင့် နောက်ဆုံး လုပ်ငန်းရှင်ဘ၀နှင့် အလှမ်းဝေး
သထက်ဝေးကွာလာခဲ့ပါတော့သည်။ ထိုစရိုက်ဓလေ့ကို ပြင်ဆင်နိုင်ခဲ့ပါ က
သူ့အောင်မြင်မှုသည် သူ့လက် တစ်ကမ်းတွင်သာရှိနေပါသည်။အောင်မြင်လုနီးနီးဖြစ်တိုင်း ပြန်၍ ပြန်၍ပြုတ်ကျနေသောအကြောင်း ရင်းကို သူကိုယ်တိုင် နက်နက်ရှိုင်း ရှိုင်း သိချင်မှသိပါလိမ့်မည်။
ရက်အနည်းငယ်အတွင်းက အကြောင်းအရာတစ်ခုကို ဟော ပြောပေးပါဆို၍
သွားပြောဖြစ်ပါ သည်။ မထင်မှတ်ဘဲ ယခင်သိခဲ့ဖူး သူ (၄) ဦးကိုတွေ့ရသည်။ (၂)
ဦး ကမိမိ၏၀န်ထမ်းဟောင်း၊ တစ်ဦး ကအလုပ်လုပ်လျှင် ခပ်လေးလေး လုပ်တတ်ပြီး
ပြင်သင့်သော အမူအ ကျင့်နှစ်ခု၊ သုံးခု ရှိနေပါသည်။
နောက်တစ်ဦးကတိုင်းရင်းသားဖြစ်ပြီး အရက်ကိုသွေးဆိုးအောင် သောက် တတ်သူဖြစ်သည်။ သူ့တွင်လည်း ပြုပြင်သင့်သောအချက်က(၂)ချက် လောက်ရှိနေသည်။ သူတို့ ပြင်သင့် သောအချက်များကို ပြင်စေခဲ့ပါ သည်။ မိမိကုမ်္ပဏီတွင် ရှိနေဆဲမှာ ပင် ကောင်းစွာပြင်ဆင်သွားနိုင်ကြ
ပါ၏။ တတ်သင့်တတ်အပ်သောစီး ပွားရေးပညာနှင့် အတွေ့အကြုံတို့ ကိုရခဲ့ပြီး
သူတို့ကိုယ်ပိုင်လုပ်ငန်း ငယ်လေးများကိုစတင်တည်ထောင် ကြသည်။ လွန်ခဲ့သော (၆/၇) နှစ် လောက်က ၀န်ထမ်းများဖြစ်သည်။ တိုင်းရင်းသားကပို၍ အောင်မြင် လာသောလုပ်ငန်းရှင်ဖြစ်သွားပြီး၊ နောက်တစ်ဦးကလည်း အနာဂတ် အတွက်မပူပင်မကြောင့်ကြရသော အဆင့်ရှိလုပ်ငန်းရှင်ဖြစ်လာခဲ့ပါ သည်။အရွယ်အားဖြင့် (၄၀)နှစ်ခန့် စီရှိကြသဖြင့် သူတို့၏ပညာ၊ အ တွေ့အကြုံအရအများသူငါကဲ့သို့
အနာဂတ်ကို ကြမ်းတမ်းစွာဖြတ် သန်းကြရတော့မည့်သူများ မဟုတ် သည်မှာတော့
သေချာသွားကြပါ သည်။ မိမိနှင့်တွေ့စဉ်ဆက်ဆံရေး မပြောင်းလဲ၊ ဆရာသမားကို ယခင်
ဝန်ထမ်းဘ၀ရှိစဉ်ကကဲ့သို့ ဆက်ဆံ ကြသည်။ အခေါ်အဝေါ်ကအစ သူတို့မပြောင်းကြချေ။
သူတို့လည်း အပိုင်စားများ ဖြစ်လာကြပြီမို့ မိမိ အားသိပ်ဦးစားမပေးရန်ပြန်၍တား
ယူရပါသည်။ကောင်းသောအမူအ ကျင့်ကို ဆက်လက်ထိန်းသိမ်းထား ပြီး၊ ဆိုးသော
အမူအကျင့်ကိုပြုပြင် ပြောင်းလဲနိုင်သောကြောင့် ကြီးပွား သွားကြခြင်း
ဖြစ်သည်။
သင့်အနာဂတ်သည်သင့်စုတ်ချက် အရသာ
““ကံ၊ ဉဏ်၊
ဝီရိယ”” ဟူ၍ သုံး ပါးကို ဘုရားက ဟောထားခဲ့ပါ၏။ အတိတ်ကံကို ခဏထားလျှင် ပစ်္စု
ပ်္ပန်တွင် ““ကံ”” ကိုဖြစ်စေသော မိမိ တို့၏စိတ်၊ မိမိတို့ပိုင်ဆိုင်သော
ဉဏ်အပေါ် အသုံးချနိုင်မှု၊ မိမိတို့ ထားရှိသော ၀ီရိယအရ မိမိတို့၏
အနာဂတ်ဖြစ်လာရသည့်သဘော ရှိပါသည်။ ဆန်္ဒသည် အရေးကြီး သည် မှန်သော်လည်း
ဆန်္ဒချည်း သက်သက်ဖြင့်အလုပ်မဖြစ်ပါ၊ ဆန်္ဒ သည် မောင်းနှင်အားသာဖြစ်ပြီး၊
ဉဏ်နှင့် ၀ီရိယကို လိုက်ပါဖြည့် ဆည်းကြရပါ၏။ အကောင်းအဆိုး
ကိုခွဲခြားဝေဖန်တတ်ခြင်းသည်ဉဏ် သို့မဟုတ် ပညာအရာဖြစ်ပါ၏။ လူ များ၏ သဘာဝကို သိအောင်ကြိုး စားသည်ထက်မိမိတို့၏ အလေ့အ ထ၊ သဘာဝကို ပို၍သိအောင် ကြိုး စားသင့်ပါသည်။
မည်သူမျှ ခြောက်ပစ်ကင်းသူ မရှိပါ။ သို့သော်လည်း အဓိကဖြည့် ဆည်းသင့်သည့် အရည်အချင်းများ ကိုမူမလွတ်တမ်းဖြည့်ဆည်းနိုင်ကြ ရမည်သာဖြစ်သည်။သို့မဟုတ်ပါက အောင်မြင်မှုကို တွေ့နေရသော် လည်းအောင်မြင်မှုအနားသို့ရောက် အောင်သွားနိုင်ကြမည်မဟုတ်ချေ။
မိမိတို့၏အနာဂတ်ကို မျက် လှည့်ဆရာတစ်ဦးကဲ့သို့ ““ဥုံဖွ”” ဟူ၍ပြောင်းလဲနိုင်ကြမည်မဟုတ်ပါ။
သို့သော်လည်း ပန်းပုဆရာတစ်ဦး ကဲ့သို့မူတဖြည်းဖြည်း ထုဆစ်သွား
နိုင်ခွင့်ရှိနေကြပါသည်။ ကောင်း မွန်လှပသော ပန်းပုရုပ်တစ်ရုပ်ဖြစ်
လာရန်အတွက် မိမိတို့၏ စိတ်ရှည် မှု၊ မိမိအသုံးပြုနေသော ကိရိယာ များကို
ကောင်းစွာကိုင်တွယ်နိုင်ကြ ရမည်ဖြစ်သည်။ သူများကိုကြည့် ရန်
မြင်ရန်တစ်ခုတည်း အရေးကြီး သည်မဟုတ်ပါ။ ကိုယ့်ကိုယ်ကို လည်း
ပြန်၍မြင်အောင်ကြည့်ရန် လိုပါသည်။ မှန်ကန်စွာကြည့်တတ် လျှင်
သင်ပြင်သင့်သောအရာများ ကို တွေ့ရပါလိမ့်မည်။
နေဇင်လတ်
၁၈-၉-၂၀၁၃ (၁၁၃၃)