Sunday, October 13, 2013

Conceptual(1)

,

June 29, 2013 at 9:39pm
ပရိတ်သတ်ဟာ စဉ်းစားတတ်ဖို့ လိုလာတယ်
နှစ်ဆယ်ရာစုတွင်  ပုံသဏ္ဍန်သစ်၊ အသွင်သစ်များဖြင့် အနုပညာအသစ်များ ပေါ်ပေါက်လာရာမှာတော့ဒါတွေအားလုံးဟာ ဖျော်ဖြေမှု သီးသန့်အတွက် မရည်ရွယ်တော့ပဲ ကျိုးကြောင်းဆက်စပ်တွေးခေါ်ခြင်း(Concept) များကို ပေးစွမ်းရန် အနုပညာရှင်များက ကျိုးပန်းလာကြတယ်။ ဘယ်လိုပဲ မော်ဒန်အနုပညာများဖန်တီးသည် ဖြစ်စေ ကျုပ်တို့ဟာ အမြင်အာရုံ ပထမအဆင့်မှာပဲ မတင်းတိမ်နိုင်တော့ဘူး- ဆက်စပ်တွေးခေါ်မှုကိုပါတပြိုင်တည်း အနုပညာနဲ့ ရောပြီး လူတွေဆီကို ပို့ကြတယ်။ လူတွေဟာ တွေးခေါ်မှုအား ပိုကောင်းလာကြတယ်။ဒါကခေတ်ဖြစ်သလို ဈေးကွက်လိုအပ်ချက်ဖြစ်လာတယ်။ ကျုပ်တို့ဟာ တွေးခေါ်မှုမပါတဲ့ မိုနာလီဇာပန်းချီကားကို ထိုင်မကြည့်ချင်တော့ဘူး။ အနုပညာသမား နဲ့ ခေတ်တို့ ထိပ်တိုက်တွေ့ကြတယ်။အဲဒီအခါမှာ ကစားပွဲဟာ တစ်မျိုးပြောင်းခြင်းကိုခံရတယ်။ ဆန်းသစ်တဲ့ အနုပညာတင်ဆက်မှုတွေဆက်တိုက်မွေးထုတ်ရာမှာ အဆင့်ဆင့်အတွေများ ပါလာတယ်။ ပရိတ်သတ်ဟာ စဉ်းစားတတ်ဖို့ လိုလာတယ်။ဒါဟာ ကွန်ဆက်ချူရယ်အတ် (Conceptual Art)

Conceptual Art
Conceptual Art ကို ကွန်းဆက် (Concept) နဲ့ အိုင်ဒီယာ (Idea) များပါဝင်ပြီး ရုပ်ဝတ္တုပစ္စည်းများဖြင့်စနစ်တကျတင်ဆက်တဲ့ အနုပညာလို့ ပညာရှင်တွေ အဓိပ္ပါယ်ဖွင့်ကြတယ်။ ပထမဆုံး ပုံနှိပ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို၁၉၆၇ ခုနှစ် ဂျွန်လထုတ် Artform မဂ္ဂဇင်းမှာ လီဝက် (Sol Le Witt) ဆိုသူကရေးတယ်။ သူကဒီအနုပညာမှာ Concept(s) နဲ့ Idea(s) က အဓိကပါပဲ။ အနုပညာရှင်ဟာ အိုင်ဒီယာကို သူ့ရဲ့အနုပညာပစ္စည်းကို ကြားလံထားပြီး အရှင်းဆုံး ပုံစံနဲ့ ဖေါ်ပြတယ်။ အနုပညာဟာ စက်ပစ္စည်းတခုလိုအဆင့်ဆင့်လည်ပတ်ပြီး ခံစားသူများကို အနုပညာမြောက်စေတယ်လို့ ဆိုတယ်။ သူ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာမော်ဒန်အတ် (Conceptual Art) နဲ့ ဂန္တ၀င် အနုပညာ (၀ါ) ရိုးရာ (Traditional Work ofArt) ကို လုံးဝခွဲခြားစေခဲ့တယ်။ ဒီလိုမော်ဒန် ဖြစ်သောတင်ဆက်မှု သို့မဟုတ်Conceptualist Installation ဟာ အနုပညာကျွမ်းကျင်မှု အရည်အသွေးကို ဦးစားမပေးဘူး။ နည်းစနစ်ဒါမှမဟုတ် ဘယ်လောက် အရည်အသွေးကောင်းသလဲ ဟူသောမေးခွန်းမျိုး၊ နောက်  …. အတွေ့အကြုံများအားလုံးကို ချိုးဖောက်တယ်။ သူဆိုလိုချင်တာကသင်ဘယ်လောက် စဉ်းစားနိုင်သလဲ´ ဒါမှမဟုတ် `ကျုပ်ဘယ်လောက် စဉ်းစားထားတယ်။ စဉ်းစားခဲ့တယ်´ဆိုတဲ့အချက်ပါပဲ။ လူဟာ စဉ်းစားတတ်တယ်။ အနုပညာဟာ စဉ်းစားစရာ တွေးခေါ်စရာပါပဲ။ သင်ဟာ မစဉ်းစားချင်ဘူးဆိုရင်အနုပညာကို မခံစားတာအကောင်းဆုံးပါပဲ။ ကွန်ဆက် အနုပညာရှင်တွေ ဒီလိုပဲယူဆကြတယ်။ တိုနီဂေါ့ဖရေး(Tony Godfery) ဆိုသူက `ကွန်ဆက် အနုပညာ (Conceptual Art) သည် သင် အနုပညာကို  ဘယ်လောက်နားလည် ခံစားနိုင်သလဲ ဆိုတာကို မေးခွန်းထုတ်တတ်တဲ့အနုပညာတစ်မျိုးပါပဲ´ ဟုဆိုသည်။ ကျုပ်တို့ဟာ ဘာမှ မစဉ်းစားချင်ဘူးဆိုရင်ဖြင့် အခန်းတံခါးကိုအသေအချာပိတ်ပြီး တရေးတမော အိပ်နေတာ အကောင်းဆုံးပါပဲ။ တိုနီဂေါ့ဖရေးဟာ ၁၉၆၅မှာ အနုပညာလောကကိုတုန်လှုပ်စေခဲ့တဲ့ ဂျိုးဆက်ကိုဆက်ရဲ့ One and Three Chairs ပြပွဲအပြီးမှာ ဒီလို အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးကိုရေးခဲ့တယ်။

အပေါ့အပါးစွန့်ကြွေဇလုံတစ်ခု
အစောဆုံးဒီအနုပညာကို တင်ဆက်သူကတော့ ပြင်စသ်အနုပညာရှင် မာဆယ်ဂဂ်ရှမ် (Marcel Duchamp) ပါပဲ။၁၉၁၇ ခုနှစ်မှာ အပေါ့အပါးစွန့်ကြွေဇလုံတစ်ခုကို Fountain ဆိုပြီး ပြသခဲ့တုန်းက  “နယူးယောက် လွတ်လပ်သော အနုပညာရှင်များအသင်း(Society of Independent Artists in New York) က အနုပညာမဟုတ်ဘူးဆိုပြီး ပယ်ချခဲ့တယ်။အများသုံးပစ္စည်းသည် အနုပညာပစ္စည်းဖြစ်ရန် အကြောင်းမရှိဘူးဟု အကြောင်းပြပြီး မာဆယ်ရဲ့ကြွေဇလုံကြီးကိုအပြင်းအထန်ရှုံ့ချခဲ့တာပေါ့။ ဒါပေမယ့် မာဆယ်ရဲ့တင်ပြမှုဟာ နောက်ပိုင်းအနုပညာတွေ အပေါ်မှာတော့ပြောင်းလဲမှုပေါင်းများစွာ မသိမသာ ဖြစ်စေခဲ့တယ်။ ဒါကို ကုလားထိုင် အင်စတော်လေးရှင်းလုပ်ခဲ့တဲ့ဂျိုးဆက်ကိုးဆက် က ၁၉၆၉ မှာ အက်ဆေးတစ်ပုဒ်ရေးပြီး ဒီလိုသူကဆိုတယ်။ မာဆယ်အက်ရှမ် နောက်ကပေါ်တဲ့အနုပညာ အားလုံးဟာ သဘာဝအရ ကွန်ဆက် (Conceptual) ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အနုပညာကိုယ်တိုင်ကွန်ဆက် ဖြစ်လျက်တည်ရှိနေလို့ပါပဲ” တဲ့။



ကွန်ဆက်ချူရယ်ကဗျာ(Conceptual Poetics) (CP)
            ဘာသာဗေဒ၏ တုန့်ပြန်မှုအား လူသားများ သတိပြုမိခဲ့ပြီးခေတ်အခြေအနေနှင့် မျက်မှောက်ခေတ် လူသားဘဝ၏ စိတ်အခြေအနေတို့ ပေါင်းစပ်ကာ ကဗျာလက္ခဏာနှင့်ရေးသားဟန်သစ်များလည်း ပေါ်ပေါက်ခဲ့တယ်။ အဲဒီထဲမှာ CP ဟာလည်း ထင်ရှားတယ်။ ကဗျာသစ်တစ်ခုပေါ်ပေါက်လာတိုင်းမှာ အဲဒီကဗျာရဲ့ မူရင်းဟန်နဲ့ စရိုက် လက္ခဏာများအပြင် သူ့ကို တင်သွင်းလာသူရဲ့ပုဂ္ဂလိကဆိုင်ရာ အရည်အသွေးနဲ့ အနုပညာ အရည်အသွေးဟာလည်း အဲဒီကဗျာဆက်လက်ဖြစ်တည်ဖို့ ဒါမှမဟုတ်ကျဆုံးဖို့ အကြောင်းတရား လည်းဖြစ်တယ်။ ဆိုလိုတာက ကဗျာကိုယ်တိုင်က ရည်ရွယ်ချက်ရှိရမယ်၊ရည်မှန်းထားတဲ့စရိုက်ရှိရမယ်၊ အဲဒါကို ရှင်းလင်းပြပေးတဲ့သူ ရှိရမယ်၊ သူ့ရဲ့အနုပညာ ကောင်းရမယ်၊သူ့ရဲ့တင်ပြပုံမှန်ရမယ်၊ အဲဒီအခါမှာ ဝါဒဖြန့်ဖို့ နေရာတွေလိုလာတယ်။ ကွန့်ဖရင့်နဲ့ ဝပ်ရှော့တွေလိုလာတယ်။ ဘယ်ရှေးရိုးလက္ခဏာတွေကို ဆန့်ကျင်တယ်၊ ဘယ်နည်းစနစ်သစ်များကို တင်သွင်းတယ်ဆိုတာ ရေရေလည်လည် ရှင်းပြဖို့လိုလာတယ်။ အဲဒီအခါမှာ လူတစ်ဦးတစ်ယောက်ရဲ့ တင်ပြပုံ ဖြစ်ချင်ဖြစ်မယ်၊အုပ်စုလိုက်ရဲ့ တင်ပြပုံ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်းပြချက်တချို့ ဒါမှမဟုတ်ကြေညာချက် တချို့ လိုပါတယ်။ အခုဆက်ရေးမယ့် ဟာကတော့ CP ရှင်းလင်းချက်များကို CP နဲ့သူ၏ အခြားသော ကွန်ဖရင့်များ ဆိုတဲ့ ချားလ်ဘန်စတိန်းဟာLP ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူ ဖြစ်လာသလို ကက်နက်ဂိုးစမစ်(Kenneth Goldsmit) ဟာလည်း“Conceptual Poetry”ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူ ဖြစ်လာတယ်။ သူဟာ CP ဂျာနယ်ကို ကဗျာဖောင်ဒေးရှင်းဆိုဒ်ထဲမှာမနှစ်ကစလို့ တင်ဆက်နေသူလည်း ဖြစ်ပါတယ်။ အောက်မှာဖေါ်ပြမယ့် အကြောင်းအရာတွေက ကက်နက်       ၂၀၀၈ ခုနှစ် ဂျူလိုင်က ပြုလုပ်တဲ့ ကွန်ဖရင့်မှာပြောခဲ့တာတွေဖြစ်တယ်။

စီပီဆိုတာဘာလဲ(What is Conceptual Poetry)
            In brief, Conceptual writing or uncreative writing is a poetics of the moment fusing the avant garde impulses of the last century with the technologies ofthe present one that proposes on expanded field for 21st century poetry.
            အကျဉ်းချုပ်ရရင်ဖြင့် စီပီ(CP) ဒါမှမဟုတ်ဖန်တီးမှုမဲ့အရေးအသားဟာ ကဗျာရဲ့ကာလတစ်ခုပါပဲ။ ဘယ်လိုကာလမျိုးလဲဆို ပြီးခဲ့တဲ့ ၂၀ရာစုကအနုပညာ တော်လှန်ရေးနှင့် မျက်မှောက်ခေတ် နည်းပညာကို ရောနှောပြီး ၂၁ရာစုကဗျာဆီကို ထပ်မံချဲ့ထွင်ဖို့ကြိုးစားတဲ့ ကဗျာရဲ့ ကာလတစ်ခုပါပဲ(ဝါ) ဆွဲဆန့်ပစ်တဲ့ ကဏ္ဍဆီကိုသွားဖို့ ရည်ရွယ်တဲ့ ကဗျာရဲ့အချိန်ကာလတစ်ခုပါပဲတဲ့။ ကက်နက်ပြောတဲ့ အခြေခံ အရောနှစ်ချက် တွေ့ရတယ်။ ရောထားတဲ့ ပုံစံကတော့…

          ၁။  ၂၀ရာစုအနုပညာတော်လှန်ရေး (the avant garde impulses of last century)
          ၂။  မျက်မှောက်နည်းပညာ (the present technologies)
           
      ဒါဆိုရင် CPရေးသူဟာ အဲဒီနှစ်ချက်ကို ကောင်းကောင်းသိဖို့လိုတယ်။ CP ရေးချင်သူတွေ အဖို့ သိစရာက အခြားသူတွေထက် ပိုများပါတယ်။ CPကဗျာကိုယ်၌ ချိတ်ဆက်တွေးခေါ်မှုကိုပေးချင်တာဆိုတော့ ကိုယ်၌က အတွေးအခေါ်မြင့်မားဖို့ လိုပါတယ်။ အဲဒီConceptတွေကိုမှ သူ့ရဲ့CP အပြလက္ခဏာတွေနဲ့ရောပြီး ကဗျာကို တည်ဆောက်ပါမယ်။ CPရဲ့ အခြေခံလက္ခဏာတွေကို ကြည့်မယ်လို့ဆုံးဖြတ်တဲ့အခါ အဓိကအကြောင်းအရာ တွေကတော့ LPထက် ပိုပြီးရှုပ်ထွေးလာပါတယ်။

(N+7)နည်းစနစ်တွေပါလာတယ်၊snowball Theory တွေပါလာတယ်၊ သချာင်္ကဗျာဆရာတွေပါတဲ့(Oulipo)ဂိုဏ်း ပါလာတယ်။ ၂၀ရာစုမှာလှုပ်ခတ်ခဲ့တဲ့ Concept Art တွေပါလာတယ်။ လက်ညိုးနဲ့လက်မတော်လှန်ရေးလို့အမည်ပေးထားတဲ့ Text Message mobile phone ပေးပို့မှုစနစ်နဲ့ မေးလ်ပို့ရာမှာ သုံးတတ်တဲ့အတိုကောက်အသုံးတွေ လိုလာမယ်။ ဒီလိုပြောလို့ ကဗျာရေးမယ့်သူဟာ မိုဘိုင်းဖုန်း ရှိဖို့လိုလားဆိုတော့မလိုပါဘူး။ ဒါပေမယ့် အဲဒီစာလုံးတိုတွေရဲ့ အားဟာ အလျင်လိုလို့ ပေးပို့တဲ့အချိန်မှာ ဘယ်လောက်တာသွားလဲဆိုတာပိုပြီး သိသာပါတယ်။ ကက်နက်ရဲ့ ကွန်ဖရင့်မှာ ရှင်းတဲ့ CPရဲ့လက္ခဏာတွေကို ကြည့်ရအောင်။
“On the Contrary, it employs intertionally self and ego effacing tactics using” “ဆန့်ကျင်ဘက်အနေဖြင့်မူCPကဗျာသည် ရည်ရွယ်ချက်ရှိစွာ ”မိမိ”  ၊ ”မိမိ၏အတ္တ”အား ပစ်ပယ်ဖျောက်ဖျက်ရန် ရှေ့သို့ သွားရာလမ်းအား အောက်ပါအရာများဖြင့် ချီတက်သည်။”
            ဆိုလိုတာက CPဟာ အခြားသော တစ်နည်းနဲ့ မိမိရဲ့ဖြစ်တည်မှုပျောက်ကွယ်မှု၊ တို့ကို အခြားကဗျာမျိုးတွေနဲ့မတူတဲ့ လမ်းနဲ့ဖန်တီးတယ်လို့ ဆိုရမယ်။ အဲဒါတွေကတော့-
-       ဖန်တီးမှုကင်းခြင်း(uncreativity)
-       ပြုပြင်မှုကင်းခြင်း(originality)
-       ဖတ်ရန်လွယ်ကူခြင်း(illegibility)
-       ရည်ရွယ်ချက်ဖြင့်သီးခြားလုပ်ဆောင်ခြင်း(appropriation)
-       အခြားသူ၏တည်ရှိပြီးသော အရေးအသားအပိုင်းအစကို မိမိကိုယ်ပိုင်အတွက်ယူသုံးခြင်း (plagiarism)
-       လှည့်ဖြားမှုနဲ့နာမည်ကြီးကဗျာတွေကို ခုတုံးလုပ်တာတွေပါတယ် (Fraud)
-       ခိုးယူခြင်း၊ပုံတူပြုလုပ်ခြင်း(theff)
-       အမှန်ကိုမဖေါ်ပြခြင်း(falsification)
-       စည်းမျဉ်းဥပဒေကိုလိုက်နာခြင်းများ(precepts)
-       သတင်းအချက်အလက်စီမံခန့်ခွဲမှု(Information Management)
-       သတင်းများအချက်များအားကွန်ပျူတာအသုံးပြု၍ရှာဖွေစုဆောင်းနှုန်းများ(databasing)
-       ဘာသာစကား၏နည်းစနစ်များ ပျင်းရိမှုငြီးငွေ့မှု၊ တန်ဖိုးမဲ့မှု၊ ကြီးထွားမဲ့မှုဖြင့် ဘာသာစကား၏ စရိုက်အစွန်းထွက်ဖြစ်စဉ်တည်ဆောက်ခြင်း (Extreme process as)
တို့ပါပဲ။

ဘာသာစကားLanguageဆိုသည်မှာ
-       ကွဲကြေကျိုးပဲ့လျက်ရှိကုန်သောဘာသာစကား(language as junk)
-       တစ်စစီအပိုင်းအစမူလမှပဲ့ထွက်ကုန်သောဘာသာစကား(language as detritus)
-       ဆက်လက်ရှင်သန်စွမ်းမရှိသောဘာသာစကား(Nutritionless language)
-       အဓိပ္ပါယ်မဲ့ဘာသာစကား(Meaningless language)
-       ချစ်ခင်နှစ်သက်ဖွယ်မကောင်းသောဘာသာစကား(Unloved language)
-       နေ့စဉ်သုံးအပြော(Everyday speak)
-       ဖတ်ရန်လွယ်အောင်အားထုတ်မှု(illegibility)
-       ဖတ်ရန်ခက်ခဲအောင်ပြုလုပ်ခြင်း(unreadability)
-        မီဒီယာသတင်းအချက်အလက်ရှာဖွေစုဆောင်းခြင်းနှင့်ကြော်ငြာအချက်အလက်ရှာဖွေခြင်း          (The detabased language of media &advertising)
-        ဘာသာစကားသည်အရည်အသွေးထက်အရည်အတွက်ကိုပို၍တောင်းဆိုခြင်း
                        (Language more concern with quality than quality)
           
ကက်နက်ဂိုးစမစ်ရဲ့ အလိုအရတော့ သဒ္ဒါချိုးဖောက်မှုကိုသိပ်ကြီးထွားအောင် CP က ပြုလုပ်မှာမဟုတ် ပါဘူး။ သူက "No need to blast apart syntax"လို့ ဆိုပါတယ်။ ဒီနေရာမှာ CPနဲ့ LPကွာဟပုံကို သိဖို့လိုပါတယ်။ အသေးစိတ်မသွားခင် အထက်ပါစရိုက်တွေအရအချက်တစ်ချို့ကို "တည်" ကြည့်ပါမယ်။ CP ဟာ ကက်နက်ပြောသလိုပဲ ယနေ့ခေတ်အခြေအနေတွေပါဝင်လာပါတယ်။ သူပြောတဲ့ အချက်တွေထဲမှာ ထူးခြားတာက Palgigrism ဟာ တစ်ပါးသူရဲ့လက်ရာကို  ပြုပြင်ပြီး အသစ်လုပ်တဲ့နည်းပါ။ ဒါဟာ ၁၉၆၀လောက်မှာပေါ်ခဲ့ပြီးပါပြီ။ သချာင်္ကဗျာဂိုဏ်းက ထွင်ထားတဲ့(N+7)နည်းနဲ့ ကဗျာတစ်ချို့ကို ဖန်တီးခဲ့ပြီးပါပြီ။အဲဒီဂိုဏ်းကို အော်လီပို(Oulipo) လို့ ခေါ်ပါတယ်။ ထင်းရှူးပင်ရိပ် မထွက်ခင်ကတည်းက သူတို့ဆီမှာပေါ်နေပါပြီ။
ကွန်ဆက်ချူရယ်ပိုထရီ(CP)ဟာခုမှကောက်ခါငင်ခါ ပေါ်လာတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကက်နက်ဂိုးစမစ်ရဲ့ ခေတ်ပေါ်CPဟာအဲဒီခေတ်စနစ်တွေကို ခေတ်အခြေအနေနဲ့ ပေါင်းစပ်ထားတဲ့ CPပါ။ CPကို ပြန်ဆက်ရအောင်။ ကက်နက်ကြေညာသွားတဲ့စရိုက်လက္ခဏာတွေထဲမှာ အယ်ပီထဲမှာ မပါတဲ့ဟာတချို့ ရှိနေသေးတယ်။ အဲဒါတွေကတော့ (Fraud)ပါ။ နာမည်ကြီးကဗျာတွေကို baseလုပ်ပြီး (N+7) နည်းနဲ့ နာမ်တွေပြောင်းရင်း ပေါ်လာတဲ့ ကဗျာသစ်ကိုလက်ခံပေးတာပါ။ ဒါကြောင့် သူဟာ အဘိဓါန်ရဲ့ စာလုံးအစီအစဉ်ကို ကျော်လို့မရဘူး။ (N+7) နည်းစနစ်ဟာအဘိဓါန်ပေါ် အခြေခံထားတဲ့အတွက် ကဗျာဆရာဟာ (precept) ဆိုတဲ့ စည်းမျဉ်းကို လိုက်နာခြင်းဘောင်ထဲကိုဝင်ပေးလိုက်ရတယ်။

အယ်ပီရဲ့ ချဲ့ထွင်မှုဟာ အဆုံးဖြစ်သွားပြီး အဲဒီနောက်မှာ ရောဘတ်ဂျင်းနီးယားရဲ့FND နဲ့ ကက်နက်ရဲ့ CPလိုက် နေတုန်းပဲ။ ကက်နက်ရဲ့ CPဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နည်းပညာ၊မီဒီယာနဲ့လူသားပဋိပက္ခကို ပိုပြီးပေါ်လွင်စေခဲ့တယ်။ နောက်တစ်ချက်က သတင်းအချက်အလက် စီမံခန့်ခွဲမှုနဲ့ရှာဖွေအင်ဂျင် (Search engine) အသုံးပြုမှုကို တည်ထားတဲ့ ဒေတာဘေ့စ်(database) အသုံးပြုမှုပါဝင်လာတယ်။ ဂူဂဲလ် ရှာဖွေအင်ဂျင်မှာ ရှာဖွေရေးစနစ်ကပေးတဲ့ (search engine intelligence)ကို အခြေပြု ထားပါတယ်။ နောက်တစ်ခုကတော့(database of media&advertising)ပါ။ ကြော်ငြာမီဒီယာ ဘာသာကိုကဗျာထဲထည့်မယ့် သဘောပါပဲ။ ကဗျာရေးသူဟာ ဒီအချက်တွေနဲ့ ကဗျာလုပ်ပါမယ်။ ကွာဟတဲ့ တစ်ခုကတော့အထက်ဖော်ပြပါ လက္ခဏာတွေဟာ အနောက်နဲ့  တိုးတက်တဲ့နိုင်ငံတွေမှာနေ့စဉ်သုံးစကား (Everyday speech) ဖြစ်နေတယ်။ စင်င်္ကာပူလို နိုင်ငံမှာတော့ (search engine and database) ဟာ မနက်မိုးလင်းရင် မနက်စာထဲ ပါဝင်ရမယ့် အရာတွေဖြစ်တယ်။

Ifeel the best critique of any language is to let it speak for it-self.I don’t feel qualified for such actions.Rather,I’d prefer to reframe,repackage that which is already exist.
           
               အထက်ပါ ပြန်စာကို ကြည့်ခြင်းအားဖြင့် ကက်နက်(Kenneth) ဟာ LPသမားတေလိုပဲ ဘာသာစကားက သူ့အလိုလို ပြောတဲ့အရာကို အလိုရှိသူဖြစ်ပြီးရှိနှင့်ပြီးသား အရာအား ပြန်၍ ဘောင်ခတ်ခြင်းနှင့် ပြန်လည်ထုပ်ပိုးခြင်းကို အလိုရှိသူဖြစ်တယ်။အပေါ်စာကြောင်းအရ ဘာသာစကား အလိုအလျောက် ပြောရန်ခိုင်းစေခြင်းကို LP သမားတွေ လိုပဲအလိုရှိသူ ဖြစ်တယ်။ ဒါဆိုရင် CPဟာ ရှိနှင့်ပြီးသား ဘယ်အရာကို ပြင်ဆင်လိုပါသလဲ။ သချာင်္ဂိုဏ်း(Oulipo) ရဲ့ နည်းစနစ် တချို့ကို မျက်မှောက်ခေတ် အခြေအနေတစ်ချို့နဲ့ ထုပ်ပိုးဖို့ ကြိုးစားပါတယ်။
                                            

                                            REF:ကွန်ဆက်ချူရယ်ကဗျာနှင့် အခြားသော ကွန်ဖရင့်များ အရီဇိုးနားတက္ကသိုလ်- တက်ဆွန်း (Conceptual Poetry and Its Others Conference, University of Arizona, Tueson.)






ဇော်ဇော်ထွန်း

0 comments to “Conceptual(1)”

Post a Comment