Thursday, October 3, 2013

အကြမ်းဖက်ခံ ရခိုင်ဒုက္ခသည်များ ၏ အိုးအိမ်စွန့်ခွါ ရမှု စာရင်း

,

3.10.2013
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အနောက်ဖက် ရှိ ရခိုင် ကျေးရွာများမှ အကြမ်းဖက်ခံ ရခိုင်ဒုက္ခသည်များနှင့် အိုးအိမ်စွန့်ခွါဒုက္ခသည်များအားလက်လှမ်းမီသလောက် ကောက်ယူထားသောစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်၊

အင်တိုင်းကြီးကျေးရွာ ၌ ကျား (27) ယောက် ( မ )24 ယောက်

ညောင်ခြေထောက်ကျေးရွာ ၌ ကျား (45) ယောက် ( မ )60 ယောက်

ဆင်ခေါင်းကျေးရွာ၌ ကျားမ (50) ဦးခန့်

လာရောက်ခိုလှုံလျှက်ရှိနေကြပါသည်၊
သံတွဲမြို့ပေါ်နှင့် အခြားနေရာများတွင်လည်း ရခိုင်လူမျိုး ဒုက္ခသည်များ ရှိနိုင်ပါသေးသည်။
နောက်လည်း တစ်ဖွဲ့ဖွဲ့ ကုလားရွာများနှင့် နီးသော ရခိုင်ကျေးရွားများမှ ရခိုင်လူမျိုတို့သည် အိုးအိမ်များကို စွန့်ခွါ၍ ခိုလှုံရန် လာရောက်နေကြပါသည်၊ ထိုထိုသော ဒုက္ခသည်များသည် ကုလားရွာများနှင့် နီးသော ရွာများမှ၎င်း၊၊ အကြမ်း ဖက်ခံ ရွာများမှ၎င်း ထွက်ပြေးလာကြခြင်းဖြစ်သည်၊ သူတို့ထွက်ပြေးလာကြစဉ် သူတို့ပိုင်ဆိုင်သော အိမ်များနှင့် အိမ်မွေး တိရိစ္ဆာန်များဖြစ်ကြသော ကျွဲ ၊ နွား၊ ဆိတ်၊၀က်၊ ကြက် ၊ဘဲ များနှင့် အိမ်ထောင်ပရိဘောဂများကို ဒီအတိုင်း စွန့်ပစ်ထားခဲ့ကြရပြီး၊ သူတို့စိုက်ပျိုးထားသော အသီး အပွင့်များအပြည့်ဖြင့် စိုက်ခင်းများကိုလည်း ဒီအတိုင်း စွန်ပစ်ထားခဲ့ကြရပါသည်၊
ထိုသို့ အကြမ်းဖက်ခံ နှင့် အိုးအိမ်စွန့်ခွါ ဒုက္ခရောက်လာသော သူများ၏ စားရေး သောက်ရေး နေရေးထိုင်ရေး တို့ကို အထက်ပါကျေးရွာများမှ ရခိုင်လူမျိုးတို့က မိမိတို့ တတ်နိုင်သလောက် လောလောဆယ်တွင် အကူအညီပေးနေကြရပါသည် ။ရေရှည် ဆိုလျှင် ထိုကျေးရွာများသည်လည်း ဆင်းရဲသော တောသူတောင်သား ကျေးရွာများဖြစ်သောကြောင့် ထောက်ပံ့နိုင်မည်မဟုတ်ပါ၊ ထိုကြောင့် သက်ဆိုင်ရာမှ အမြန်ဆုံး အကူအညီ များ ပေးရန် လိုအပ်နေပါသည်၊ စွန်ပစ်ထားခဲ့ကြရသော အိမ်များနှင့် အိမ်မွေးတိရိစ္ဆာန်၊ စိုက်ခင်းများကိုလည်း အကာအကွယ်ပေးရန်လိုအပ်နေပါသည်။
သို့မဟုတ်ပါက ၄င်းအိမ်များသည် မီးရှို့ခံရနိုင်ပြီး အိမ်မွေးတိရိစ္ဆာန်များကို ကုလားများ သတ်စား ခိုးယူသွားကြမည်မှာ ယုံမှားသံသယဖြစ်စရာမလိုပေ၊ စိုက်ခင်းများကိုလည်း ဖျက်ဆီးခံရမည်မှာ အသေအချာပင်ဖြစ်ပါသည်။
တချို့ကျေးရွာများတွင် ရွာရှိ သက်ကြိးရွယ်အိုများ၊ မိန်းမများနှင့် ကလေးများကို အခြားကျေးရွာမျာသို့ ပြောင်းရွေ့ ထား ရပြီး ယောင်္ကျားများက ရွာရှိ ဘုန်းကြီးကျောင်းနှင့် ရဟန်းသံဃာ ကိုရင်များကို ကုလားရန်မှ ကာကွယ် ပေးနိုင်ရန်အတွက် ဘုန်းကြီးကျောင်းတွင် စုဝေးနေကြရပါသည်။
ယနေ့ ၇ခိုင်လူမျိုးတို့သည် ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်မြို့ ကိုယ်အိမ်မှာနေပြီး ကုလားများ၏ အန္တရာယ်ကြောင့် ကျီးလန့်စာ စားနေရသော ဘ၀ကို ရောက်နေကြါပြီဖြစ်ပါသည်၊ မည်သူ့မှာတာဝန်ရှိသနည်း
ပြည်တွင်းပြည်ပ ပြန့်နှံနေထိုင်ကြသော မျိုးစောင့်ရခိုင်လူမျိုးအပေါင်းတို့နှင့် မြန်မာနိုင်ငံတိုင်းရင်းသားညီအကိုမောင်နှမများလည်း ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ ရခိုင်တိုင်းရင်းသားညီအကို မောင်နှမတို့၏ ဒုက္ခများကို မျှဝေခံစားနိုင်ကြပါစေ ၊၊ကူညီနိုင်ကြပါစေလို့ ဆန္ဒပြုရင်း

ရာဇာမင်း

0 comments to “အကြမ်းဖက်ခံ ရခိုင်ဒုက္ခသည်များ ၏ အိုးအိမ်စွန့်ခွါ ရမှု စာရင်း”

Post a Comment