Thursday, October 3, 2013

ထန်းလျက်တစ်ခဲ၊ရေတစ်ခွက်နဲ့၊ဆေးလိပ်တစ်ဖွာ

,

=========================

ဒီပုံလေးကို မြင်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်က အကြောင်းလေးတစ်ခု သွားသတိရမိတယ်...

ကားလမ်းမရှိတဲ့ မြို့နှစ်မြို့ကို စစ်သားတွေ ကတ္တရာလမ်းခင်း ပေးခဲ့ရတယ်...

၄၄ မိုင်လောက်ဝေးတဲ့ မြို့ ၂ မြို့ကို ၁ နှစ်လောက်နဲ့ ကတ္တရာလမ်း အပြီးဖောက်ပေးရတယ်...ဝေးလံခေါင်းပါးပြီး ဆက်သွယ်ရေးက မကောင်း...တောထဲလဲဖြစ်....သောင်းကြမ်းသူတွေကလဲ များတော့..ဆောက် လုပ်ရေးကတာဝန်မယူနိုင်တဲ့ နေရာလေးပေါ့....လမ်းဖောက်တယ်ဆိုလို့..မြေသားလမ်းသာသာ လောက်ရှိတဲ့လမ်းကို ကိုယ့်စစ်သည်တွေနဲ့ ဘော်ဒိုစာ က စပြီး ထိုးရတယ်...
အောက်ခံကျောက်တုန်း ၆*၉ လို့ခေါ်တဲ့ ကျောက်တုန်းကနေ 1,2 နဲ့ အပေါ်က အုပ်တဲ့ cheepin
လို့ ခေါ်တဲ့ ကျောက်ခဲတွေက အစ စစ်သည် အင်အားနဲ့ ကိုယ့်ဘာသာရှာရတယ်...

ကျောက်တောင်တွေကိုယ့်ဘာသာရှာ..ကျောက်ခဲရအောင်မိုင်းခွဲ...ကျောက်ခဲထု..ကျောက်ဗြုံးရှာ...လမ်းခင်း တာက အစ စစ်သည်တွေပါဘဲ...ဆောက်လုပ်ရေးက လမ်းဗိုလ် JE တစ်ယောက် တွဲပေးထားတယ်....

အလုပ်လုပ်ရတာက သောင်းကျန်းသူကြီးဆိုးရာနယ်မြေ၊ တောထဲ..တောင်ထဲမှာ....

စစ်သားတွေ မနက် ၆ နာရီကနေ စပြီး အလုပ်လုပ်ရတယ်...နေပူကျဲတဲထဲမှာ ကျောက်မိုင်းခွဲ၊ကျောက်ထု၊လမ်းခင်း၊ဗြုံးသယ်၊ကတ္တရာကြို၊ကတ္တရာလောင် အကုန်လုံး လုပ်ကြရတယ်...ညနေ ၆ နာရီ ကျော်မှ ချက်ပြုတ်စားသောက်ဖို့ ၆ မိုင်လောက်ဝေးတဲ့ နေရာမှာ ရေခတ် ရေသုံးလုပ်ပြီး ညနေစာပေါ့....

ဒါနဲ့ တင် ဒီနေ့ အဖို့ အလုပ်က မပြီးသေးပါဘူး...ဆက်ရန်ရှိဆိုတဲ့အတိုင်ဘဲ..ည ၈ နာရီလောက်ကနေပြီ ည ၁၂ နာရီအထိ မီးမောင်ထိုးပြီး ညဘက်ပါ ကတ္တရာလမ်းခင်းရတယ်....

၁၂ နာရီလောက်မှ အလုပ်သိမ်း အနားယူတာလုပ်ရတယ်...ဒါပေမဲ့ အကုန်မနားရပါ...ကင်းတာဝန်ကျတဲ့ စစ်သည်ဟာ ၂ ယောက်တွဲနဲ့ ၂ နာရီတစ်ကြိမ် ကင်းထစောင့်ရ ရှာသေးတယ်....

သောင်ကျန်းသူကြီးစိုးထားတဲ့နယ်မြေထဲမှာ သူတို့နယ်မြေ ဖွံ့ဖြိုးရေးလမ်းဖောက်တာတောင်...လာပြီးချောင်းပစ်တာ..မိုင်းထောင်တာ..လုပ်လို့.ခဏခဏ ဒုက္ခရောက်ရပါသေးတယ်....

အစားအသောက်ကလည်း တစ်လမှ တစ်ခါလောက် နောက်တန်းက ပို့တဲ့ ငါပိ၊ ငါးခြောက်ကလေးကို အားပြုစားရတာပါ...တောထဲကပေါက်တဲ့ အသီး၊ အရွက်၊ နဲ့ ငါးပိ မီးဖုတ်ကလေးက တစ်ကယ့်အဟာရပေါ့....

တောင်ပေါ်မကျ မြေပြန့်မကျနေရာလေဖြစ်ပြီး အညာလိုဘဲ နေခင်နေပူကျဲထဲမှာ ချွေးတလုံးလုံးနဲ့ အစိမ်းရောင်ဝတ်တွေ လမ်းဖောက်နေရတာ...ဖြတ်သွားဖြတ်လာ ကားသမားတွေက ဆေးလိပ်စီး၊ ရေသန့်ဗူး၊နဲ့ ထန်လျက်ခဲထုတ်လေးတွေ ၀ယ်လာ၇ှာကြပါတယ်...

ကားတွေကလဲ လာဆို ၂ ပတ်လောက်မှ တစ်ခါလောက် ၁စီး ၂ စီးလောက်လာကြတာပါ....အလုပ်လုပ်နေရင်းများ ကားသံကြားရင် ချွေးသံ တရွဲရွဲ ကြားထဲက ရဲဘော်တွေ မျက်နှာတွေက ပြုံးလို့..ပျော်လို့...


နေပူကျဲထဲ အလုပ်လုပ်ရင်းက ထန်းလျက်ခဲလေး တစ်ခဲလောက်ဝါး၊ ရေလေးတစ်ခွက်သောက်ပြီး ဆေးလိပ်တိုလေးများ တစ်ရှိုက်လောက် ဖွာလိုက်ရရင်...ရဲဘော်တွေ မောရကောင်းမှန်း ပန်းရကောင်းမှန်းမသိပါဘူး...အမောပြေပါတယ်..


မှတ်မှတ်ရရ ရဲဘော်မင်းနိုင်ဆိုရင် အဲဒီတုန်းက အလုပ်လုပ်ရင်းဆိုဆိုနေတာလေး ဘာတဲ့...

(((မင်းကြောင့်..မင်းကြောင့်ပါကွယ်..လမ်းလဲဖောက်ရတယ်)))

ဒီစာသားလေးဆိုကာ ဆိုကာနဲ့ တစ်ပြုံးပြုံး ကျောက်ထုနေတာ...အခုတော့ မရှိတော့ပါဘူး..စိတ်ထားကောင်းတဲ့ စစ်သားလေးမင်းနိုင်....တိုက်ပွဲတစ်ခုမှာ ကျသွားပါပြီ....


အော်

အဲဒီတုန်းက

......လမ်းမကောင်းလို့ ဆေးရုံမရောက်ဘဲ .လမ်းမှာတင် သေခဲ့ရတဲ့..လူနာတွေ..ရှိခဲ့ဘူးတယ်...

.....လမ်းမကောင်းလို့ သားလေးမောင်ကောင်းနဲ့ သမီးလေး ရွေရည်ကို ကျောင်းမထားခဲ့ရတဲ့
မိဘတွေရှိခဲ့ဘူးတယ်...
..... မီသွယ်စရာ လမ်းဓာတ်တိုင် မစိုက်နိုင်ခဲ့လို့....သုံးလို့ မရတဲ့ ဖုန်း station တွေရှိခဲ့ဘူးတယ်.
.....မီးမရှိလို့ အမှောင်ညတွေကို အမြဲဖြတ်သန်းနေခဲ့ရတဲ့ မြို့လေး ရှိခဲ့ဘူးတယ်


အော်

အခုတော့.

.....ဆေးရုံ အချိန်မှီ မေ၇ာက်လို့ သေးတဲ့ လူနာ မရှိတော့ပါဘူး...

.....သားလေး မောင်ကောင်းနဲ့ သမီးလေး ရွေရည်ကို ကျောင်းမထားနိုင်တဲ့ မိဘ မရှိတော့ပါဘူး..
.....ဖုန်းဆက်လို့ မရတဲ့ Station တွေလဲ မရှိတော့ပါဘူး..

....အမှောင်ညတွေကို အမြဲဖြတ်သန်းနေခဲ့ရတဲ့ မြို့ကလေးလဲ မီးရောင်တွေနဲ့ သာယာတဲ့ ညတွေဖြတ်သန်းနိုင်ခဲပါပြီကွာ...

ဒါတွေဟာ...

မင်းတို့ကြောင့်

မင်းတို့ကြောင့်

မင်းတို့ကြောင့်လို့...မသိကြပေမဲ့....

ငါကတော့ ဒါတွေဟာ မင်းတို့ကြောင့် မင်းတို့ကြောင့်...မင်းတို့ကြောင့်လို့. သိလို့.နှလုံးသားထဲက ကြည်နူးစွာ အော်မြည်ရင်းနဲ့ အလေးပြုလိုက်ပါတယ် ရဲဘော်တို့...


Jing Hpaw Land

0 comments to “ထန်းလျက်တစ်ခဲ၊ရေတစ်ခွက်နဲ့၊ဆေးလိပ်တစ်ဖွာ”

Post a Comment