Friday, October 11, 2013

Mobile Team အဖွဲ့မှ တင်သွင်းခွင့်မပြုထားသောကုန်ပစ္စည်းများအား သိုလှောင်ထားရှိသဖြင့် အရေးယူ

,

၈.၁၀.၂၀၁၃ရက်နေ့ ၂၀၁၅အချိန်တွင် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ Mobile Team ဗဟိုအဖွဲ့မှညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ခေါင်းဆောင်သောပူးပေါင်းအဖွဲ့သည်
မရမ်းကုန်းမြို့နယ် ၊ (၁)ရပ်ကွက် ၊ ဘုရင့်နောင်ပွဲရုံပတ်လမ်းရှိ နိုင်ဝင်း၏ပွဲရုံသို့ ၀င်ရောက်ရှာဖွေခဲ့ရာ ပွဲရုံရှေ့တွင် (၁)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေသူများဖြစ်သည့် နိုင်ဝင်း၊ (ဘ)ဦးကြည်လွင်၊ လွင်မောင်မောင်၊ (ဘ)ဦးကြည်လွင်တို့အား တွေ့ရပြီး နိုင်ဝင်းမောင်းနှင်သော 4F/---- Canter အဖြူရောင်အငှားယာဉ်ပေါ်မှ ဘီယာ (၁)ဖာလျှင် (၂၄)ဗူးပါ (၁၅)ဖာအားလည်းကောင်း၊ အောင်ကိုလတ်၊ (ဘ)ဦးစိုးပိုင်၊ သီရိမင်္ဂလာရပ်ကွက်၊ကျောက်ပန်းတောင်းမြို့နယ်နေသူ မောင်းနှင်သည့် ၁င/----၊ FUSO ဖြူပြာရောင်ယာဉ်ပေါ်မှ ဘီယာ (၁)ဖာလျှင် (၂၄)ဗူးပါ (၄၃၀)ဖာတို့အား တွေ့ရှိရသဖြင့်
နိုင်ဝင်းနှင့် လွင်မောင်မောင်တို့ပိုင်ဆိုင်သည့် ဂိုဒေါင်အား ဆက်လက်ရှာဖွေရာနိုင်ငံတော်မှ တင်သွင်းရန်တားမြစ်ထားသည့် ပြည့်ပနိုင်ငံထုတ် အရက်/ဘီယာ/၀ိုင်များဖြစ်သည့် BLACK/RED LABEL အရက် (၁၅၆)ပုလင်း၊High Commissioner စာတမ်းပါအရက် (၅၀၄)ပုလင်း၊ Carlsberg စာတမ်းပါဘီယာ(၉၆)ပုလင်း၊ ဘီယာ (၁)ဖာလျှင် (၂၄)ဗူးပါဘီယာမျိုးစုံ (၂၄၈၁)ဖာ၊ Red Bull စာတမ်းပါ (၁)ဖာလျှင် (၂၄)ဗူးပါ(၁၄၇၆)ဖာနှင့် Lipovitan- Dစာတမ်းပါ (၁)ဖာလျှင် (၅၀)ပုလင်းပါ (၈၀)ဖာ စုစုပေါင်းကာလတန်ဖိုး ငွေကျပ် သိန်း(၅၀၀)ကျော်ခန့်တို့အား တွေရှိခဲ့ရပါသည်။

အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ တင်သွင်းရန်တားမြစ်ထားသော ပြည်ပနိုင်ငံလုပ် အရက်/ဘီယာ/၀ိုင်နှင့် ခွင့်ပြုချက်လိုင်စင်မပါဘဲ သိုလှောင်ထားရှိသည့် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပြီး တရားမ၀င်တင်သွင်းရန်တားမြစ်ထားသော ပြည်ပနိုင်ငံလုပ် ပစ္စည်းများနှင့် ခွင့်ပြုချက်လိုင်စင်မပါဘဲ အကောက်ခွန်မဲ့ပစ္စည်းများအား သိုလှောင်ရောင်းချ လုပ်ကိုင်သူ နိုင်ဝင်း၊ လွင်မောင်မောင်နှင့် ယာဉ်မောင်းအောင်ကိုလတ်တို့အား အရေးယူ ပေးရန် ရေကြောင်းရဲတပ်ဖွဲ့(ရန်ကုန်)မှ တိုင်တန်းသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၃၆၄/၂၀၁၃၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments to “Mobile Team အဖွဲ့မှ တင်သွင်းခွင့်မပြုထားသောကုန်ပစ္စည်းများအား သိုလှောင်ထားရှိသဖြင့် အရေးယူ”

Post a Comment