၆၁။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် ၁၁၀ဝ နာရီချိန်ခန့်တွင် တစ်ဘက်တရုတ်နိုင်ငံ၊
ကူရုံးမြို့ မြို့နယ်ဈေးဟောင်းအနီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ကုန်သည်များထံ
KIA ရှေ့တန်းစစ်ကြောင်းရုံး(ဆဒုံး)သို့ အခွန်ပေးဆောင်ရန် အကြောင်းကြားစာများအား
ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်လက်ဖြန့်ဝေခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်၍
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင် များမှ မော်တော်ယာဉ်များဖြင့် လှည့်ကင်းဆောင်ရွက်လျက်
ရှိရာ ဆက်လက်ဖြန့်ဝေခြင်းမရှိတော့ဘဲ တိမ်းရှောင်လျက်ရှိကြောင်း၊ KIA ရှေ့တန်း
စစ်ကြောင်း(ဆဒုံး)သည် လဖိုင်ကျေးရွာတွင်အခြေပြုလျက်ရှိသော်လည်း လဖိုင်စခန်းအား
တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် KIA ရှေ့တန်းစစ်ကြောင်းရုံး(ဆဒုံး)အား
ကူခမ်းရွာ၏ တောင်ဘက် ၄ မိုင်ခန့်အကွာ မြန်မာ-တရုတ်နယ်စပ်ကျောက်တိုင် အမှတ်(၆)အနီး
ခမ(ြံ -ဝ၂၂၉၉၆)သို့ ယာယီပြောင်းရွှေ့ အခြေပြုလျက်ရှိကြောင်း သိရှိရပါသည်။
၆၂။
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ရင်း(၁၀)ဝါရှားပါ ခမ(ြဲ -၁၅၅၇၃၅)မှ
ဗိုလ်ကြီးအဆင့်ရှိ အင်ဂွန်ဂမ်အောင် ဦးစီးအင်အား ၃၀ ဦးခန့်သည်
ဇန်နောင်ယန်ကျေးရွာ၌ အခြေပြုလှုပ်ရှားလျက်ရှိရာ ၂၀၁၂ ခုနှစ်
ဖေဖော်ဝါရီလ(ဒုတိယ)ပတ်ခန့်မှစတင်၍ ၎င်းတို့အဖွဲ့နှင့် ဝဆီရွာအနီး
ပတ်ဝန်းကျင်ကျေးရွာများမှ တစ်အိမ်လျှင် ဆန် ၈ ပြည်၊ ဆား ၁ ပိဿာတို့အား
ကောက်ခံလျက်ရှိကြောင်း၊ ၎င်းကျေးရွာများမှ အိမ်ထောင်စုတစ်စုလျှင် တစ်ဦး KIA
ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်စေရန်နှင့် ပြည်သူ့စစ်များအား လက်နက်ငယ်တစ်လက်၊
ကျည် ၂၀ တောင့်ခန့်စီ ထုတ်ပေးထားရှိကြောင်း၊ အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူ
များမှာ စားဝတ်နေရေးကြပ်တည်းချိန်တွင် ဆန်နှင့်ဆားများအား KIA
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ကောက်ခံလျက်ရှိခြင်းကြောင့် အမြင်ကြည်လင်မှုမရှိဘဲ
လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းကြောင့်သာ ပေးဆောင်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၆၃။
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ(၂)လက်အောက်ခံ ရင်း(၆)၊ ခွဲ(၁)
မံဝယ်စခန်း ခမ(ဲု-၅၃၃၁၁၅)မှ
အဆင့်/အမည်(စိစစ်ဆဲ)ဦးစီး အင်အား ၁၀ ဦးသည် ကာမိုင်းမြို့နယ်ခွဲ၊ နန့်စီးအင်ကျေးရွာ
အနီး ခမ(ဲု-၆၄၆၂၀၈)နေရာ၌ ဖြန့်ခွဲအခြေပြုလျက်ရှိရာမှ အဖွဲ့ဝင် ၃ ဦးသည် ၂၀၁၂
ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကာမိုင်းမြို့နယ်ခွဲ၊ ကထန်ယန်ကျေးရွာအနီး
ခမ(ဲု-၆၃၅၂၁၄)နှင့် နန့်စီးအင်ကျေးရွာအနီး ခမ(ဲု-၆၇၅၂၁၉)နေရာများတွင်
လယ်လုပ်ကိုင်လျက်ရှိသော ဒေသခံတောင်သူများထံမှ စပါး ၁ တင်းလျှင် ဒေသပေါက်ဈေး ၃၀ဝဝ
ကျပ်အား ၁ တင်းလျှင် ၂၅၀ဝ ကျပ်နှုန်းဖြင့် စပါးတင်း ၅၀ ဝယ်ယူ၍ ၁၁၀ဝ
နာရီချိန်ခန့်တွင် အင်းတော်ချောင်း အတိုင်း ဟွန်ဒါစက်လှေ ၃ စီးဖြင့်
မံဝယ်စခန်းသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။
၆၄။
မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ နှင်းအီကျေးရွာ ခမ(ူံ-၂၉၁၀၅၅)၏
အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ ခမ(ူံ-၂၆၄၀၇၁)နေရာတစ်ဝိုက်တွင် ၂၀၁၂ ခုနှစ်
ဖေဖော်ဝါရီလ (ဒုတိယ)ပတ်ခန့်မှစတင်၍ ဒိုင်နာယာဉ်၊ တုန်ဖုန်းယာဉ်များဖြင့်
မိုးလဲချောင်းတစ်ဘက်ကမ်းမှတစ်ဆင့် လိုင်ဇာသို့ တရားမဝင်သယ်ဆောင်စုပုံ၍ KIA
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်ရင်း၊ ခေါင်းဆောင် (စိစစ်ဆဲ)အင်အား ၁၅ ဦး
ခန့်နှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁၀ ဦးခန့်တို့မှ အရပ်ဝတ်များဖြင့်
လုံခြုံရေးဆောင်ရွက်ကြောင်း သိရှိရပါသည်။
၆၅။
ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ ရပ်ကွက်(၃)နေ ဦးစိန်ထွန်း(ဘ)ဦးလှဦး
ပိုင်ဆိုင်သည့် ဥယျာဉ်ခြံမြေ လုပ်ကွက်အမှတ်(ဝ၅၅-၁၇၇)နှင့်ဆက်စပ်ဧရိယာ ဧက ၂၀ အား
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ရွှေရတနာ မိုးမြင့်ကုမ္ပဏီပိုင်ရှင်
ဦးလင်းထွန်းဝင်း(ဘ)ဦးလှဖေထံသို့ ငွေကျပ်သိန်း ၅၀ဝ ဖြင့်
နှစ်ဦးသဘောတူစာချုပ်ချုပ်ဆို၍ ရောင်းချခဲ့ကြောင်း၊ ဦးစိန်ထွန်းမှ ၎င်းပိုင်ဆိုင်သည့်
ဥယျာဉ်ခြံမြေ ၅ ဧကအား ကျူးကျော်၍ ရွှေတူးဖော် လျက်ရှိကြောင်းနှင့်
လျော်ကြေးငွေရရှိရန် KIA ဟောင်ပါးတိုက်နယ်ရုံး၊ တိုက်နယ်မှူး ဒုအရခဗအဆင့်ရှိ
ရော်ဘင်ထံသို့ တိုင်ကြားခဲ့ကြောင်း၊ အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ရော်ဘင်မှ
လာရောက်တွေ့ဆုံရန် ခေါ်ယူခဲ့သဖြင့် ကုမ္ပဏီ တာဝန်ခံ ဦးရင်ကိုမှ ဖေဖော်ဝါရီလ ၂၁
ရက်နေ့ ဝ၉၀ဝ နာရီချိန်ခန့်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာ တွင်
ဦးစိန်ထွန်းသို့နစ်နာကြေးအဖြစ် ငွေကျပ်သိန်း ၃၀ ပေးရန်နှင့် ယခုကိစ္စနှင့်ပတ်သက်၍
KIAအစိုးရ တရားရုံးမှ ဖြေရှင်းပေးခြင်းဖြစ်၍ နိုင်ငံတော်အစိုးရထံ တိုင်ကြားပါက
ထိရောက်စွာ အရေးယူမည်ဟု ပြောကြားခဲ့ကြောင်း၊ ကုမ္ပဏီတာဝန်ခံ ဦးရင်ကိုမှ
ဦးစိန်ထွန်းအား နစ်နာကြေးအဖြစ် ငွေကျပ်သိန်း ၃၀ အား ၎င်းတို့ရှေ့တွင် ပေးအပ်ခဲ့ရ
ကြောင်း သိရှိရပါသည်။
၆၆။
ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာအုပ်စု ခမ(ု-ဝ၇၅၀၈၉)၊ ဆည်ကြီးရွာ ခမ(ဲု-ဝ၂၀၉၉၅)၊
ကျောက်စိမ်းဆည်ရွာ များတွင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊
မတ်လ ၁၀ ရက်နေ့မှစတင်၍ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် အောက်ပါယာယီစခန်းများအား
တိုးချဲ့ဖွင့်လှစ်၍ ငွေကြေးကောက်ခံခဲ့ကြောင်း သိရှိရပါသည်။
၆၇။KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့တပ်မဟာ(၅)ဌာနချုပ်မှ
ခေါင်းဆောင်(စိစစ်ဆဲ)ဦးစီးအင်အား
၂၀ ဦးခန့်နှင့် ဒေသအခေါ် ခလားတောင် KIA စခန်း ခမ(ူံ -၄၃၀၃၁၁)မှ
ခေါင်းဆောင်(စိစစ်ဆဲ)ဦးစီး အင်အား ၂၀ ဦးခန့်၊ စုစုပေါင်း ၄၀ ဦးခန့်သည် ၂၀၁၂ ခုနှစ်
မတ်လ ၃၀ ရက်မှစ၍ ခလားတောင်နှင့် တပ်မဟာ(၅) မုန်ဆန်ယန်သို့ ဆက်သွယ်မည့်လမ်းကြောင်းဖောက်လုပ်ရန်နှင့်
ခလားတောင်ကြောရှိ သစ်ကြမ်းများတရားမဝင် ထုတ်လုပ်ရန် လမ်းအူကြောင်းရှာဖွေခြင်းများ
ဆောင်ရွက်လျက်ရှိကြောင်း၊ နွေ/မိုး/ဆောင်းရာသီများတွင် မိုးလဲချောင်း
တစ်လျှောက်ရှိ တရားမဝင်ကျွန်းသစ်နှင့် KIA။KIA အတွက် ရိက္ခာဖြည့်တင်းမှုများအား
တပ်မတော်စစ်ကြောင်း၊ စခန်းများမှ စစ်ဆေးခြင်း၊ ဟန့်တားခြင်းမပြုလုပ်နိုင်ရန်အတွက်
ဖောက်လုပ်နေခြင်းဖြစ်ကြောင်းနှင့် ခလားတောင်ကြော တစ်ခုလုံးအား KIA မှ
ခြေကုတ်ရယူနိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။
၆၈။ (တောင်ပိုင်း)တပ်ရင်း(၇၀၁)မှ တပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိ အိုက်ခေး
ဦးစီးအဖွဲ့ဝင် ၅၀ ဦးခန့်မှ ခေါင်းဆောင်(စိစစ်ဆဲ)ဦးစီးအဖွဲ့ဝင် ၁၀ ဦးခန့်သည်
မန်စီမြို့နယ်၊ မန်ဝိန်းကြီးဒေသ ဝန်းကျင်မှထွက်ရှိသည့် မီးသွေး၊ ကြံ၊ ပြောင်းနှင့်
စပါးများအား တရုတ်နိုင်ငံ၊ နောင်တောင်းဘက်သို့ သယ်ဆောင်ရောင်းချသည့်
ထော်လာဂျီနှင့် ဆိုင်ကယ်များထံမှ ဆက်ကြေးကောက်ခံရန် နောင်မွန်းကျေးရွာတစ်ဝိုက်တွင်
အခြေပြုလျက်ရှိသည့် KIA ပန်ခမ်းပါ မြို့နယ်ရုံးမှ ဒုမြို့နယ်မှူးအဆင့်ရှိ
လအောင်အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးရန် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်
၆၉။
KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၊ တပ်မဟာ(၂)၊ ရင်း(၆)လက်အောက်ခံ လိုင်ဆိုင်းစခန်း
ခမ (ဲု-ဝ၆၃၃၇၉)ရှိ တပ်ဖွဲ့ဝင်များစားသုံးရန် ဆန်အိတ် ၃၀ဝ အိတ်နှင့် ဆားတို့အား
ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ ခမ(ဲု-ဝ၉၁၂၂၀)နှင့် တာမခံကျေးရွာ
ခမ(ဲု-၁၂၃၂၆၀)ရှိ ဆန်ဆိုင်များမှ ဝယ်ယူရန်အတွက်ကျသင့်ငွေအားဥရုချောင်းအနောက်ဘက်ခြမ်းတွင် ရွှေမှော်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့်
ကုမ္ပဏီများထံမှ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၇၀။
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ(၂)လက်အောက်ခံ KIA လိုင်ဆိုင်းမြို့နယ်ရုံး
ခမ(ဲု-ဝ၅၅၃၈၁)မှ ဒုမြို့နယ်မှူးအဆင့်ရှိ ခွန်နော်နှင့်အဖွဲ့ဝင် ၂ ဦးသည် ၂၀၁၂
ခုနှစ်၊ အေပြီလ ၁၀ ရက်နေ့တွင် ဥရုချောင်း အတွင်း ကုမ္ပဏီ ၁၂ ခုမှ
လုပ်ငန်းရှင်များအား ကုမ္ပဏီတစ်ခုလျင် ငွေကျပ် ၃၅ သိန်းနှင့် ဒီဇယ်ဆီပေပါ ၁၅ လုံးစီ
ကူညီပေးရန်၊ ၎င်းငွေနှင့် ဒီဇယ်ဆီများအား KIA လိုင်ဆိုင်းမြို့နယ်ရုံးသို့
လာရောက်ပို့ဆောင်ပေးသွင်းရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်
၇၁။
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ(၂)လက်အောက်ခံ KIA ဟူကောင်း
ခရိုင်အုပ်ချုပ် ရေးရုံး ကောင်ဂျာမှ ဒုခရိုင်မှူးအဆင့်ရှိ ဆိုင်းနော်မိုင်ဦးစီး
အင်အား ၁၀ ဦးခန့်သည် စစိန်တွင် ရောက်ရှိအခြေပြုလျက် ရှိရာမှ ခေါဆိုင်းရွှေမှော်၊
ချောင်းဆုံရွှေမှော်၊ အောင်လင်းရွှေမှော်၊ ဂျာဝမ်ရွှေမှော်၊ ရွှေစတားရွှေမှော်၊
ဝါခါးရွှေမှော်၊ ခေါကြောင်ရွှေမှော်၊ စိန်ကုလား ရွှေမှော်များအား
တစ်နှစ်စာအခွန်ငွေအဖြစ် ရွှေမှော်တစ်မှော်လျင် ငွေကျပ် ၄ သိန်းနှုန်း ဖြင့်
ဂျာဝမ်ရွှေမှော်သို့ ပေးဆောင်ရန် ရွှေမှော်တစ်ခုချင်းအလိုက်
လိုက်လံပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၇၂။
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ(၂)လက်အောက်ခံ ရင်း(၆)မှ
ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၄၀ ဦးခန့်သည် နန့်ရုံးစခန်း ခမ(ဲု -၄၂၉၄၁၈)သို့ ၂၀၁၂
ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရောက်ရှိအခြေပြု လျက်ရှိရာမှ ၃၀ ဦးခန့်သည် မတ်လ ၁၄
ရက်နေ့တွင် (၆)မိုင် ခမ(ဲု -၄၁၄၃၈၈)၊ (၇)မိုင် ခမ(ဲု -၄၂၇၃၈၇)
နှင့်ကျောက်ဖျာ ခမ(ဲု -၃၉၅၃၈၄)တစ်ဝိုက်သို့ ရောက်ရှိခဲ့ပြီး၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၈
ရက်နေ့အထိ မိုးကောင်း မိုးညှင်းဘက်မှ ဖားကန့်သို့ ကုန်ပစ္စည်း တင်ဆောင်လာသည့် ၁၀/၁၂
ဘီးယာဉ်များအား (၁)စီးလျှင် ငွေကျပ် ၂၀ဝ၀ဝ မှ ၃၀ဝ၀ဝ ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။
၇၃။
KIA (ကချင်) အဖွဲ့၏အဓိကဝင်ငွေရရှိသောနည်းလမ်းများမှာ တပ်မဟာ(၁)အနေဖြင့်
မေခ/မလိခမြစ်၌ တရားမဝင်ရွှေခိုးတူးသောအဖွဲ့များထံမှ အကောက်ကောက်ခံခြင်း၊
တပ်မဟာ(၂)အနေဖြင့် တနိုင်းခွင်အတွင်းရှိ တရားဝင်၊ တရားမဝင် ရွှေတူးဖော်သူများထံမှ
အကောက်ကောက်ခံခြင်း၊ ရွှေမှော်အတွင်းတင်သွင်းသော ဆန်၊ ဆီ၊ ဆား
စားသောက်ကုန်များနှင့် စက်သုံးဆီများအပေါ် အကောက်ကောက်ခံခြင်း၊ မိုးမိတ်-
မဘိမ်း-ဂိုက်ထိပ်ခွင်အတွင်း တရုတ်သစ်သူခိုးကုန်သည်များထံမှ အကောက်ကောက်ခံခြင်း၊
ဖားကန့်ခွင်အတွင်း အလားတူတင်သွင်းသော ကုန်ပစ္စည်းများအပေါ်မှ အကောက်ကောက်ခံခြင်း၊
တပ်မဟာ(၄)အနေဖြင့် လွယ်ကန်ခွင်အတွင်းမူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းမှ
အကောက်ကောက်ခံခြင်း၊ လိုင်ဇာဗဟိုဌာနချုပ်အနေဖြင့်
လိုင်ဇာမြို့အတွင်းရှိဆိုင်များမှ အခွန် ရရှိခြင်း၊
တရုတ်နိုင်ငံမှတင်သွင်းသောပစ္စည်းမှန်သမျှထံမှ အကောက်ကောက်ခံခြင်း၊
ဖားကန့်၌ဘူးဂါးကုမ္ပဏီမှ ကျောက်ရောင်းရငွေတို့ဖြစ်ကြောင်း သိရှိရပါသည်။
နှစ်စဉ်ကျပ်သန်းပေါင်း(၃)သောင်းခန့်ရှိသဖြင့် ငွေကြေးဓန အင်အား
တောင့်တင်းခဲ့ကြောင်း တွေ့ရပါသည်။
လေ့ကျင့်ရေးနှင့်
နိုင်ငံခြားအကူအညီ
၇၄။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် အမေရိကန်နိုင်ငံသားစစ်မှုထမ်းဟောင်း အဆင့်/အမည်(စိစစ်ဆဲ)
၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသား စစ်မှုထမ်းဟောင်း မစ္စတာ ဗီကနူးနှင့်အဖွဲ့ဝင် ၁ ဦး၊
စုစုပေါင်း ၄ ဦးတို့သည် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဗဟိုဌာနချုပ်သို့
တစ်ဘက်တရုတ်နိုင်ငံ၊ ရင်ကျန်းလမ်းကြောင်းမှတစ်ဆင့် ရောက်ရှိခဲ့ ကြောင်း၊
လက်ရှိဖြစ်ပေါ်လျက်ရှိသည့် တပ်မတော်နှင့် KIA အဖွဲ့တိုက်ပွဲဖြစ်ပွားမှုများတွင် KIA
အဖွဲ့မှ အောင်မြင်မှု မရရှိသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ပြောက်ကျားစစ်အသွင်
ဆင်နွှဲနိုင်ရေးဆောင်ရွက်ရန် အင်အား ၁၆၀ ဦးခန့် အား
အထူးတိုက်ခိုက်ရေးခေါင်းဆောင်များအဖြစ်ရွေးချယ်၍ သီးခြားသင်တန်းပေးခဲ့ကြောင်း သိရှိရပါသည်။
၇၅။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် KIA
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၊ တပ်မဟာ(၂)၊ ရင်း(၁၁) ပန်ဆောင်ယန် ခမ(ဲူ-၁၃၅၃၁၇)၌
ရင်းမှူး ဗိုလ်မှူးအဆင့်ရှိ လထော်မျိုးအောင်ဦးစီး၍ KIA တပ်သားသစ် သင်တန်း၊
အမှတ်စဉ်(၂/၂၀၁၂)အား သင်တန်းသား ၉၅ ဦးခန့်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊
အဆိုပါသင်တန်းအား ဗကအဆင့်ရှိ ဂွမ်ဆိုင်း ဦးစီးအင်အား ၁၃ ဦးမှ
သင်ခန်းစာများပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာများမှ လူငယ်များ၊
သစ်မှောင်ခိုကယ်ရီသမားများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ရင်း(၁)အင်ဘာပါတွင်
တပ်သားသစ် သင်တန်းများပေး၍ ၎င်းတို့တပ်ဖွဲ့ဝင်အဖြစ် စေခိုင်းလျက်ရှိကြောင်း
သိရှိရပါသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးဆွေးနွေးခဲ့မှု
၇၆။
တိုင်းမှူးဦးစီးသည့် အသွင်ကူးပြောင်းရေး တိုင်းအဆင့်လုပ်ငန်းကော်မတီသည် KIA
(ကချင်)အဖွဲ့မှဥက္ကဌ ဦးဇောင်းဟရား ဦးဆောင်သည့်အဖွဲနှင့် တိုင်းစစ်ဌာနချုပ်၊
မလိခရိပ်သာ၌ ၂၈-၄-၂၀ဝ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နိုင်ငံတော်အစိုးရအနေဖြင့်
ငြိမ်းချမ်းရေးအဖွဲ့အစည်းများအတွက် ကူညီစောင့်ရှောက်မှုအစီအစဉ်များအား
ချပြရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုနောက်တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဦးဆောင်သည့် အသွင်းကူးပြောင်းရေး လုပ်ငန်းကော်မတီသည်
ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်သည့်အဖွဲ့နှင့် ၂၁-၅-၂၀ဝ၉ ရက်နေ့တွင်
တွေ့ဆုံခဲ့ပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရန်အတွက်
နိုင်ငံတော်အနေဖြင့် ကော်မတီ ၃ ခု ဖွဲ့စည်းထားပြီး၊ ကော်မတီ ၁ ခုချင်းအလိုက်
အသေးစိတ်ဆောင်ရွက်နိုင်မှုအခြေအနေများ နိုင်ငံတော်အတွက်
ရေရှည်တည်တံအကောင်းဆုံးဖြစ်အောင် နယ်ခြား စောင့်တပ် (သြမိနမွကမေိ
င်္သမခန)ဖွဲ့စည်းပေးမည့်အခြေအနေနှင့် လုပ်ငန်းစဉ်များအား အသေးစိတ်ထပ်မံချပြ
ရှင်းလင်းခဲ့ပါသည်။
၇၇။
နယ်ခြားစောင့်အသွင်ကူးပြောင်းရေးအား ၂၈-၄-၂၀ဝ၉ ရက်နေ့မှစ၍
တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ဦးစီးသည့်
အသွင်ကူးပြောင်းရေးလုပ်ငန်းကော်မတီနှင့် ၄ ကြိမ်၊ တိုင်းမှူးဦးစီးသည့်
အသွင်းကူးပြောင်းရေး တိုင်းအဆင့်လုပ်ငန်းကော်မတီနှင့် ၁၁ ကြိမ်၊ စုစုပေါင်း ၁၅
ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ KIA (ကချင်) အဖွဲ့အနေဖြင့် အထက်ပါအတိုင်း
၁၅ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သည့် အကြိမ်တိုင်းတွင် ဒို့တာဝန်အရေးသုံးပါးကို
လက်ခံကြောင်း၊ မူဝါဒလမ်းစဉ် ၇ ရပ် ကိုထောက်ခံကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
၂၀၁၀ ရွေးကောက်ပွဲကို မဆန့်ကျင်ကြောင်းတို့ကို အမြဲပြောဆိုခဲ့သော်လည်း ၂၂-၄-၂၀၁၀
ရက်နေ့နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်
နယ်ခြားစောင့်တပ်ကိုလက်မခံကြောင်း၊ ပါတီဖွဲ့စည်းရန်အတွက်လည်း
အဆင်သင့်မဖြစ်သေးကြောင်း စသည်ဖြင့် အသွင်ကူးပြောင်းရေးကို ငြင်းဆိုခဲ့ပါသည်။
၂၂-၄-၂၀၁၀ ရက်နေ့ဆွေးနွေးခဲ့ပြီး တိုင်းမှူးနှင့် ဒုတိယစစ်ဦးစီးချုပ်
အဆင့်ရှိ အက်စ်ဂွန်မော်တို့ အလွတ်သဘော တွေ့ဆုံချိန်တွင် အသွင်းကူးပြောင်းရေးအား
၎င်းအဖွဲ့၏ အစီအစဉ်ဖြင့် ပြောင်းလဲမည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။
၇၈။
KIA(ကချင်)အဖွဲ့အတွင်း၌လည်း ဥက္ကဌ၊ ဒုဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့အနေဖြင့်
အသွင်ကူးပြောင်းရေးကို လက်ခံဆောင်ရွက်လိုပြီး နယ်ခြားစောင့်တပ်ကိုလည်း
ဖွဲ့စည်းလိုသည့်ဆန္ဒနှင့် KIA(ကချင်) ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲလိုသည့်
ဆန္ဒရှိကြသော်လည်း KIA(ကချင်)ခေါင်းဆောင်များဖြစ်သည့် ဒုတိယစစ်ဦးစီးချုပ်၊
စစ်ဦးစီး(ဗိုလ်မှူးကြီး)အဆင့်ရှိသူတို့နှင့် လူလတ်ပိုင်းခေါင်းဆောင်များအနေဖြင့်
KIA (ကချင်) ခေါင်းဆောင်များ၏ လမ်းစဉ်ကို သဘောတူကြကြောင်း၊
နယ်ခြားစောင့်တပ်ကိုလည်း လက်မခံလိုဘဲ နိုင်ငံရေးပါတီ ဖွဲ့စည်းရန်ကိုလည်း
စိတ်ဝင်စားကြောင်း၊ ၄င်းတို့လိုလားသည့် အခွင့်အရေးများရရှိပါက KIA(ကချင်)ကို
ဖျက်သိမ်းပြီး KIA(ကချင်)ကို လက်နက်စွန့်ရန်အတွက် ဆောင်ရွက်လိုကြောင်း၊
စစ်ဦးစီးချုပ်အဆင့်ရှိသူအနေဖြင့် KIA (ကချင်)ဗဟိုကော်မတီများနှင့်
KIA(ကချင်)ခေါင်းဆောင်ပိုင်း၏ သဘောဆန္ဒမျိုးမဟုတ်ဘဲ အများ၏သဘောဆန္ဒ
များအတိုင်းသာဆောင်ရွက်မည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင် KIA(ကချင်)ကိုလက်ရှိအတိုင်း
ဆက်လက်ထားရှိလိုကာ အသွင်ကူးပြောင်းရေးကို နောင်တက်လာမည့် အစိုးရသစ်နှင့်
ဆွေးနွေးပြီး အခွင့်အရေးများ တောင်းဆိုမည့်သဘောဆန္ဒမျိုးရှိကြောင်း စသည်ဖြင့်
KIA/KIA (ကချင်)အဖွဲ့အတွင်း၌ သဘောထားအမျိုးမျိုးဖြင့် အဖွဲ့များကွဲကာ
စိတ်ဝမ်းကွဲပြားလျက်ရှိကြပါသည်။
၇၉။
ှုဃ(ကချင်)ဒုတိယဥက္ကဌ ဦးအင်ဘန်လသည် ယခင်က KIA(ကချင်)အပေါ်တွင် ဩဇာညောင်း ခဲ့သော်လည်း
၁၁-၂-၂၀၁၀ ရက်နေ့မှစတင်၍ ဆေးကုသရန်အကြောင်းပြပြီး စင်ကာပူနိုင်ငံသို့
ထွက်ခွာသွားခဲ့ရာမှ ယနေ့ထိပြန်လည်ရောက်ရှိလာခြင်းမရှိသေးဘဲ စင်ကာပူ၊
ထိုင်းနှင့် တရုတ်နိုင်ငံများအတွင်းလှည့်လည်သွားလာနေ သည်ဟုသိရှိရပါသည်။
ထို့ကြောင့် အဖွဲ့အတွင်းမှ ဝေဖန်တိုက်ခိုက်မှုများရှိနေကြောင်းတွေ့ရှိရပါသည်။ KIA
(ကချင်) ခေါင်းဆောင်ပိုင်းဖြစ်သော ဥက္ကဌ၊ ဒုဥက္ကဌနှင့်
အထွေထွေအတွင်းရေးမှူးတို့အနေဖြင့် ၄င်းတို့ဆောင်ရွက်လိုသည့်နယ်ခြား
စောင့်တပ်ဖွဲ့စည်းရေး၊ပါတီဖွဲ့စည်းရေးကိစ္စမအောင်မြင်ခဲ့သည်နောက်ပိုင်း
တွင် KIA
(ကချင်)အဖွဲ့အစီအစဉ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်နေသည့်လုပ်ငန်းတွင်
ဦးဆောင်ဦးရွက်ပြုလုပ်လိုမှုလျော့နည်သွားကြောင်း၊ လူငယ်ခေါင်း
ဆောင်ပိုင်းများဖြစ်သည့် ဦးအက်စ်ဂွန်မော်၊ ဦးဂွတို၊ KIA(ကချင်)တွဲဖက်အတွင်းရေးမှူး
ဦးဝေါ့ခြုံးဆင်ဝါးတို့သာ ပြန်လည်နေရာယူလှုပ်ရှားပြီး KIA(ကချင်)အဖွဲ့အစီအစဉ်ဖြင့်
အသွင်ကူးပြောင်းရေးအား ဦးဆောင် ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။
၈၀။
KIA (ကချင်)ဒုတိယဥက္က(၂)တာဝန်ယူခဲ့ရာ ဒေါက်တာတူးဂျာဦးဆောင်ပြီး ဦးအင်ဂျာနော်ရစ်
ဦးဝအင်ဒူမုန်ခေါင်၊ ဦးလထော်ဂမ်(ခ)ဦးဆဘော်ကရန်တို့သည် ၇-၉-၂၀ဝ၉ ရက်နေ့တွင် KIA
(ကချင်)မှ နှုတ်ထွက်ခဲ့ပြီး မြစ်ကြီးနား၌ လာရောက်နေထိုင်ကာ ၁၀-၉-၂၀ဝ၈ ရက်နေ့မှစ၍
]]ပရန်ဝမ်}}(ခ)အသွင်ကူးပြောင်းရေးကြားကာလ အလုပ်အမှုဆောင်အဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း
ထိုနောက် ဦးအောင်ဆိုင်းလာသည် ၆-၁-၂၀၁၀ ရက်နေ့တွင် ထပ်မံ နှုတ်ထွက်ကာ
လာရောက်ပူးပေါင်းခဲ့ပါသည်။ ၄င်းနောက် NDAK အဖွဲ့နှင့် ဦးလဆန်အော်ဝါအဖွဲ့တို့မှ
နှုတ်ထွက်ခဲ့ သူများ၊ အခြားတိုင်းရင်းသားပြည်သူများပါဝင်သည့်ကချင်ပြည်နယ်တိုးတက်ရေးပါတီ(SKPP)အဖြစ် ပြောင်းလဲဖွဲ့စည်း
ခဲ့ပါသည်။
ဒေါက်တာတူးဂျာအနေဖြင့် ကချင်ပြည်နယ်တိုးတက်ရေးပါတီသည် KIA (ကချင်)အဖွဲ့နှင့်
ပက်သက်မှုမရှိကြောင်း KIA(ကချင်)၏လွှမ်းမိုးမှုအရိပ်အောက်တွင်မရှိကြောင်း စသည်ဖြင့်
အမြဲတမ်းတင်ပြပြော ဆိုခဲ့သော်လည်း KIA(ကချင်)အဖွဲ့အသွင်ပြောင်းပြီးပါက
၎င်းပါတီသို့ဝင်ရောက်သူများအား လက်ခံမည်ဟု ပြောဆိုခဲ့ပါသည်။
၈၁။
ထိုင်းနယ်စပ်၌ လှုပ်ရှားလျက်ရှိသည့် KIA(ုခေ့ငည အြေငသညေူ ဥမါညေငဖအေငသည )အဖွဲ့မှ
ခေါင်းဆောင် ဘွမ်ဝမ်လရော်သည် KIA(ကချင်)သို့ မကြာခဏ ဆက်သွယ်ပြီး
နယ်ခြားစောင့်တပ်လက်မခံရေးကို တိုက်တွန်းလျက် ရှိကြောင်းသိရှိရပါသည်။
KIAှ(ကချင်)အဖွဲ့သည်လက်ရှိအနေအထားတွင် အသွင်ကူးပြောင်းရေးအား ၄င်းတို့အဖွဲ့အစီအစဉ်ဖြင့်ပြောင်းလဲမည်ဟုပြောဆိုနေသော်လည်းလုပ်ငန်းစဉ်ရေရေရာရာတင်ပြနိုင်မှုမရှိဘဲ
ပြောင်းလဲနိုင်ခြင်းမရှိကြောင်းတွေ့ရှိရပါသည်။
(အပိုင်း - ၄ လာမည်)