သားသမီးရတနာ – မလိုချင်သည့် သူများက ဟောတစ်ယောက် ဟောတစ်ယောက် မွေးနေချိန်မှာ လိုချင် တဲ့သူတွေက မှိုင်နေရပါတယ်။
မှိုင်မနေသည့်သူတွေကလည်း နည်းလမ်း အမျိုးမျိုးနဲ့ကြိုးစားနေကြပါတယ်။
ကြိုးစားနေတဲ့သူတွေရော၊ မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူတွေအတွက်ပါ
အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။
ယင်းအစားအစာတွေက raspberries လိုချမ်းသာတဲ့သူတွေသာရနိုင်တဲ့အစာတွေမဟုတ်ဘဲ အလွှာပေါင်း စုံကသူတွေ လက်လှမ်းမီနိုင်တဲ့အစာတွေပါ။
(၁)လတ်ဆတ်တဲ့သစ်သီးများ- ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက်
လတ်ဆတ်တဲ့အသီးအများစုဟာ သုက်ပိုးတွေရဲ့စွမ်းရည်နဲ့အရည်အသွေးကို
တိုးတက်စေပါတယ်။ တကယ်လို့ ကလေးအဖေ တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေရင်တော့
ကျွန်တော်တို့က သံပရာ၊ လိမ္မော်၊ သရက်နဲ့ကန်စွန်းဥတို့ကို ညွှန်ပါရစေ ။
(၂) ကြက်သွန်ဖြူ – ကြက်သွန်ဖြူက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး လိင်အင်္ဂါ ထောင်မတ်နိုင်ဖို့ကို အားပေး ပါတယ်။
(၃)ငါးအမျိုးမျိုး – ငါးအများစုဟာ fatty acid ကြွယ်ဝစွာပါဝင်ပြီး
လိင်အင်္ဂါတစ်ဝိုက်ကို သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် သုက်ပိုးတွေရဲ့
အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။
(၄)အာလူး -ဖုတ်ထားတဲ့အာလူးက အာဟာရမျိုးစုံအပြင် ဗီတာမင်ဘီ
နဲ့အီးကြွယ်ဝတဲ့အတွက် အမျိုးသမီး တွေမှာ မမျိုးဥကြွေမှုကို
အားပေးပါတယ်။(၅)ဥအမျိုးမျိုး -ဥအမျိုးမျိုးမှာတော့ ဗီတာမင်ဘီ ၁၂ နဲ့ဖောလိတ်
တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားကို
ချို့ယွင်းချက်မရှိစေဖို့ ကူညီပေးပြီး အန်တီ အောက်ဆီဒန့်နဲ့ ကယ်ရိုတီး
နွိုက်တို့ပါဝင်တဲ့အတွက် အမျိုးသမီးတွေရဲ့မျိုးပွားစွမ်း ရည်ကို မြင့်တက်
စေပါတယ်။
(၆)အခွံမာသီးအမျိုးမျိုး – အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ဗာဒံစတဲ့အသီးတွေဟာ ဗီတာမင်အီးကြွယ်ဝစွာ
ပါဝင်တဲ့အတွက် အမျိုးသမီးတွေကို လိင်စိတ်ပိုမိုတက် ကြွစေပြီး ကိုယ်ဝန်ဆာင်စဉ်မှာ လည်း ကိုယ်ဝန်ပျက် ကျမှုကို လျော့နည်းစေပါတယ်။
အပိန်လေး
ref:IANS
Health Updates Journal