Friday, October 4, 2013

ဘိန်း စိုက်သူ တချို့ သည် လက်နက်ကိုင် ဆောင် ထားကြ သဖြင့် အမြစ်ပြတ် ချေမှုန်း ရန် ခက်ခဲ

,


မြန် မာနိုင်ငံရှိ ဘိန်း စိုက်ခင်းများ တွင် အလုပ်လုပ် ကိုင် နေကြသူ တချို့ သည် လက်နက် များ ကိုင်ဆောင် ထား ကြသဖြင့် ဘိန်း စိုက်ခင်း များ ကို အမြစ်ပြတ် ချေမှုန်းရန် အခက် အခဲများ ရှိနေသေး ကြောင်း နိုင်ငံ ဖြတ်ကျော် မှုခင်း ဌာနမှ အဆင့် မြင့် အရာရှိကြီး တစ်ဦး က ပြော သည်။

အဆိုပါ အရာရှိက ''ဥပမာ ရှမ်းပြည်နယ် မှာ ရှိတဲ့ ဘိန်းစိုက် ခင်းတွေ ကို ကြည့်ဗျာ။ ဘိန်းစိုက် နေ တဲ့ သူတွေ က အပြင်မှာ သွားလာ နေရင် တော့ သာမန် လူတွေ လို့ ထင်ရ ပေမယ့် လုပ်ငန်းခွင် မှာ ဆိုရင် သေနတ် တွေ လွယ်ထား တာ။ ကျွန်တော် တို့ ရဲ့ တပ်ဖွဲ့တွေ လဲ အင်နဲ့  အားနဲ့ နှိမ်နင်း ပေ မယ့် အပေါ်ယံ လောက် ပဲ နှိမ်နင်း နိုင်တယ်။ ဘိန်း စိုက်ခင်း တွေ ကို အမြစ်ပြတ် ချေမှုန်း ဖို့ဆိုတာ က လောလော ဆယ် မ ဖြစ်နိုင် သေးဘူး။ နိုင်ငံ တကာရဲ့ အကူ အညီ လဲ အများကြီး လိုတယ်။ ဘိန်း စိုက်ခင်း ချေမှုန်း ဖို့ သွားတိုင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ က ရဲဘော် တွေ လဲ အများကြီး အကျ အဆုံး ရှိတယ်။ အပြန် အလှန် ပစ်ခတ် ရတဲ့ အဆင့် ဖြစ်နေ တာကိုး'' ဟု ပြောသည်။

မြန်မာ နိုင်ငံ အနေဖြင့် အာ ဆီယံ နိုင်ငံများ နည်းတူ ၂၀၁၅ တွင် မူးယစ် ကင်းစင်ဇုန် အဖြစ် ပြုလုပ် ရန် ဆောင်ရွက် နေသော်လည်း အခက် အခဲ များ ရှိနေဆဲ ဖြစ်ကြောင်း၊ နိုင်ငံတကာ ၏ ကူညီ ပံ့ ပိုး ပေးမှု များ လည်း အများ အပြား လိုကြောင်း မူးယစ် အထူး တိုက်ဖျက် ရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦး က ပြောသည်။

''အချိန် နဲ့ နိုင်ငံ တကာ အကူ အညီ အများကြီး လိုတယ်။ အခု ဆို ရင် မြန်မာနိုင်ငံ မှာ မူးယစ်တိုက် ဖျက် မှု ကို အထူး ဦးစားပေး အဆင့် အနေ နဲ့ ထိရောက် တဲ့ နှိမ်နင်းမှု တွေ လုပ်နေ ပါတယ်။ မူး ယစ်ဆေး ဝါး ထုတ်လုပ် ရောင်းချသူ၊ သုံးစွဲ တဲ့ သူတွေ ကို ပြည်သူ တွေ အနေနဲ့ လဲ သတင်း ကြား ရင် ဖြစ်ဖြစ်၊ တွေ့ ရင် ဖြစ်ဖြစ် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ကို အကြောင်း ကြား ဖို့ ပြောချင် ပါ တယ်'' ဟု ပြောသည်။

မြန်မာ နိုင်ငံ တွင် ဘိန်းစိုက် ခင်းများ အဓိက စိုက်ပျိုး သည့် ရှမ်း ပြည်နယ် ရှိ မြို့နယ် တချို့တွင် မူး ယစ်ဆေး ဖမ်းဆီး ရမိမှုများ ယခု အခါ ဆက်တိုက် ဖြစ်နေပြီး ဘိန်း အစား ထိုး သီးနှံ စိုက်ပျိုးမှု မှာ အောင် မြင်မှု မရှိသေး ကြောင်း သိရသည်။ ယခု အခါ မူးယစ် ဆေးရောင်း ဝယ် ဖောက်ကား သုံးစွဲမှု များ ကို နိုင်ငံတော် အနေဖြင့် စီမံ ချက်ချ ဆောင်ရွက် ပြီး အာဆီယံ ရဲတပ်ဖွဲ့၊ အပြည်ပြည် ဆိုင်ရာ ရဲတပ်ဖွဲ့ တို့ နှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း သိရသည်။

Yangon Media Group

0 comments to “ဘိန်း စိုက်သူ တချို့ သည် လက်နက်ကိုင် ဆောင် ထားကြ သဖြင့် အမြစ်ပြတ် ချေမှုန်း ရန် ခက်ခဲ”

Post a Comment