Wednesday, October 9, 2013

ကလေး- ဂန့်ဂေါ ကားလမ်းပေါ်ရှိ နန့်ကလိန်ချောင်း တံတားအား တပ်မတော်သားများနှင့် ပြည်သူများ ပြုပြင် ဆောင်ရွက်

,



နေပြည်တော် အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွင်း အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် ကလေး-ဂန့်ဂေါကားလမ်း ပေါ်ရှိ အလျားပေ ၃ဝ၊ အနံ ၂၄ ပေရှိသော နန့်ကလိန်ချောင်း သံကူ ကွန်ကရစ်

တံတား၏ ကလေးမြို့ ဘက်ခြမ်းရှိ အောက်ခံကမ်းကပ်ခုံ မြေထိန်းနံရံမှာ ချောင်းရေ တိုက်စားပြီး ပေ၂ဝ ခန့်ပြိုကျ ပျက်စီးခဲ့သဖြင့် တပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများက ဝိုင်းဝန်း ပြုပြင် ဆောင် ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

(မြ၀တီ)

0 comments to “ကလေး- ဂန့်ဂေါ ကားလမ်းပေါ်ရှိ နန့်ကလိန်ချောင်း တံတားအား တပ်မတော်သားများနှင့် ပြည်သူများ ပြုပြင် ဆောင်ရွက်”

Post a Comment