နေထက်နီ
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြတဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ တို့ရဲ့ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှ ဖင်လန်သမ္မတဟောင်း၏ အမှာစကားကတော့ မှတ်သားလောက် ပါသည်။ ထော်လော်ကန့်လန့် စိတ်တွေ ခဝါချပစ်ပါ ဟူသတတ်။
ဘက်ရွေးမှားလို့မရတဲ့ နိုင်ငံရေး
နောက်ဆုံးမှာ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပ
မြန်မာ့နိုင်ငံရေး ကြီး(၃)ကြီး ဟု ရည်ညွှန်းပြောကြားနေကြသော နိုင်ငံရေးလေ့လာသူများအကြား
ပို၍ ဆိုးရွားသွားစေခဲ့သည်မှာ ကြံ့ခိုင်ရေးပါတီမှ စစ်ဗိုလ်လူထွက် လွှတ်တော်ကိုယ်စားလှယ် များသည် စစ်တပ်နှင့် ဆန့်ကျင်ဘက်အရပ်များတွင် ပြောင်ပြောင်တင်းတင်း ရပ်တည်ကာ စစ်တပ်ကို ပြန်လည် တိုက်ခိုက်ခဲ့သော ဖြစ်ရပ်ကြောင့် ဖြစ်ပါသည်။ စစ်တပ်ကိုယ်စားလှယ်များနှင့
အချိန်များ လွန်ခဲ့ပြီ ဖြစ်ပါသည်။ ခုံရုံးတစ်ဖွဲ့လုံး ဖြုတ်ချမှုတွင် စစ်တပ်ကိုယ်စားလှယ်အားလုံး သည်းကြီး မည်းကြီး ကန့်ကွက်နေချိန်တွင် စစ်တပ်နှင့် ဆန့်ကျင်ဘက် ဦးရွှေမန်းဘက်သို့ NLD အမတ်များ ပေါင်းစည်း ရပ်တည်ပေးခဲ့ကြပါသည်။ တစ်ဖန် ဆက်သွယ်ရေးလိုင်စင်ကိစ္စတွင်
ထော်လော်ကန့်လန့်နိုင်ငံရေး
ဂျင်မီကာတာအဖွဲ့မှ ဖင်လန်သမ္မတဟောင်း ပြောခဲ့သော ထော်လော်ကန့်လန့်စိတ်မှာ တွေးကြည့်လျှင် တွေးကြည့်နိုင်သလောက် ကျယ်ဝန်းနေပါသည်။ ဖင်လန်သမ္မတဟောင်း ပြောကြားသွားသည့်အဓိက အချက်မှာ လူမျိုးရေးအခြေခံပဋိပက္ခနှင့
ငြိမ်းချမ်းရေးဆွေးနွေးမှုကိ
လွှတ်တော်တွင်း အဓိကအတိုက်အခံအင်အားစု ဖြစ်သော NLD အနေအထားကို ကြည့်လျှင် ရှင်းနေ ပါသည်။ NLD လွှတ်တော်တွင်း မရောက်ခင်က လွှတ်တော်တွင်း ရောက်သွားလျှင် တိုင်းရင်းသား ပါတီများ၊ ဒီမိုကရေစီပါတီများနှင့် ပေါင်းစည်း၍ ဒီမိုကရေစီအရေး ဆောင်ရွက်ကြမည် ဟု တွက်ဆထားခဲ့ ကြပါသည်။ သို့သော်ငြားလည်း ယခုအချိန်တွင် အဆိုပါ မျှော်လင့်ချက် လုံးဝ ပျောက်ပျက်သွားခဲ့ရပြီး လွှတ်တော်တွင်းရှိ ဒီမိုကရေစီအင်အားစုများနှင့
NLD ဆက်လုပ်မည့် လမ်းကြောင်းကို မှန်းဆရန်လည်း သိပ်မခက်ခဲလှဟု ဆိုချင်သည်။ ဒေါ် အောင်ဆန်း စုကြည်က ပြည်ပလှည့်ပတ်သွား၍ အခြေခံဥပဒေပြင်မှ ဒီမိုကရေစီနိုင်ငံပီသမယ် ဟူသော သတင်းစကား ကို ဖြန့်မည်။ NLD ပါတီဝင်များက ပြည်တွင်း လှည့်လည်၍ ပြည်သူ များအား အခြေခံဥပဒေ ပြင်ဆင်ရေး ပညာပေးမည်။ ထိုမှတစ်ဆင့် အစိုးရနှင့် တပ်မတော်အား ပြင်ဆင်လာအောင် ဖိအားပေးမည်။ တစ်ဘက် ကလည်း သိပ်အကောင်းမမြင်ကြနဲ့ဦး၊ ရင်းနှီးမြုပ်နှံဖို့ စဉ်းစားကြဦးဟူ၍ ပိတ်ပင်သည့် သဘော လုပ်ဆောင်ထားမည်။ ဤသည်မှာ မှန်းဆချက်သာ ဖြစ်ပါသည်။ သို့သော် ဤမှန်းဆချက် မှန်ခဲ့လျှင် အလုပ်မဖြစ်သော နည်းလမ်းသာ ဖြစ်ပါသည်။ ရှေ့လျှောက် အစိုးရနှင့် စစ်တပ်ကို ထော်လော်ကန့်လန့် လုပ်နေသော အင်အားစု များနှင့် ပေါင်းကာ ထော်လော်ကန့်လန့် နိုင်ငံရေးလမ်းကြောင်းကို ဆက်လျှောက် မည် ဆိုလျှင်တော့ ရင်လေးဖွယ်ရာ ဖြစ်လာမည်မှာ မုချပင်။
ကြီးသုံးကြီး ဘာဆက်ဖြစ်မလဲ
မက်ဆင်ဂျာသတင်းစာတွင်ပင် လွှတ်တော်အမတ်တစ်ဦးဖြစ်သော ဦးကြည်မြင့်(လသာ)က ခန့်မှန်း ရေးသားခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်လောင်း၏ အရည်အချင်းကို ကြည့်၍ ပြည်သူများ က မဲပေးလိမ့်မည်ဟု။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မှားပါသည်။ ရွေးကောက်ပွဲ များသည် ၂၀၁၅ တွင် လုပ်မည်ဟု ပြောခြင်းမှာ မှားပါသည်။ ဦးသိန်းစိန် အစိုးရသည် ၂၀၁၆ မတ်လ ၃၁ တွင် (၅)နှစ်ပြည့်မည် ဖြစ်၍ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် (၃)လ အချိန် ရှိနေပါသည်။ မတ်လကုန်တွင် တာဝန်လွှဲပြောင်းပေးမည် ဖြစ်ပါသောကြောင့် ရွေးကောက်ပွဲများကို ၂၀၁၆ နှစ်သစ်ကူး အလွန်တွင် ကျင်းပလျှင်လည်း ဖြစ်နိုင်ပါ သည်။ ထို့ကြောင့် ၂၀၁၆ ရွေးကောက်ပွဲ များဟု ဆိုချင်ပါသည်။ ဒုတိယအချက်အနေဖြင့် အမတ်လောင်း တစ်ဦးချင်း၏ အရည်အချင်းကို ကြည့်၍ မဲပေးသော အလေ့အထ မြန်မာနိုင်ငံတွင် မရှိပါ။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ကျင်းပခဲ့သမျှသော ရွေးကောက်ပွဲများတွင် ပါတီကိုကြည့်၍ မဲပေးကြခြင်းသာ ဖြစ်ပါ သည်။ ၂၀၁၀ ရွေးကောက်ပွဲများတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါက ဦးကြည်မြင့်ကိုယ်တိုင်ပင်လှ
မကြာသေးခင်ကပင် ကြံ့ခိုင်ရေးပါတီ (၂) ပိုင်းကွဲတော့မည့် သတင်းတစ်ခု ဖတ်ရပါသည်။ သမ္မတ ဦးသိန်းစိန် နိုင်ငံရေးပါတီအသစ် ထူထောင်တော့မည် ဟူသော သတင်း၏ နောက်ဆက်တွဲ ဖြစ်ပါသည်။ မှန်ပါသည်။ ကြံ့ခိုင်ရေးပါတီ (၂)ပိုင်း ကွဲထွက်သွားနိုင်ပါသည်။ NLD သည်လည်း (၂)ပိုင်း ကွဲထွက်သွား နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ ၈၈ မျိုးဆက်များထဲမှ ပါတီနိုင်ငံရေးကို လျှောက်လှမ်းမည့်သူများ မကြာမတင် ထွက်ပေါ်လာတော့မည် ဟု မျှော်လင့်ရ ပါသည်။ ဒီမိုကရက်များ (၂)ပိုင်းကွဲသည်အထိ မဖြစ် နိုင်သော်လည်း ဒီမိုကရက်မဲများ ပြန့်ကျဲသွားပါလိမ့်မည်။ တိုင်းရင်းသားပါတီများလည်း မဲပြန့်သွားနိုင်ပါ သည်။ အချို့သော ဒီမိုကရက်ပြည်သူများမှာ ဦးသိန်းစိန်ပါတီသို့ ထောက်ခံကြမည့် ခန့်မှန်းချက်များ လည်း ထွက်ပေါ်နေပါသည်။ ဦးသိန်းစိန် ပါတီသစ်ထောင်လျှင် ကြံ့ခိုင်ရေးမှကွဲထွက်လာမည့
ထိုသို့ ဖြစ်လာခဲ့ပါက သမ္မတ ဖြစ်လိုသော ဦးရွှေမန်း ရွေးချယ်ရမည့် လမ်းမှာ သိပ်များများစားစား မရှိ နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သော မဟာမိတ်ဆက်ဆံရေး တည်ရှိနေမှုကြောင့် NLD အမတ် များ တင်သွင်းမည့် သမ္မတလောင်းအမည်စာရင်းတွင် ပါနိုင်အောင် ကြိုးစားရမည် ဖြစ်ပါသည်။ ဒေါ် အောင်ဆန်းစုကြည်အတွက် အာတီကယ် ငါးဆယ့်ကိုးမှာ မရနိုင် ဟု မူလ ကတည်းက သိချင်လည်းသိထား နိုင်ပါသည်။ မသိစရာလည်း အကြောင်းမရှိနိုင်ပါ။ ဦးဌေးဦးမှာ ဒုဥက္ကဌ ဖြစ်ပြီး ဦးရွှေမန်းမှာ ဥက္ကဌ ဖြစ်နေ သည်ကို သတိချပ်ကြစေလိုပါသည်။ ထို့ကြောင့်လည်း နိုင်ငံရေးခေါင်းဆောင်တို့၏
သမ္မတ ဖြစ်လိုသော ဒေါ်အောင်ဆန်းစုကြည် မည်သို့ ဆက်လက် လျှောက်လှမ်းမည်ကို တွက်ဆ ကြည့်နိုင်ပါသည်။ အာတီကယ် ငါးဆယ့်ကိုးအရ မဖြစ်နိုင်သည်ကို လက်ခံရပါလိမ့်မည်။ ဇွတ်အတင်း မဖြစ်မနေ ပြင်ပေး ဟု ဂျစ်တိုက်နေရမည့် အချိန်လည်း မဟုတ်တော့ပါ။ လွှတ်တော်ဥက္ကဌ ရာထူးသည်သာ အသင့်လျော်ဆုံး ဖြစ်လာနိုင်ပါသည်။ သို့သော် NLD ထောက်ခံသော သမ္မတလောင်းသည် သမ္မတဖြစ်ရန် အတွက် တပ်မတော်နှင့် ဦးသိန်းစိန်ထောက်ခံသော သမ္မတလောင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ပါ သည်။ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာ အိုင်ကွန်တစ်ခု ဖြစ်၍ သမ္မတ မလုပ်သင့်ပါ။ ဒီမိုကရေစီထိန်းကျောင်းရေး သြဇာကိုသာ ရယူဆောင်ရွက်သွားမည် ဆိုလျှင် မည်သူ သမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာနှင့် အခန်းကဏ္ဍကို ကျော်လွှားနိုင်မည် မဟုတ်ပါ။ ပြည်သူများ ချမ်းသာ ရေး၊ ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ပညာရေး-ကျန်းမာရေး မြင့်မားကောင်းမွန်ရေးတို့က
လယ်ရီဂျာဂင် ဟောကိန်း မှန်-မမှန်
နောက်လာမည့် သမ္မတလောင်းကို ဒေါ်အောင်ဆန်းစုကြည်မဟုတ်၊ ဦးရွှေမန်းမဟုတ် ဟု လယ်ရီ က ခန့်မှန်းထားပါသည်။ အခြားသော ခန့်မှန်းချက်များလည်း ရှိနေနိုင်ပါသည်။ လူသူသိပ်မသိ၊ သိပ်သတိ မထားမိသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာနိုင်ပါသည်။ အမေရိကန်နိုင်ငံတွင် ၂၀၀၈ ခုနှစ်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက်ပါတီခေါင်းဆောင်မျ
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၁၉)မှ ကူးယူဖော်ပြသည်