Saturday, October 12, 2013

မီဒီယာသမားများ စာနယ်ဇင်းကျင့်ဝတ်ကိုအလေးထားရန် လိုကြောင်း စာနယ်ဇင်းကောင်စီအတွင်းရေးမှူးေ ပြာကြား

,

ကျော်ဇ
ရန်ကုန်၊ အောက်တိုဘာ ၁ဝ
------------------------------
မြန်မာမီဒီယာလောကတွင် ပုဂ္ဂိုလ်ရေးထိခိုက်စေသော အသုံးအနှုန်းများဖြင့် ရေးသားမှု များရှိနေသည့်အတွက် မီဒီယာသမားများအနေဖြင့် စာနယ်ဇင်းလောကနှင့်ပတ်သက်သည့် ကျင့် ဝတ်ဆိုင်ရာကိစ္စရပ်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေကပြောသည်။

အထောက်အထားမခိုင်လုံဘဲ သတင်းရေးသားခြင်းမျိုး၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တမင်သက်သက်ရည်ရွယ်ချက်ဖြင့်ရေးသားသည့်အရေးအသားမျိုးများသည် စာနယ်ဇင်းကျင့်ဝတ် နှင့်မညီကြောင်း၊ ထိုကဲ့သို့ရေးသားဖော်ပြမှုများကြောင့် မြန်မာမီဒီယာလောကကိုလည်းကျင့်ဝတ် နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများရှိနေကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)မှ သိရသည်။

''စာနယ်ဇင်းလွတ်လပ်ခွင့်ပေးထားတဲ့အချိန်မှာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေက လက်လွတ်စပယ်ရေးတယ်ဆိုတဲ့အပြောကို ကျွန်တော်တို့မခံနိုင်ပါဘူး။ အဲ့ဒီအတွက် တစ်ဦးချင်း စီက မီဒီယာကျင့်ဝတ်ကို လိုက်နာရင်ရပါပြီ''ဟု ဦးကျော်မင်းဆွေကပြောသည်။

မြန်မာမီဒီယာလောကကိုကျင့်ဝတ်စည်းကမ်းများ မလိုက်နာသည့်
အနေအထားမျိုးဖြစ်စေရန် ရည်ရွယ်၍ မီဒီယာလောကအားပုံဖျက်၍ ဝင်ရောက်လာသော မီဒီယာအဖွဲ့အစည်းများရှိနေသည်ဟု ဆိုကာ
မြန်မာမီဒီယာလောကသည် စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်၍ စည်းကမ်းရှိသည့်အရာ ကို ပြည်သူသို့ချပြနိုင်ရန်အတွက်ဆောင်
ရွက်သွားမည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကပြောသည်။

''တပ်မတော်၊ ပြည်သူလူထု၊ အာဏာသုံးရပ်၊ အရပ်ဘက်အဖွဲ့အစည်း၊ လူတန်းစားအလွှာ အသီးသီးကလေးစားအားကိုးထိုက်တဲ့ စတုတ္ထမဏ္ဍိုင်ပီသအောင်ဆောင်ရွက်ရမယ်''ဟု ဦးကျော် မင်းဆွေကပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် မြန်မာနိုင်ငံစာနယ်ဇင်းလောကအတွက် လိုအပ်လျက်ရှိသည့် စာနယ်ဇင်းကျင့်ဝတ်ကို ပထမဆုံးရေးသားပြုစုပြီး ၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် အတည်ပြုထုတ်ပြန်ကြေညာ
ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှသိရသည်။

0 comments to “မီဒီယာသမားများ စာနယ်ဇင်းကျင့်ဝတ်ကိုအလေးထားရန် လိုကြောင်း စာနယ်ဇင်းကောင်စီအတွင်းရေးမှူးေ ပြာကြား”

Post a Comment